Skip to main content

ကျွန်တော် ကျနော် ကျွန်ုပ် အမှန် အမှား

ကွန်မင့်တခု = ကျွန်တော် အမှန်ဖြစ်ပေမယ့် ကျတော် ကျနော်လို့ရေးနေတာလည်းတွေ့ရပါတယ် အဲထဲမှာ ကျတော်လည်းပါတယ်ပေါ့ အဲလိုဟာတွေသည် အချိန်ကာလကြာသွားရင် မှားကြာ အမှန်ဖြစ်တော့မယ်ထင်ပါ့ဗျာ

ပြန်စာ 

(၁)

အမှားဆိုတာ နှစ်ခါလုပ်လည်း အမှန်ဖြစ်မလာ။ အခါတရာလုပ်လည်း အမှန်မဖြစ်ပါ။

 "A wrong does not become right because it is repeated." (မဟတ္တမဂန္ဒီ ၏ အဆိုအမိန့်)

အမှားတခုကို ထပ်ခါတလဲလဲ လုပ်နေရုံနဲ့ အမှန်ဖြစ်မလာပါ။ 

 "Two wrongs don't make a right." (အင်္ဂလိပ် ဆိုရိုးစကား)

အမှားနှစ်ခု ပေါင်းလိုက်ရုံနဲ့ အမှန်တခု ဖြစ်မလာပါဘူး။ (အမှားတခုကို ဖုံးကွယ်ဖို့ဖြစ်စေ၊ တုံ့ပြန်ဖို့ဖြစ်စေ နောက်ထပ် အမှားတခု ထပ်လုပ်တာဟာ အမှန်တရား ဖြစ်မလာနိုင်ဘူးဆိုတဲ့ သဘောပါ။)

"A lie doesn't become truth, wrong doesn't become right, and evil doesn't become good, just because it's accepted by a majority." (Booker T. Washington ၏ အဆိုအမိန့်)

လူအများစုက လုပ်နေကြလို့၊ လက်ခံထားကြလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ လိမ်လည်မှုဟာ အမှန်တရား ဖြစ်မလာသလို၊ အမှားဟာလည်း အမှန်ဖြစ်မလာနိုင်ပါ။

(၂)

ကျတော် မှားတယ်။

ကျွန်တော် မှန်။ ကျနော် မှန်။

ကျွန်နော်နှင့် လေးခင်ခင် (ဗန်းမော်တင်အောင်)

(ကျွန်ုပ်) ကခုထိမပြောင်းသေးပါ။ သစ္စာအဓိဋ္ဌာန်ဆိုရင်ပါတယ်။ တချို့ကလည်း စာနဲ့စကား မကွဲပြားပဲပြောကြတယ်။ (အကျွန်) ကိုလည်း စာမှာသာမက စကားမှာလည်းသုံးကြတာ ယောနယ်မှာဆို အခုထိ။

မန္တလေးသူတွေက (ကျနော်) လို့ပြောကြတယ်။ ကျွန်တော့် နှမတွေ၊ သမီးနဲ့ မြေးမတို့က (ကျနော်) လို့သုံးကြတယ်။ ကျွန်တော်ကတော့ (ကျွန်တော်) လို့ရေးနေတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချချင်လို့ဖြစ်ပါတယ်။

(ကျနော်၊ ကျမ) မှန်ပါတယ်။ (ကျွန်တော်၊ ကျွန်မ) နဲ့စခဲ့တာ။ နောက်ပိုင်းမှာ (ကျွန်) ဆိုတာ ကျွန်ခံရသူသဘော ဖြစ်နေလို့ ပြင်လာကြတယ်။ တစိတ်တပိုင်းက အသံထွက်လွယ်တာရောကြောင့် ပြောင်းလာလည်းဖြစ်နိုင်ပါတယ်။ (ကျနော်) ဟာ အသံထွက်သဘောသာဖြစ်တယ်။

ကျွန်တော့သမီးနဲ့ တူမတွေက ကျနော်လို့သာ ပြောကြတယ်။ မေးရင် ရှင်လို့ ထူးပါတယ်။ ဝါကျအဆုံးမှာလည်း ရှင်၊ ရှင့် သုံးကြတယ်။ ယောက်ျားတွေက ကျွန်တော်၊ မိန်းကလေးတွေက ကျနော် အသုံးက သင့်မှန်တယ်လို့ ထင်တယ်။ 

(ကျနော်၊ ကျမ) မှန်ပါတယ်။ (ကျွန်တော်၊ ကျွန်မ) နဲ့စခဲ့တာ။ နောက်ပိုင်းမှာ (ကျွန်) ဆိုတာ ကျွန်ခံရသူသဘော ဖြစ်နေလို့ ပြင်လာကြတယ်။ တစိတ်တပိုင်းက အသံထွက်လွယ်တာရောကြောင့် ပြောင်းလာလည်းဖြစ်နိုင်ပါတယ်။ (ကျနော်) ဟာ အသံထွက်သဘောသာဖြစ်တယ်။ 

အဲဒီကျွန်က ဘုရင့်လက်ထက်ကတည်းကစပါတယ်။ ခစားရသူတွေက ကျေးတော်မျိုး၊ ကျွန်တော်မျိုးလို့ သုံးကြရတယ်။ ဒါပေမယ့် Slave ခေါ်တဲ့ကျွန်ခံရသူတော့မဟုတ်ပါ။ Subject လို့ ဘာသာပြန်ကြတယ်။ အုပ်စိုးခံရသူ။ အမေရိကန်သမတ (ဂျက်ဖါဆန်) ကနေ လွတ်လပ်ရေးကြေညာစာတမ်းမှာ Subjects ကနေ Citizens လို့ပြောင်းခဲ့ပါတယ်။

ကိုလိုနီခေတ်မှာ ကုလားဖြူခေါ်တဲ့ အင်္ဂလိပ်ကိုရော၊ အိန္ဒိယကလာတဲ့ ကုလားကိုရော၊ ဗမာကိုပါ၊ ကိုလိုနီအရာထမ်း မှန်သမျှကို (သခင်)၊ (သခင်ကြီး) လို့ခေါ်ကြရတယ်။ အဲဒီခေတ်က (ကုလား) နဲ့ အခုအစိုးရလက်ထက်မှာခေါ်နေတဲ့ (ကုလား) အများဆိုင်နာမ်ချင်း မတူပါ။ 

(ကျွန်ုပ်) ကခုထိမပြောင်းသေးပါ။ သစ္စာအဓိဋ္ဌာန်ဆိုရင်ပါတယ်။ တချို့ကလည်း စာနဲ့စကား မကွဲပြားပဲပြောကြတယ်။ (အကျွန်) ကိုလည်း စာမှာသာမက စကားမှာလည်းသုံးကြတာ ယောနယ်မှာဆို အခုထိ။ 

(ကျမ) လို့ ရေးကြပြောကြတာကို လေးစားတယ်။ ဆေးပညာမေးသူတွေထဲမှာ အဲလိုလာတာနည်းတယ်။ မတော်ရတဲ့ သမီးတွေက များလွန်းလို့ ခေါင်းရှုပ်ရတယ်။ သူ့အကြောင်းမေးတာလား၊ သူ့သမီးအကြောင်းလား မခွဲတတ်လို့။ 

မန္တလေးသူတွေက (ကျနော်) လို့ပြောကြတယ်။ ကျွန်တော့် နှမတွေ၊ သမီးနဲ့ မြေးမတို့က (ကျနော်) လို့သုံးကြတယ်။ ကျွန်တော်ကတော့ (ကျွန်တော်) လို့ရေးနေတယ်။ ကိုယ့်ကိုယ်ကို နှိမ့်ချချင်လို့ဖြစ်ပါတယ်။ အသံထွက်ရင်တော့ ကျနော်။

ကျွန်ဆိုတာဘာလဲ။ ဘုရင့်ခေတ်ကကျွန်၊ ဘုရားကျွန်၊ ကိုလိုနီခေတ်ကကျွန်တွေ ရှိခဲ့ပါတယ်။ မတူကြပါ။ အရင်သတ်ပုံစာအုပ်တွေမှာ ကျွန်တော်လို့သာရှိပြီး ကျွန်မ မရှိခဲ့ပါ။ ကျွန်တော်မသာ ရှိခဲ့တယ်။

ကျွန်နော်နှင့် လေးခင်ခင် (ဗန်းမော်တင်အောင်)

ကျနော်၊ 

ကျမ၊ 

ကျွန် = အစေခံ

ကျွန်ကြေး (ငွေ)

ကျွန်စနစ်

ကျွန်တော်

ကျွန်တော်မ

ကျွန်တော်မျိုး

ကျွန်နော်၊ 

ကျွန်မ၊ 

ကျွန်ယုံ

ကျွန်ရင်း

ကျွန်ရောင်းကျွန်ဝယ်

ကျွန်ုပ်

ကျေးကျွန် = ငတ်မွတ်ခေါင်းပါး၍ ကျွန်ခံသောသူ

ကျောင်းကျွန်

ဘုရားကျွန်

မကြားကျိုးကျွန်

မသိကျိုးကျွန်

ဗန်းမော်တင်အောင်က ကျွန်နော်လို့ ရေးခဲ့တယ်။ အဲဒီခေတ်မှာ ကိုလိုနီဆန့်ကျင်ရေးအပြီး  အနောက်တိုင်း ဆန့်ကျင်ရေးတွေ ပူလောင်နေချိန်မှာ၊ ကျွန်စာလုံး သုံးပါတယ်။ စကားပြောသလို ရေးတယ်။

မြန်မာ့သမိုင်းမှာ ကျွန်ဆိုတာရှိခဲ့တယ်။ အပယ်ရတနာစာထဲမှာ ဘုရားကျွန်ကိုရေးထားပါတယ်။ ဇာတ်ပွဲတွေမှာတော့ ကျေးတော်မျိုး ကျွန်တော်မျိုးလို့ သုံးကြတယ်။ အိမ်တော်ပါငယ်ကျွန်လို့ စာအုပ်တွေထဲမှာ ဖတ်ရတယ်။ ဇာတ်ထဲမှာတော့ ဘုရင်က ငယ်ကျွန်ကြီးလို့ ခေါ်တယ်။ တကယ့်ဘုရင်တွေလက်ထက်မှာ အဲလိုတွေ ခေါ် မခေါ် မသိပါ။

ကျွန်တော်ကတော့ ကိုယ့်ကိုယ်ကို နှိမ့်ချချင်လို့ဖြစ်ပါတယ်။ မန္တလေးသူတွေက ကျနော်လို့ ပြောကြတယ်။ ကျွန်တော့် နှမတွေ၊ သမီးနဲ့ မြေးမတို့က ကျနော်လို့သုံးကြတယ်။ ကျွန်စနစ်ဆန့်ကျင်ရေးရယ်လို့ မဟုတ်ပါ။ လူထုဦးလှက ကျွန်တော်လို့ရေးတယ်။ သူလည်း ကျွန်စနစ်ကိုကြိုက်တဲ့သူမဟုတ်ပါ။

(၃)

ကျွန် ကျွန်တော် ကျွန်မ 

"ကျွန်" ဟူသော ဝေါဟာရသည်၊ မွန်ဘာသာ "က္လောန်" ဟု ရေးခေါ်သော စကားမှ ဆက်းသင်းလာ၍၊ မွန်ပုဒ်ပျက်သာလျှင် ဖြစ်ချေသည်။

မွန်ဘာသာ၌ 'က္လောန်' အနက်မှာ "ပြု၊ လုပ်၊ ဆောင်၊ ရွက်" ဖြစ်ရကား၊ မြန်မာဘာသာတွင်လည်း "ကျွန်" ၏ အနက်ရင်းမှာ "ပြုသူ၊ လုပ်သူ၊ ဆောင်ရွက်သူ၊ လုပ်သား" ဟူ၍သာ ပေါ်ထွက်လေသည်။

ဤသို့ပင်လည်း အနက်ပေါ်ထွက်၍၊ မွန်ဘာသာ "က္လောန်" အရေးအသားမှ မြန်မာဘာသာ "ကျွန်" ဟူသော ခေတ်အရေးသို့ တရွေ့ရွေ့ ပြောင်းလဲလာသည်ကို.....

စင်စစ်အားဖြင့် လောက၌ လူတို့သည် လွတ်လပ်သည် ဟုပင် ဆိုရသော်ငြားလည်း စည်းကမ်းသတ်ဖြင့်သာ လွတ်လပ်၍၊ တဦး၏ အကျိုးကို တဦး သည်ပိုးကာ၊ တဦး၏ အမှုကို တဦး ဆောင်ရွက်ကာ၊ တဦး၏ အစေအပါးကို တဦး ခံကာသာလျှင် နေရချေ၏။

နိုင်ငံပေါင်းများစွာကို အုပ်စိုးလျက်ရှိသော ဘုရင်၊ ဘုရင်မတို့ပင်လည်း တိုင်းသူပြည်သားများ၏ ဝတ္တရားများကို သည်ပိုးကာ၊ ကြီးလေးသော တာဝန်များကို ထမ်းရွက်ကာ နေရချေ၏။

တနည်းအားဖြင့် ဆိုသော် လောက၌ လူတိုင်းပင် အနည်းနှင့်အများ အမှုလုပ် အစေခံ ကျွန် ဖြစ်၏။ (ဦးဖိုးလတ်)

• Pronouns နာမ်စားများ https://burmese-spelling.blogspot.com/2023/01/pronouns.html

• ကဗျာဝိုင်း စာဝိုင်းနှင့် ကျွန်တော် ဇော်ဂျီ (ကံ့ကော်မြိုင်စာတမ်း) https://burmese-spelling.blogspot.com/2022/10/blog-post_844.html

• ကျမ https://burmese-spelling.blogspot.com/2022/08/blog-post_104.html

• ကျွန်တော်၏ အောက်ငုံ့တောလား https://burmese-spelling.blogspot.com/2022/09/blog-post_66.html

• ကျွန်တော်တွေးမိသလို ရေးပါမည် (၂၉၁) https://burmese-spelling.blogspot.com/2023/07/blog-post_271.html

• ကျွန်တော်သည် https://burmese-spelling.blogspot.com/2023/06/blog-post_53.html

• ကျွန်နော် https://burmese-spelling.blogspot.com/2022/09/blog-post_184.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ