ပြန်စာ
ကျွန်တော်က မြန်မာစာကို ဆရာလုပ်နိုင်အထိ မတတ်ပါ။
မြန်မာစာသင်ကြားနည်း ကျွန်တော်တို့ခေတ်နဲ့ မတူတော့ဘူးထင်တယ်။ ရေးတင်လို့လည်း ဖတ်ချင်သူ ရှားလောက်တယ်။
မြန်မာစာအာဏာပိုင်တွေက ပညာရှိမဟုတ်။ အရာရှိတွေ။
စာသမားတယောက်ကပြောတယ်။ ဆရာက မြန်မာစာ သတ်ပုံတွေ ရေးနေတာတွေ့တယ်။ ခက်တာက စာရေးဆရာတွေက စာမရေးကြတော့ဘူး။ စပေဟောပြောပွဲသာ လိုက်နေကြသတဲ့။ အဲတာတော့ တဘက်ကကြည့်ရင် ကောင်းတယ်။
ခေတ်ပေါ်စာရေးဆရာတွေက သတ်ပုံနောက်သာ ပေါ်လစီနောက် ကောက်ကောက်ပါအောင် လိုက်ကြပြီး၊ စကားသံတော့ မမှားကြပါ။
နားထောင်လို့ အလွန်ကောင်းတယ်။ ဖတ် မကောင်းပါ။
(ကန်တော့ = ဆောရီး)
အိုးရွဲ့နဲ့ စလောင်းရွဲ့ခေတ်ဖြစ်နေပြီ။
မြန်မာစာအခြေအနေဟာ ရွှေအိုးမဟုတ်တော့။
ကြေးအိုးနဲ့တူတယ်။ ကြေးကို အရောင်တင်ပေးရင် ဝင်းလက်လာမယ်။
မြန်မာစာ အိုးပုတ်ခေတ် မရောက်ပါစေသတည်း။
ဒေါက်တာတင့်ဆွေ
၁၂-၈-၂၀၁၈

Comments
Post a Comment