ဗိုလ်ဋီကာ ဆောင်းပါးများကို ဆရာကြီး ဦးလွန်းသည် ၁၉၁၃-ခု၊ ၁၄-ခု တို့တွင်ရေးသည်။ ထိုဆောင်းပါးများသည် ဆရာကြီး၏ စာဆိုတတည်းဟူသော ဗိမာန်တွင် ထုတ်မြစ်ဖြစ်သည်။ ထိုဆောင်းပါးများတွင် နောင် ရေးလတ္တံ့သော ဋီကာဆောင်းပါးတို့၏ ဗိဇသည် အထင်းအရှားပါလျက်ရှိသည်။ ထိုဋီကာဆောင်းပါးများတွင် ဆရာကြီးသည် ရှေးဟောင်း မြန်မာရာဇဝင် အဖြစ်အပျက်များ အကြောင်းကို၎င်း၊ ရှေးဟောင်း မြန်မာစာပေအကြောင်းကို၎င်း၊ လက်ရှိနိုင်ငံရေး၊ အမျိုးသား ဘာသာ သာသနာရေး အကြောင်းတို့ကို၎င်း ရေးလေ့ရှိသည်။ ရေးသောအခါ ရုပ်သေးမင်းကြီးများကဲ့သို့ စကားဖန်တလှည့်၊ လေးချိုး ကဗျာ တလှည့် ပြောဆိုဖွဲ့နွဲ့ကာ ရေးလေ့ရှိသည်။ ဤသို့ဖြင့် မြန်မာတိုင်းသူပြည်သားတို့ကို ဇာတိမာန်တက်ကြွ စေခဲ့သည်။
ဆရာကြီးရန်ကုန်သို့ ရောက်လာသောခေတ်သည် မြန်မာနိုင်ငံ၌ ဇာတ်ရုပ်သေးအနှံ့အပြား ကပြကြသောခေတ်ဖြစ်သည်။ ဇာတ်ပွဲရုပ်သေးပွဲ ခေတ်စားသည်ကိုအကြောင်းပြု၍ ဇာတ်စာအုပ်လည်း အမြောက်အများပေါ်ခဲ့သည်။ ထိုဇာတ်စာအုပ်များသည်ဈေးပေါ်လှသဖြင့် တောကျေးလက်များကပင် အမြောက်အများ ဝယ်ယူဖတ်ရှုနိုင်ကြသည်။
တောကျေးလက်များတွင် ဇာတ်ပွဲ ရုပ်သေးပွဲတို့ကို တနှစ်လျှင်တကြိမ် နှစ်ကြိမ်လောက်သာ ကြည့်ကြရသည်။ ကြည့်ပြီး -
မှတ်ရန်သတ်ပုံများ
- စကားဖန်တလှည့် လေးချိုး ကဗျာ တလှည့်
- ဇာတ်ပွဲ ရုပ်သေးပွဲတို့ကို တနှစ်လျှင် တကြိမ်
ကျေးဇူး။ ခုခေတ်မှာတော့ သခင်ကိုယ်တော်မှိုင်းနဲ့ ဇော်ဂျီတို့ထက်တော်တဲ့ စာရေးဆရာတွေ ကဗျာဆရာတွေ မြန်မာစာဆရာတွေ များလွန်းပါ့။
ဗိုလ်သတ်ပုံခေတ်လို့ ခေါ်တယ်။
ဒေါက်တာတင့်ဆွေ
၂၇-၈-၂၀၁၉

Comments
Post a Comment