ကွန်မင့်တခု = ခု ပဲပြုတ်တောင်ခက်ခဲလာပြီ
မနေ့က ကစွန်းရွက်စာလုံးပေါင်းအကြောင်းစာထဲမှာ ဟိုအရင်ကတော့ ကစွန်းရွက်ဟာ ဆင်းရဲသားစာလို့ ရေးခဲ့ပါတယ်။
အခု ပဲပြုတ်။
ကျွန်တော်တို့ အလယ်တန်း၊ အထက်တန်းကျောင်းသားဘဝက မုံရွာမှာ ညနေ ၃ နာရီလောက်ဆို ပဲပြုတ်သယ်လာပြီ။ လက်ဖက်ရည်ပန်းကန် ဒါမှမဟုတ် နို့ဆီဗူးခွံနဲ့ ချင့်ရောင်းပါတယ်။
ပဲနီခေါ် စွန်တာနီပဲပြုတ်၊ ပဲဖြူလေးပြုတ် လက်ဖက်ရည်ပန်းကန်တလုံးစာ ၁၅ ပြား။ စားတောက်ပဲပြုတ် တမတ် (၂၅ ပြား)
ကျွန်တော်တို့အရင်ခေတ်ကတော့ ဆီကိုရေချိုး၊ ဆေးရိုးမီးလှုံ၊ စပါးတောင်လိုပုံလို့ ခိုင်းနှိုင်းခဲ့ကြဘူးပါသတဲ့။
မြန်မာပြည်ကနေ အတင်းပြန်ပို့ခံရတဲ့ အိန္ဒိယသွေးပါသူတွေက ဒေလီကိုရောက်တော့ ပြန်ပြောကြပါတယ်။
မြန်မာပြည်ကို လွမ်းကြောင်း။ အစားအသောက်တွေပေါကြောင်း။ ညဆို အိမ်တံခါးပိတ်စရာမလို သူခိုးသူဝှက်ကင်းကြောင်း။
အခုအခြေအနေမှန်တွေကို ပြည်တွင်းမှာနေရသူတွေက သိကြမယ်။ ကွန်တော်က နည်းနည်းလေးသာသိပါတယ်။
ဘာ့ကြောင့် -
အခုလို အခြေခံစားစရာတွေ ဈေးကြီးရတာလဲ။
အလားအလာကောင်း မြင်ပါသလား။
နေကောင်းကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment