(လူသားနှင့်ဝန်းကျင် ကဗျာများ)
ကလောင်တလက်၊ စာတရွက်နှင့်၊
နေ့ရက်ရှည်ကြာ၊ လုပ်ကိုင်ပါသည်။
စာပေသမား၊ စာလုပ်သား။
တရွက် နှစ်ရွက်၊ သုံးလေးရွက်ဖြင့်၊
စာရွက်ပုံကြီး မြင့်လှပြီ။
တအိုး နှစ်အိုး၊ သုံးလေးအိုးဖြင့်၊
မင်အိုး မရေတွက်နိုင်ပြီ။
သို့သော်ဖွဲ့လွှာ၊ ကြောင်းရာထွေထွေ၊
တို့ရှည်များပြား၊ စာစားစားတို့၊
အားမာန်တက်ကြွ၊ တရားမျှသည့်၊
လောကလူပြည်၊ ကောင်းကျိုးစည်ဖို့၊
အားရည် အားဆေး ဖြစ်သင့်တကား။
(မျိုးမြင့်ဆွေ)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment