Skip to main content

အသုံးများသောပါဠိ-မြန်မာအဓိပ္ပာယ်စကားလုံးအချို့

ဆရာခင်ဗျား ပါဠိ-မြန်မာစာ များများ တင်ပေးပါ လို့ အကူအညီတောင်းပါတယ်။

အသုံးများသောပါဠိ-မြန်မာအဓိပ္ပာယ်စကားလုံးအချို့

၁။ ပဏာမ – ကိုင်းညွတ်ခြင်း (ဦးညွတ်ခြင်း)။

၂။ ပမာဏ – နှိုင်းယှဉ်ချက်။

၃။ အညမည – အချင်းချင်း။

၄။ ဝိရောဓိ – ဆန့်ကျင်ဘက်။

၅။ ယထာဘူတ – ဟုတ်မှန်ခြင်း။

၆။ ဝိဝါဒ – ကွဲပြားခြင်း။

၇။ ပဋိပက္ခ – အချင်းများခြင်း။

၈။ သဘာဝ – ရိုးရိုးဖြစ်စဉ်။

၉။ သဘာဝဓမ္မ – သဘောတရား။

၁၀။ ဝိသေသ – ထူးခြားခြင်း။

၁၁။ အဓိက – လွန်ကဲခြင်း။

၁၂။ အဓိကာရ – ကြီးကဲလွှမ်းမိုးခြင်း။

၁၃။ သဘာပတိ – သဘင်အစိုးရသူ။

၁၄။ အဓိပတိ – အရှင်သခင်။

၁၅။ နာယက – အကြီးအမှူး။

၁၆။ သာမည – တူခြင်း၊ ဆက်ဆံခြင်း။

၁၇။ ပကတိ – မပြုမပြင် ပင်ကိုသဘော။

၁၈။ ဥပဓိ – တင့်တယ်သောရုပ်။

၁၉။ ယေဘုယျ – များသောအားဖြင့်။

၂၀။ သံဃိက – အများပိုင်။

၂၁။ ပုဂ္ဂလိက – တဦးပိုင်။

၂၂။ ဓမ္မဓိဋ္ဌာန – တရားသဘော။

၂၃။ ပုဂ္ဂလဓိဋ္ဌာန – ပုဂ္ဂိုလ်သဘော။

၂၄။ ဒိဋ္ဌဓမ္မ – မျက်မှောက်တရား။

၂၅။ အာဃာတ – ရန်ငြိုးထားခြင်း။

၂၆။ တေဇ – တန်ခိုး။

၂၇။ ဩဇာ – အရှိန်အဝါ။

၂၈။ ဩဝါဒ – ဆုံးမခြင်း။

၂၉။ အာဏာ – အမိန့်။

၃၀။ သမာဓိ – တည်ကြည်ခြင်း။

၃၁။ ဂုဏ – ဂုဏ်ကျေးဇူး။

၃၂။ မူလ – အရင်းခံ။

၃၃။ ပညာ – ဉာဏ်။

၃၄။ ယုတ္တိယုတ္တာ – တင့်တယ်လျောက်ပတ်ခြင်း။

၃၅။ ကထိန် – ခိုင်ခန့်ခြင်း။

၃၆။ နိဒါန်း – မူလအကြောင်းရင်း။

၃၇။ ပထမ – ရှေးဦးစွာ။

၃၈။ ဒုတိယ – နှစ်ကြိမ်မြောက်။

၃၉။ တတိယ – သုံးကြိမ်မြောက်။

၄၀။ တဏှာ – နှစ်သက်ခြင်း။

၄၁။ လောဘ – လိုချင်မှု။

၄၂။ ပေမ – ချစ်ခင်မှု။

၄၃။ ရာဂ – တပ်မက်မှု။

၄၄။ သမုဒယ – တွယ်တာမှု။

၄၅။ သံယောဇန – နှောင်ဖွဲ့မှု။

၄၆။ ဝိစိကိစ္ဆာ – တွေးတောခြင်း။

၄၇။ အဘိဇ္ဈာ – အလိုကြီးခြင်း။

၄၈။ ဗျာပါဒ – ချိန်ဆခြင်း။

၄၉။ စေတနာ – တိုက်တွန်းခြင်း။

၅၀။ ဝေဒနာ – ခံစားခြင်း။

၅၁။ သညာ – မှတ်သားခြင်း။

၅၂။ သင်္ခါရ – ပြုပြင်စီမံခြင်း။

၅၃။ သာမံ – ကိုယ်တိုင်။

၅၄။ သင်္ဂဟ – အပေါင်းအသင်း။

၅၅။ ဂါရဝ – ရိုသေခြင်း။

၅၆။ သက္ကာရ – လာဘ်ပူဇော်ရရှိခြင်း။

၅၇။ သံဝေဂ – ထိတ်လန့်ခြင်း။

၅၈။ သံသရာ – လည်ပတ်ခြင်း။

၅၉။ ဝေါဟာရ – ပညတ်ခြင်း။

၆၀။ နိန္ဒာ – ကဲ့ရဲ့ခြင်း။

၆၁။ ပသံသာ – ချီးမွမ်းခြင်း။

၆၂။ ထောမနာ – ချီးကျူးခြင်း။

၆၃။ ဩဘာ – ချီးမြှောက်ခြင်း။

၆၄။ အမနာပ – မုန်းခြင်း။

၆၅။ မေတ္တာ – ချစ်ခြင်း။

၆၆။ ကရုဏာ – သနားခြင်း။

၆၇။ မုဒိတာ – ဝမ်းမြောက်ခြင်း။

၆၈။ ဟာသ – ရယ်ရွှင်ခြင်း။

၆၉။ ကိစ္စ – ပြုလုပ်ခြင်း။

၇၀။ ဗီဇ – မျိုးစေ့။

၇၁။ ဘဝ – ဖြစ်ခြင်း။

၇၂။ ဝါသနာ – အလေ့အကျင့်။

၇၃။ ထာဝရ – တည်မြဲခြင်း။

၇၄။ ကထိန်နိစ္စရ – ကထိန်သင်္ကန်း။

၇၅။ လောက – ကုသိုလ်၊ အကုသိုလ်အကျိုးတည်ရာအရပ်။

၇၆။ ဝေယျာဝစ္စ – ကြောင့်ကြစိုက်၍ ပြုလုပ်ခြင်း။

၇၇။ အာမဘန္တေ – မှန်ပါ၏အရှင်ဘုရား။

၇၈။ ဥပါသကာ – ရတနာသုံးပါးဆည်းကပ်သော ယောက်ျား။

၇၉။ ဥပါသိကာ – ရတနာသုံးပါးဆည်းကပ်သော မိန်းမ။

၈၀။ ဇလ – ရေ(သုံးမရသော ပင်လယ်ရေ)။

၈၁။ ဥဒက – ရေ(သုံးရသော မြစ်ရေကန်ရေ)။

၈၂။ ပါနိ – ရေ(သောက်ရေ ရေသန့်)။

၈၃။ မာန – မာန်တက်သူ။

၈၄။ မာယာ – လှည့်စားသူ။

၈၅။ မုချ – အမှန်။

၈၆။ ကေနိ – မလွဲ။

၈၇။ ပါမောက္ခ – မြတ်သောအကြီးအကဲ။

၈၈။ ပါမောဇ္ဇ – ဝမ်းမြောက်ခြင်း။

၈၉။ ဝါဒ – ပြောဆိုခြင်း။

၉၀။ ခဏ – တအောင့်၊ တဖြုတ်။

၉၁။ ကာလ – အချိန်(အခါ)။

၉၂။ ဒိဋ္ဌ – မြင်အပ်သော။

၉၃။ ဒုလ္လဘ – ရနိုင်ခဲသည်။

၉၄။ ဒုဿီလ – အကျင့်မကောင်းသူ။

၉၅။ ပကာသန – ကြွားဝါခြင်း။

၉၆။ ရောဂိ – နာသူ။

၉၇။ ဂိလာန – ဖျားနာသူ။

၉၈။ ဒါန – ပေးခြင်း။

၉၉။ ပဒါန – ပေးခြင်းလက်ဆောင်။

၁၀၀။ ပဓာန – ပြဋ္ဌာန်းခြင်း။

၁၀၁။ ပသာဒ – ကြည့်လင်းခြင်း။

၁၀၂။ ရတနာ – နှစ်သက်မြတ်နိုးခြင်း။

၁၀၃။ သာရ – အနှစ်။

၁၀၄။ ပုထုဇ္ဇန – အကုသိုလ်မကင်းသူ။

၁၀၅။ ပေယျာလ – (မြှုပ်ထားသောစကားရပ်) ပယ်ပယ်ခြင်း။

၁၀၆။ ဥပေက္ခာ – လျစ်လျူရှုခြင်း။

၁၀၇။ လက္ချ – ညာဘက်။

၁၀၈။ သာဓု – ကောင်း၏။

၁၀၉။ အညတြ – မထင်ရှားသူ။

၁၁၀။ အလဇ္ဇီ – အရှက်မရှိသူ။

၁၁၁။ မဟလ္လက – အရွယ်လွန်သူ။

၁၁၂။ ဝဿ – မိုး။

၁၁၃။ ပရိက္ခာရ – အသုံးအဆောင်။

၁၁၄။ အာရောဂျံ – အနာကင်းခြင်း။

၁၁၅။ ကဗျာ – သီကုံးခြင်း။

၁၁၆။ ကလျာဏ – ကောင်းခြင်း။

၁၁၇။ သကျ – သာကီဝင်။

၁၁၈။ အသမ္ဘိန္န – အမျိုးမပျက်သူ။

၁၁၉။ အနိစ္စ – မမြဲခြင်း။

၁၂၀။ ဒုက္ခ – ဆင်းရဲခြင်း။

၁၂၁။ အနတ္တ – မိမိအလိုကျ လုပ်မရ။

၁၂၂။ ပဋိသန္ဓေ – ကိုယ်ဝန်တည်ခြင်း။

၁၂၃။ ဇာတိ – ဖြစ်ခြင်း။

၁၂၄။ ဇရာ – အိုခြင်း။

၁၂၅။ ဗျာဓိ – နာခြင်း။

၁၂၆။ မရဏ – သေခြင်း။

၁၂၇။ ကောဓ – အမျက်ထွက်ခြင်း။

၁၂၈။ ဒေါသ – အပြစ်ရှိခြင်း။

၁၂၉။ ဥပမာ – နှိုင်းယှဉ်ခြင်း။

၁၃၀။ ဥပမေယျ – နှိုင်းယှဉ်ဖွယ်ရာ။

၁၃၁။ သံသယ – ယုံမှားခြင်း။

၁၃၂။ သစ္စ – အမှန်စကား။

၁၃၃။ မုသာ – မမှန်စကား။

၁၃၄။ ဟိရီ – ရှက်ခြင်း။

၁၃၅။ ဩတ္တပ္ပ – ကြောက်ခြင်း။

၁၃၆။ ဗဟု – များသော။

၁၃၇။ သုတ – အကြားအမြင်။

၁၃၈။ ဝီရိယ – အားထုတ်ခြင်း။

၁၃၉။ ထိန – ပျင်းရိခြင်း။

၁၄၀။ အာလာပ – အစပြောခြင်း။

၁၄၁။ သလ္လာပ – အပြန်ပြန်ပြောခြင်း။

၁၄၂။ ဣဿာ – မလိုလားခြင်း။

၁၄၃။ မစ္ဆရိယ – ဝန်တိုခြင်း။

၁၄၄။ ဗာလ – လူမိုက်။

၁၄၅။ ပဏ္ဍိတ – ပညာရှိ။

၁၄၆။ ကာဏ – တဖက်ကန်း။

၁၄၇။ အန္ဓ – နှစ်ဖက်ကန်း။

၁၄၈။ သောက – ပူဆွေးခြင်း။

၁၄၉။ ပရိဒေဝ – ငိုကြွေးခြင်း။

၁၅၀။ ပါရမီ – ကူးမြောက်ခြင်း။

၁၅၁။ ပါရဂူ – ကမ်းတဖက်ရောက်သူ။

၁၅၂။ ဝေနေယျ – ဆုံးမထိုက်သူ။

၁၅၃။ ဥပ – အနီးကပ်။

၁၅၄။ နိဿယ – နည်းယူမှတ်သားခြင်း။

၁၅၅။ သူရ – ရဲရင့်ခြင်း။

၁၅၆။ ဘီရု – ကြောက်ခြင်း။

၁၅၇။ သတ္တိ – စွမ်းရည်။

၁၅၈။ ဗျတ္တိ – နှလုံးရည်။

၁၅၉။ ဂဏန – ဂဏန်း။

၁၆၀။ သင်္ချာ – ရေတွက်ခြင်း။

၁၆၁။ ပုစ္ဆာ – မေးခြင်း။

၁၆၂။ ဝိဿဇ္ဇနာ – ဖြေခြင်း။

၁၆၃။ ဩရသ – ရင်သွေးဖြစ်သောသား။

၁၆၄။ ကိတ္တိမ – အမွေခံမွေးစားသား။

၁၆၅။ ပိယ – ချစ်ဖွယ်သော။

၁၆၆။ ဝါစာ – စကား။

၁၆၇။ ပုရိသ – ယောက်ျား။

၁၆၈။ ဣတ္ထိယ – မိန်းမ။

၁၆၉။ မင်္ဂလ – ကောင်းသော။

၁၇၀။ အမင်္ဂလ – မကောင်းသော။

၁၇၁။ မဟာ – ကြီးသော။

၁၇၂။ ဥစ္စ – မြင့်မြတ်သော။

၁၇၃။ သုဘ – တင့်တယ်ခြင်း။

၁၇၄။ အသုဘ – မတင့်တယ်ခြင်း။

၁၇၅။ ကမ္မ – ပြုလုပ်ခြင်း။

၁၇၆။ ဖလ – အကျိုး။

၁၇၇။ ဝိပါက – ဝဋ်မကင်းသူ။

၁၇၈။ ပိတာ – အဖ။

၁၇၉။ မာတာ – အမိ(နှိုင်းယှဉ်၍မပြနိုင်သူ)။

၁၈၀။ ဝါကျ – စကားပိုဒ်။

“အထွေထွေဗဟုသုတမာတိကာကျမ်း” စာအုပ်မှ ကောက်နုတ်တင်ပြပါသည်။

မြန်မာ အင်္ဂလိပ် ပါဠိ အဘိဓာန်

https://www.mediafire.com/download/qtg92ikmvvgda1b

ပါဠိ မြန်မာအဘိဓာန်

https://www.mediafire.com/download/dg2ypg29gd367l6

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ