(၁)
တညတလေ
တညတလေကို စသတ်တွေနဲ့ရေးတာကတော့ ရှာရည်တာ။
အသံထွက်လည်း မမှန်စေတော့ပါ။ တစ်လို့ရေးထားရင် တစ်သံထွက်ရတယ်။
(၂)
ဥပစာတန်းဆိုတာ ကောလိပ်၊ တက္ကသိုလ် ပဌမနှစ် (က) နဲ့ ဒုတိယနှစ် (ခ)။
(၃)
သ္မီး = သမီး
သ္မီး၊ နတ်သ္မီး၊ သတို့သ္မီး၊ မိမ္မ၊ ကျမ္မာ၊ မြမ္မာ၊ လ္ဘက်၊ သ္ခင်၊ ယ္ခင် စသဖြင့် အရင်ကရေးကြတယ်။ ခုခေတ်မှာ ပိုလွယ်ကူပြီး အဓိပ္ပါယ်လည်း မပျက်အောင် အဆင့်မပါဘဲ ရေးတာကြတယ်။
တက္ကသိုလ်၊ နတ္တလင်း၊ နမ္မတူ၊ ပခုက္ကူ၊ မတ္တရာ၊ မိတ္ထိလာ (မိတ္ထီလာ)၊ မုတ္တမ၊ မုပ္ပလင်၊ မန္တလေး၊ လပွတ္တာ၊ သခွတ္တနယ်၊ သလ္လာဝတီ၊ သာဝတ္ထိ၊ သိန္နီမြို့၊ သရေခေတ္တရာ၊ ဟုမ္မလင်း၊ အာလ္လကပ္ပ၊ စေတုတ္တရာ၊ သေတ္တရာရွာ စတာတွေကိုတော့ မူရင်းစာလုံးပေါင်းကို မပြင်သင့်ပါ။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment