လျော့လျဲလျဲ ဖွဲ့ကာ၊
ဆင်လိုက်သည့် ဒွါဒရာမှာ
ရိုးရှာတော် မူပေ့။
ရေဝေးလို့ သလုံးပြောင်တယ်၊
ကုန်းခေါင်ခေါင် ကြည်းမြို့ဓလေ့။ ။
တရုတ်ချုပ် တောအင်္ကျီမှာ၊
ချောပင်ရောင် နီသွေ့၊
ယောထဘီ ပေါင်မစေ့နှင့်၊
တရွေ့ရွေ့ လှမ်းလေ။
နယ်ကနီ ပိုင်အဖျားက၊
ခရိုင်ဖွား ဖြစ်ရော့သလားမေ။ ။
ဟဝါလုံး ဆိုလေတယ်၊
နဂိုနေ အမှန်နိပ်သော်လဲ၊
နန်းအရိပ် အနှုန်းပုံ၊
နည်းရ မစုံ။
မြာစလိုက် ညာလေးလုံမှာ၊
ကြာမေးပုံ လိုသေးလှလေး။ ။ (ဆရာစော)
#ရှေးစာကဗျာများ ကျေးဇူး။
တပတ်လျှို ဖြစ်ပါတယ်။
တပတ်ရစ် – န /ဒဘတ်ယစ်/ ၁၊ တပတ်နွမ်း – န၊ နှင့် အတူတူ။ “မြမြသည် ပိုးလုံချည်တပတ်ရစ်အပြာနုကလေးကို ဝတ်ဆင်ကာ။” မြမြ။ ၃၁။ ၂၊ အသင့်အတင့် ခြောက်သွေ့သော အခြေအနေ။ “၎င်းလှမ်းသည့်သားရေ တပတ်ရစ်ခန့်ရှိလျှင်။” ပြင်သစ်မှတ်။ ၁၀ဂ။
တပတ်လိမ့် – ကြိ /ဒဘတ်လိန့်/ တပတ်ရိုက်သည်။
တပတ်လျှို – န /ဒဘတ်လျှို/ ၁၊ ဆံထုံးနည်း တမျိုး။ ၂၊ ကြိုး ချည်နည်းတမျိုး။
တပန်းရှုံး – ကြိ /ဒဗန်းယှုန်း/ (နှိုင်းယှဉ်ရာတွင်) အစကပင် အားနည်းချက် တစုံတရာရှိသည်။ “မေရီတို့ မိန်းမများဟာ တပန်းရှုံးတာဘဲ။” ပြု။ ဂ၄။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment