(ကိုတင်လှိုင် - ရေးသည်။)(နိုင်နိုင်မော် - ဆိုသည်။)
(မောင်ရေ မေ့ကမ္ဘာ မေ့ဘဝကို မြင်လာလှဲ့ အုံးတော့ လားကွယ်၊ မောင်ပစ်ခွာသွားသည့်နေ့မှစ၍ အသိုင်းအဝိုင်း ပတ်ဝန်းကျင်က ချစ်သူမုန်းမေ့သူလေးရယ်လို့ ပြောကြ ဆိုကြလှောင်နေကြပြီကွယ်၊ ပြောကြ ဆိုကြလှောင်နေကြပြီကော မောင်ရယ်) ၂ ။
ဒါပေမယ့်လဲ သေတပန်သက်တဆုံး မပြယ်သောမေတ္တာများနှင့် မောင့်ကိုသာလေ မောင့်အပေါ်မှာလေ မေ့အသဲတံခါး ဖွင့်၍ထားတယ် (ယူလိုကယူ) ၂ ပေးထားပြီးကော မောင့်အလိုကျ ဖြစ်စေခဲ့ရပါ မောင်ရယ်၊ ခုများ အကျိုးအကြောင်း အဆိုးအကောင်းကိုကွယ် ဘာဆိုဘာမှ မသိရပါလားမောင်ရယ်၊ သနားမညှာ မငဲ့ကွက် ပစ်ခွာ သွားရက်လေသမျှမငြူစူတယ်၊ အမုန်းမဖက် ဆုံးတသက်တိုင်ကွယ် (ချစ်မယ့်သူပါမောင်ရယ်) ၂ ။
မှတ်ရန်
သေတပန်သက်တဆုံး
ဆုံးတသက်တိုင်
သီချင်းစာသားပါ တဝမ်းပူတွေကို
စသတ်ထားရင်
စသတ်သံနဲ့ သီဆိုရပါမယ်။
ဥပမာ
တစ်တီတူး ကို တစ်တီဒူး လို့ အသံထွက်ရတယ်။
တတီတူး မဟုတ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment