ခေါပုပ် − န / ခေါပုတ် / ကောက်ညှင်းပေါင်းကို ထောင်းကာ နှမ်းလှော်ထည့်၍ လုပ်ထားသောမုန့်။ [ရှမ်း]
ခေါပျဉ်း − န / ခေါပျင် / ကောက်ညှင်းပေါင်းကို နှမ်းနှင့်ထောင်း၍ အပျဉ်းလုပ်ထားသော မုန့်။
ခေါဘဏီ − န / ခေါမနီ / ၁။ အလွန် များပြားသော အရေအတွက်တခု၏ အမည်။ ၂။ အလွန်ကြီးသော စစ်တပ်ကြီး။ [ပါ]
ပဲစိစပ် − န / ပဲစီလတ် / အနီရင့်ရောင်မှ အညိုရောင်အထိ အရောင်ရှိသော ပဲတမျိုး။ (ပန်းရည်ချက်လုပ်ရာတွင် သုံးသည်။)
ပဲပုဇွန် − န / ပဲဇွန် / အကြောနီ၍ အစေ့အိမ် လုံးဖောင်းကြွသော အသီးအတောင့်များ ကွေးကောက်စွာ အပြွတ်လိုက်သီးသည့် ပဲကြီးမျိုးဝင် ပဲတမျိုး။ (ပဲဝါကြီးတ်လိမ်ဟုလည်း ခေါ်သည်။)
ပဲပိုးတီ − န / ပဲပိုးဇီ / အရစ်အရစ်နှင့် အလယ်တွင် ဖောင်းမို့၍ အသီးတောင့်ကို စားသုံးရသည့် ပိုးတီကောင်နှင့် တူသော ပဲတမျိုး။
ပဲပင်ပေါက် − န / ပဲဗင်ဗောက် / ပဲတီပင်ပေါက် − န၊ နှင့်အတူတူ။
ပဲပေါင်း − န / ပဲဗောင်း / ပေါင်းထားသော စားတော်ပဲစေ့။
ပဲပေါင်းဆီ − န / ပဲဗောင်းဇီ / ပဲဆီ − န၊ နှင့်အတူတူ။
ပဲပုပ် − န / ပဲဗုတ် / ပဲကျပ်ပျဉ်းသို့မဟုတ် ပဲစိစပ်ကိုပြုတ်၍အပုပ်ခံကာ ပြုလုပ်ထားသော စားဖွယ်။
ပဲပုပ်ပြား − န / ပဲဗုတ်ပျား / ပဲပုပ်ကို အပြားပြု၍ အခြောက်လှန်းထားသော စားဖွယ်။
ပဲပြား − န / ပဲပျား / မတ်ပဲ စသည် အမှုန့်ကို မုန့်ညှက်အဖြစ်နယ်၍ ပေါင်းထားသော စားစရာတမျိုး။
ပဲပြုတ် − န / ပဲဗြုတ် / စားတော်ပဲကို ရေခန်း ပြုတ်ထားသော စားစရာ။
ပဲဖတ် − န / ပဲဗတ် / ဆီကြိတ်ရာတွင် အဆီထုတ်ပြီး ကျန်သော မြေပဲ စသည့် အဖတ်။
ပြင်လိုက်ပါသည်။
သစ်ပုတ်ပင် − န / သစ်ပုတ်ပင် / အမြှောင်းအမြှောင်းထသော မြှစ်ပါးယှဉ်း၊ ဖြူပြာရောင် အမွေးအခေါက်၊ အပုပ်နံ့ရှိသည့် ညှီညှပ်သော အသားရှိသည့် ပင်စောက်တမျိုး။ (သစ်ညိုပင်၊ စောပြာပင်ဟူ၍လည်း ခေါ်သေးသည်။)
ဒေါက်တာတင့်ဆွေ



Comments
Post a Comment