တင်ထားတဲ့စာတခုထဲက ကောက်နှုတ်ချက် = ဒီလောက် နားလည်တတ်ကျွမ်းတဲ့ ဆရာ ဆရာမတေ ပေါနေတာ ဆေးရုံဆေးခန်းတေ ရှိနေတာကို ...
ထင်မြင်ချက်
- "တေ" ဆေးရုံကြီးတွင်
- ဆရာမ "မတေ" အလုပ်လုပ်နေသည်။
- ဗိန္ဒော "တေ" လည်းရှိပါသတဲ့။ သူကတော့ ဗမာတေဆေး ပေးမည်။
တဝမ်းပူတွေကတော့ မှန်အောင်ရေးထားသည်။
အဲလိုမှန်အောင်ရေးသားတတ်သူ အလွန်ရှားပါသည်။ ကောင်းသည်။ ရောဂါကင်းသူဖြစ်မည်။
စာရေးသူရဲ့ ဖုန်းကီးဘုတ်မှာ "ဝဆွဲ" မပါတာလည်း ဖြစ်နိုင်သည်။
မြန်မာလိုစာရေးသူတချို့ရဲ့ ဖုန်းတွေမှာလည် "ဝဆွဲ" မပါကြတာကို သတိထားမိသည်။
သူတို့က "တေဆေးရုံ" ကပေးတဲ့ဆေး သောက်နေရသူတွေ ဖြစ်ကောင်းဖြစ်မည်။
ကျွန်ုပ်၏ထင်မြင်ချက် မှားပါစေသတည်း။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment