လေ့ကျင့်ခန်း ၁။
၁။ အောက်ပါ ကိန်းများကို ဘတ်၍သော်လည်းကောင်း၊ အက္ခရာဖြင့် ရေး၍သော်လည်းကောင်း ဖေါ်ပြပါ။
၁၀၃၅၁၉။ ၃၉၇၀၁၁။ ၄၂၉၀၀၀။
၇၄၀၃၅၅။ ၁၂၆၄၈၃။ ၄၅၅၆၀၃။
၁၁၁၁၀၀။ ဂ၂၄၀၀၆။ ဂ၆၅၁၅၆။
၆၀၀၇၀၅၂၄။ ၁၉၂၇၅၀၀၉။ ၇၄၆၀၀၀၂၀။
၂။ အောက်ပါ ကိန်းများကို ဂဏန်းဖြင့် ရေးပြပါ။
(၁) ငါးသိန်းလေးသောင်းသုံးရာကိုး။
(၂) တသိန်း တသောင်း နှစ်ရာ သုံးဆယ်ငါး။
(၃) ခုနစ်သိန်း တသောင်း ရှစ်ထောင်သုံး။
(၄) လေးသိန်း ခြောက်သောင်း ခြောက်ထောင်နှစ်ရာခြောက်ဆယ်။
(၅) ခုနစ်သန်း သုံးသိန်း တသောင်း ငါးထောင်လေးရာငါးဆယ်ခုနစ်။
[ စာမျက်နှာ ၃ ]
ဂဏန်းသင်္ချာစတုတ္ထစာစောင် ၃
(၆) လေးဆယ်နှစ်သိန်း။
(၇) နှစ်သန်းလေးရာခြောက်ဆယ်နှစ်။
(၈) ရှစ်သန်း သုံးသိန်း ခုနစ်သောင်း ငါးဆယ်ငါး။
(၉) တကုဋေခုနစ်သိန်းငါးသောင်း။
(၁၀) ခြောက်ကုဋေ ကိုးသန်းရှစ်ရာ တဆယ်ရှစ်။
(၁၁) ခုနစ် ကုဋေ ခုနစ်သန်း သုံးသိန်း ခြောက်ထောင်တရာငါးဆယ်လေး။
(၁၂) ကိုးကုဋေ လေးသိန်း တသောင်း ခြောက်ရာ ခုနစ်ဆယ်နှစ်။
ဂဏန်းသင်္ချာမှန်စဉ်က မြန်မာစာအရေးအသားလည်းမှန်ပါသည်
ဒေါက်တာတင့်ဆွေ

Comments
Post a Comment