"ဘယ်နှစ်ချောင်းလဲ" လို့ ရေးရသည်။
အွန်လိုင်းကနေ စာသင်ပေးနေတဲ့ နေရာတခုက ဖြစ်ပါသည်။
တချောင်း မှာ စသတ်မလို။
နှစ်ချောင်း၊ နှစ်ခု၊ နှစ်ရာတွေမှာ စသတ် လိုပါသည်။
စာသင်ပေးနေသူတွေ အတော်များများ မှားနေကြသည်။
မှန်ရင် အစိမ်းရောင် အမှန်ခြစ်၊
မှားရင် အနီရောင် အမှားခြစ်နဲ့ဟာတွေကလည်း
တဝက်လောက်သာ မှန်ကြသည်။
စာသင်ကျောင်းတွေမှာလည်း မှားသင်ပေးနေကြသလား
သံသယရှိပါသည်။ မြန်မာပြည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment