Apeyadana (အပါယ်ရတနာ) - မမှန်ပါ။
"အပယ်ရတနာ" သတ်ပုံနှင့် ဝေါဟာရ ရင်းမြစ် ခွဲခြားမှု
အပယ်ရတနာ (အပယ်) - ပုဂံခေတ် ကျန်စစ်သားမင်း၏ မိဖုရားခေါင်ကြီးဖြစ်သော "အပယ်ရတနာ" (Abeyadana) ၏ အမည်တွင် ပါရှိသည့် "အပယ်" သည် ငြင်းပယ်ခြင်း၊ ဖယ်ရှားခြင်း၊ စွန့်ပစ်ခြင်း ဟူသော အနက်ဆောင်သည့် "အပယ်" (အပယ်ခံ၊ အပယ်မီး) ဖြစ်ပါသည်။
အပါယ် (အပါယ်) - ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်
ဟူသော ဒုဂ္ဂတိဘုံများကို ညွှန်းဆိုသည့် "အပါယ်" (အပါယ်လေးပါး၊ အပါယ်လား) မဟုတ်သည့်အတွက် "အပါယ်ရတနာ" ဟု ရေးသားခြင်းမှာ ဝေါဟာရ အဓိပ္ပာယ်အရ လွဲမှားပါသည်။အပယ်ခံ – န / အပယ်ဂန် / အပေါင်းအသင်းမပြုဘဲ ဖယ်ကြဉ်ခြင်း ခံရသူ။ မကြိုက်၍ဖြစ်စေ၊ မကောင်း၍ဖြစ်စေ ဖယ်ရှားထား သော အရာ။ "ကျုပ်တို့ကတော့ ဒီအသိုင်းအဝိုင်းမှာ အပယ်ခံ တွေပါ။"
အပါယ် – န / အပယ် / မကောင်းမှု ဒုစရိုက်အတွက် ကျရောက် ရသောဘုံ။ (ငရဲ၊ တိရစ္ဆာန်၊ ပြိတ္တာ၊ အသူရကာယ်ဟု၍ အပါယ် လေးဘုံရှိသည်။) "ကြီးပွားချမ်းသာခြင်းမှ ကင်းဝေးရာ ဌာန လေးပါးကို အပါယ် ဟုခေါ်၏။" လောဖြ။ ၉။
အပါယ်လား – ကြိ / အပယ်လား / အပါယ်သို့ ကျရောက်သည်။ "မကောင်းမှုသာ များ၍ အပါယ်လားတော့မည်။" ဇာတ်။ ဂျ၉။
Image of Apeyadana Phayo ornament. Bagan. Myanmar Stock Photo - AlamySource: Alamy
Image of အပယ်ရတနာ ဘုရား | Attraction Sites In World
YouTube • Burmese Vlog
အပယ်ရတနာဘုရား https://www.youtube.com/shorts/YyU790suzwM
ဒေါက်တာတင့်ဆွေ


Comments
Post a Comment