အခုခေတ်မှာတော့
သင်္ချာမှားပြီး
မြန်မာစာ မမှန်ကြတော့ပါ။
နိုင်ငံတော်မူဖြစ်၏။
မနေ့ကတင်ထားတဲ့ တရိဂံ (တြိဂံ) ဘယ်နှစ်ခု ရှိသလဲ မေးရမှကို ဘယ်နှခုလို့ မှားရေးထားတဲ့ မြန်မာသစာသင်ပေးသူနဲ့စာကို တင်ပါတယ်။
ကွန်မင့်တွေ ၉၅% က နှစ်ခု နဲ့ နှခု ကို မသိကြ။
အရေအတွက်ကို ထင်ရာဖြေကြတယ်။
ညကတော့ လူအများဆုံးဆီရောက်တဲ့ ပေ့ချ်မှာ တင်ထားတာကို ဖျက်လိုက်ရပြီ။
ဗိုလ်တထောင်ကျောင်းအမည် မှားရေးထာတာကိုလည်း အဲလို အဆင့်နိမ့်လွန်းတဲ့ ကွန်မင့်တွေကြောင့် ဖျက်လိုက်ပြီ။
မဟုတ်ကဟုတ်ကတွေ ထပ်လာဦးမှာ။
၄-၅ ယောက် ဆဲဆိုကြတယ်။
ပညာရည်နိမ့်ခြင်းနှင့် ရိုင်းစိုင်းခြင်းသည် တိုက်ရိုက်အချိုးကြ၏။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment