၂၀၂၆ ခုနှစ် သြဂုတ်လ ၂၆ ရက်နေ့မှာ လန်တန်လီရောင် (Langtang Lirung) အနီးရှိတဲ့ ကြီးမားတဲ့ ရေခဲမြစ်တခု ပြိုကျခဲ့ရာကနေ ရေ၊ ရွှံ့နွံနဲ့ သစ်ပင်ကျောက်ခဲ အပျက်အစီးထုကြီးဟာ လှိန်းဒေခိုလာ၊ ဘိုတေကိုရှီ နှင့် တြိရှူလီ (Trishuli) မြစ်ကြောင်းတွေအတိုင်း တရှိန်ထိုး စီးဆင်းသွားခဲ့ပါတယ်။
ရေကြီးရေလျှံမှု ဖြစ်ပွားခဲ့တဲ့ နယ်မြေဟာ တိဘက်နဲ့ နယ်စပ်ဖြတ်ကျော်ရာ ဂျီရုန်း (Gyirong) အနီး ရာဆူဝါ နှင့် နူဝါကုတ် (Nuwakot) ခရိုင်အစိတ်အပိုင်းများအထိ ကျရောက်ခဲ့ပါတယ်။
ခတ္တမန္ဒူးမြို့ကနေကြည့်ရင် ရာဆူဝါဟာ မြောက်ဘက် တောင်တန်းဒေသမှာ ရှိလို့ မျဉ်းဖြောင့် အကွာအဝေးအားဖြင့် ၆၀ ကီလိုမီတာ (၃၅ မိုင်) ခန့်သာရှိပေမဲ့၊ မတ်စောက်တဲ့ တောင်တန်းထူထပ်တဲ့ သဘာဝကြောင့် မော်တော်ကားလမ်း သို့မဟုတ် လေကြောင်းခရီးဖြင့် သွားရောက်ရတာ ဒိထက် ပိုမိုဝေးကွာပါတယ်။
ကျွန်တော်
နီပေါနိုင်ငံကို အနည်းဆုံး ၅ ခေါက်ရောက်ပါတယ်။ အများအားဖြင့်တော့ မြို့တော်မှာဘဲ တည်းခိုရပါတယ်။
နီပေါနိုင်ငံက ဝန်ကြီးချုပ်တွေ၊ အမတ်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။
သူတို့ဆီက အစားအသောက်တွေက နယူးဒေလီက မဆလာထက် ပိုပြီးအဆင်ပြေတယ်။ လူတွေကလည်း သဘောကောင်းကြတယ်။ တိုင်းပြည်ကတော့ ဆင်းရဲပါတယ်။
အိန္ဒိယ-နီပေါနယ်စပ်က မယ်တော်မာယာစေတီကိုလည်း အနည်းဆုံး ၂ ခေါက်ရောက်တယ်။
တိဘက်
အခုရေကြီးမြေပြိုတဲ့နေရာက တိဘက်နယ်စပ်။ တိဘက်ဆိုပေမဲ့ တရုပ်က စစ်အင်အားနဲ့ သိမ်းထားတာ။
တိဘက်ဘာသာရေးခေါင်းဆောင် ဒလိုင်းလားမာနဲ့လည်း အနည်းဆုံး လေးကြိမ်တွေ့ခဲ့ရတယ်။ တိဘက်ဝန်ကြီးချပ် ၂ ဦး၊ တိဘက်အစိုးရအဖွဲ့၊ တိဘက်လွှတ်တော်၊ တိဘက်အမတ်တွေ၊ တိဘက်အမျိုးသမီးနဲ့ လူငယ်တွေ အများကြီးနဲ့ ခင်မင်ရင်းနှီးခဲ့ပါတယ်။
တိဘက်လူမျိုးကို ကျွန်တော်တို့နဲ့ အလွန်တူတယ်။ သူတို့့လည်း စိတ်ရင်းသဘောကောင်းကြတယ်။
သူတို့ရဲ့ ပြည်နိုင်ငံရေးက ကျွန်တော်တို့ထက် စည်းလုံးညီညွတ်တယ်။ ခေါင်းဆောင်မှုပြဿနာလည်း ကင်းတယ်။
ဒါပေမဲ့ သူတို့ လွတ်လပ်ရေးမရနိုင်လောက်တော့။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်လည်း အတော်ဝေးသေတယ်။
သူတို့ရဲ့ အခက်အခဲကြီး မြန်မာပြည်အခက်အခဲကြီးနဲ့ တထပ်တည်း တူတယ်။ တရုပ်။
နေကောင်းကျန်းမာကြစေသတည်း။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment