Skip to main content

ဝါးရုံ အသံထွက်

မေးခွန်းတခု = စိမ်းလဲ့ငယ်တဲ့ညို​ရောင် ပင်ဝါးရုံ​လေယူသိမ်းတယ် ကဗျာမှာ ပင်ဝါးရုံလား ပင်ဝရုံလား ဆရာ

ပြန်စာ

သီချင်းကဗျာစာသား

စိမ်းလဲ့ငယ်တဲ့ ညိုရောင်

ပင်ဝါးရုံ လေယူသိမ်းတယ်

ယိမ်းနွဲ့မြောက်တောင်။

မြူခိုးရယ်မှောင်

ဟိုတောင်ကြော့ ခါးပန်း။

ရွှေဥဒေါင်းငယ်တို့

မြိုင်စောင်းမှာ တွန်သံ ချိုလှတယ်

ကွန်းခိုတဲ့နန်း။ (အမည်မသိရှေးစာဆို)

မြန်မာအဘိဓာန် အကျဉ်းချုပ်

စာလုံးပေါင်းနောက်က / / ထဲမှာ အသံထွက်။

ဝါးရုံ အသက်ထွက် = ဝယုန်

ဝါးရောင်းငှက် – န / ဝယောင်းငှက် / ပေငါးထောင်ခန့် အမြင့်တွင်ရှိသော သစ်တောများတွင် အုပ်စုဖွဲ့ နေတတ်ကာ ကိုယ်အလျား ၁၃ လက်မခန့်၊ ဖက်ဖူးရောင်နှင့်အညိုရောင်ရှိပြီး ပလွေမှုတ်သံမျိုးနှင့် အော်မြည်တတ်သော ငှက်တမျိုး။

ဝါးရောင်းမှို – န / ဝယောင်းမှို / ဝါးဆွေးအုံများတွင် ပေါက်တတ်သော စားရသည့် မှိုတမျိုး။

ဝါးရုံ – န / ဝယုန် / အပင်ချင်း ထိယှက်လွှမ်းအုပ်နေသော ဝါးပင်စု။ “ကျောင်းတံခါးအဝင်၌ ကြီးစွာသော ဝါးရုံသည် ထွက်ဝင်ရာ တံခါးကို ပိတ်ဆို့လျှက် တည်သောကြောင့်”

မဇ္ဈ၊ ၂၅ဂ။

ဝါးရုံဆိုင် – န / ဝယုန်ဆိုင် / ၁၊ ပင်ခြေရှင်းလျက် အဖျားချင်း ထိယှက်နေသော ဝါးရုံပင်စု။ ၂၊ [ ဥပစာ ] ဝါးရုံဆိုင်ကဲ့သို့ အောက်ခြေရှင်းလျက် ထိပ်ချင်းထိစပ် ယှက်နွယ်နေခြင်း။ “တောင်လေတလှည့် မြောက်လေတခါ တိုက်လိုက်သဖြင့် စပါးပင်များ ဝါးရုံဆိုင် ဖြစ်ကြပေပြီ။”

ဝါးလက်ခုပ် – န / ဝါးလက်ခုတ် / ဝလက်ခုတ် / အဆစ်တခုကို အောက်ခြေထားကာ လက်နှစ်ဘက်ကိုင်သာအောင် ဖဲ့ထုတ်၍ ထိပ်လယ်မှခြမ်းပြီး လက်ခုပ်ကဲ့သို့ ရိုက်ခတ်တီးရသော စည်းလိုက်တူရိယာ။

မှတ်ရန်

စာလုံးပေါင်းသတ်ပုံ အရေးအသားနဲ့ ဖတ်တဲ့အသံ၊ သီချင်းဆိုသံတွေ ထပ်တူမကျတာတွေကို လေ့လာမှတ်သား လိုက်နာရေးသား၊ ပြောဆို၊ သီဆိုရပါမယ်။

အပြာအဆိုမှာလည်း တခါတခါတရားသေ မရတတ်ပြန်ပါ။ 

အသံဆိုတာ လေယူလေသိမ်း၊ ရှေ့အသံနဲ့ နောက်အသံတွေအရလည်း ကွာခြားသွားတတ်သေးတယ်။

ရိုးရိုးပြောအသံ၊ ဒေါသသံ၊ အမိန့်ပေးသံ၊ အော်ငေါက်သံ၊ တောင်းပန်ခယသံ၊ လွမ်းဆွေးစရာအသံ စတာတွေလည်း ရှိသေးတယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ