၂။ မစဉ်းစားတတ်ဘူး နဲ့ စဉ်းစားမတတ်ဘူး
မလုပ်တတ်ဘူး နဲ့ လုပ်မတတ်ဘူး
မပြောတတ်ဘူး နဲ့ ပြောမတတ်ဘူး
ဘယ်ဟာက အမှန်လဲ ဆရာ။
ပြန်စာ
ရ နဲ့ က စာ ၇-၈ ခါ တင်ပြထားပြီး။
တကယ်တော့ မေးစရာမလိုတဲ့အသုံးဖြစ်ပါတယ်။ မေးကြတာ မနည်းတော့ပါ။ မှားကြတာက သောက်သောက်လဲ။
ရ နဲ့ က မှားတာ ကင်ဆာနေရတွေမှာ များတယ်။ ကင်ဆာလူနာက က ချင်သတဲ့။ နေမကောင်းသူဖြစ်တော့ အပြောရခက်တယ်။ ကလေးအမေတွေကလည်း ကလေးဖျားနေတာ က ချင်သတဲ့။
အသုံးစကားတွေ သဒ္ဒါအရလည်း မှားတယ်။ မှားပေမဲ့ လူကြိုက်များတယ်။ မှန်တာမှန်သမျှ လူကြိုက်နည်းတယ်။
အရပ်စကား၊ သေသုံးစကား၊ ဒေသိယစကားဆိုတာ သတ်ပုံကျမ်းအတိုင်း မဟုတ်ပါ။ စကားသာဖြစ်တယ်။ စကားဆိုတာက သူ့အရပ်နဲ့ သူ့ဇာတ်။
အများသုံး၊ ရုံးသုံး၊ အဘိဓာန်ဆိုတာ စံကိုက်ဖြစ်ရမယ်။
"သင်္ကြန်လည်းနီးပြီဆရာ၊ ကလေးကနေမကောင်း၊ ဘယ်လိုလုပ်ကမလဲဆရာ"
အခုထိတော့ မြန်မာစာအရေးအသားနဲ့ အပြောအဆို လုံးဝဥဿုံတော့ မပျက်သေးပါ။
“တစ်ရား” လို့ ရေးတာ မှန် မမှန်သိချင်ပါတယ် ခေတ်ရောက်တော့မယ်။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment