Skip to main content

ယုံကြည်ချက်နှင့် တိုက်ပွဲဝင်

 

ဇွဲနှင့် သတ္တိ၊               ဆန္ဒဖြည့်၍

အသိနှင့် ဆ၊              ခရီး စ လော့

ဘဝ တသက်၊            ယုံကြည်ချက်ဖြင့်

ရှေ့ဆက်၍ လျှောက်၊ လမ်းတလျှောက်၌

ကျင်း ချောက် ခလုတ်၊ ရှုတ်လည်း ရှုတ်စေ

ဆူးငုတ် မြွေဆိုး၊          ဆိုးလည်း ဆိုးစေ

မုန်းညှိုး ရန်ဘက်၊        ဖျက်လည်း ဖျက်စေ

မိုးသက် မုန်တိုင်း၊        ရိုင်းလည်း ရိုင်းစေ

ရေလှိုင်း ကျောက်ဖျာ၊  ကာလည်း ကာစေ

ကန္တာရလမ်း၊               ကြမ်းလည်း ကြမ်းစေ

စိမ့်စမ်း တောင်ဆွယ်၊  ကွယ်လည်း ကွယ်စေ

မုန်းဖွယ်ပြောဆို၊         ညိုလည်း ညိုစေ

မလို၍ နှင်၊                 ကြဉ်လည်း ကြဉ်စေ

မမြင်၍ ရှား၊               သွားလည်း သွားစေ

စကားနှင့် ဆိုင်၊           ပြိုင်လည်း ပြိုင်စေ

ကျောက်တိုင်ကိုရှု၊      အသင်တုလော့

စိတ်နု စိတ်ငယ်၊          အသင်ပယ်လော့

အားငယ် ညှိုးခြောက်၊ မစိုးကြောက်နှင့်

မိုးအောက် မြေလွှာ၊     ဤကမ္ဘာဝယ်

သင်သာ အောင်မြင် ရမည်တည်း။   ။

(တောသားကြီး လူနိုင်)

#ရှေးစာကဗျာများ ကျေးဇူး။

မှတ်ချက်

ခေတ်ပျက်မြန်မာစာအရေးအသားအရ

ဘဝတသက် ကို စသတ်နဲ့ရေးကြတယ်။

လမ်းတလျှောက် ကို စသတ်နဲ့ရေးကြတယ်။

အဲဒါကြောင့် အရာရာ သာယာဖြောဖြူးခြင်း မရှိတော့ပါ။ 

တစ်ဆို့ပိတ်ပျက်နေပါတော့တယ်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ