Skip to main content

အမုန်းတံတားလေးခင်းပြီလား

ရေး။ ။ မြတ်သန်းထိုက်

ဆို။ ။ အေးမြဖြူ

ကြင်နာမှုတွေ တပွေ့တပိုက်ရယ်နဲ့ မေ့အကြိုက် မေ့သဘော လိုက်လျှောခဲ့တာများ ယုံစားလေသမျှ ပုံမှားအခြေဘဝ ဝေဒနာလေးတွေ မေ့ရင်ထဲ ပိုးမျှင်ပမာကဲ တိုးဝင်လာဆဲပါလား၊ သမုဒယနှောင်ဖွဲ့ မေတ္တာရေကြည်အေးမှာ အပန်းဖြေဆဲ ခုမှ မောင့်ရဲ့မေတ္တာ သွေဖီပြေးကာမှ အလွမ်းတွေကို မေ့တယောက်ထဲသာလေ၊ 

အပြုံးများနှင်းသမျှ စကားမတည်တာများ အမုန်းတံတား ခင်း၍ သွားပြီလား မောင်ရေ၊ 

မဆုံးသေးတဲ့ ဇာတ်လမ်းမှာလဲလေ၊ 

အပြုံးလေးနဲ့ ဖြတ်သန်းလာဆဲ သဏ္ဌာန် ထောင်သောင်းနဲ့ ဟန်ဆောင် ကောင်းခဲ့တာတွေ၊ မျက်နှာပန်း အလှမှာ တသက်တမ်းတစရာ ပီတိလှိုက်လှဲ ဒီအထိ မိုက်မဲ ကျမအသဲက ချစ်ခဲ့ရတာတွေ၊ ချင့်တွက်ပါမှ ပင့်သက်ဖြာရ တိမ်ဖုံးပါလို့ လမသာသလိုပေ၊ 

စိမ်းသင့်မှစိမ်း၊ ယိမ်းသင့်မှယိမ်းပါမောင်ရေ၊ သစ္စာပျက်ရွေ့သွားပါစေ၊ အချစ်မှာ အမျက်ဖြေထားမယ်လေ၊ 

အပြုံးများနှင်းသရွေ့ စကားမတည်တာများ အမုန်းတံတား ခင်း၍ သွားပြီလား မောင်ရေ။   ။

မှတ်ရန်

- တပွေ့တပိုက်

- မေ့တယောက်ထဲသာလေ

- တသက်တမ်းတစရာ

မြန်မာစာကို မှန်အောင်ရေးခဲ့ကြစဉ်က သီချင်းတွေလည်း ကောင်းတယ်။

အခုတော့ အမုန်းတံတားလေးခင်းပြီလား မြန်မာစာရေ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ