(သတ်ပုံမှန်ခေတ်က ကာတွန်း)
"ကျုပ် ဆွဲတဲ့ ကာတွန်း
ရုပ်ပြောင်တွေဟာ- မရီရဘူးလား
အဲဒါမှ - ကောင်းဒါ - သူများနှင့်မတူ - တမူ ဆန်း သစ်တာပေါ့ဗျ"
တမူထူး
တမူထူးခြား
မနေ့ကနဲ့မတူ ယနေ့တမူထူးသည် နက်ဖြန်ဆိုရင်ဒိထက်ခရီးရောက်မည် (သီချင်းစာသား)
တဘက်တချက် – န /တမက်တချက်/ ထိုမှဘက်တွင်လည်းကောင်း၊ ဤမှဘက်တွင်လည်းကောင်း တည်ရှိခြင်း။ “လမ်းတဘက်တချက်တို့၌လည်း။” နန္ဒီ။ ၇၀။
တဘက်တလမ်း – န /တမက်တလန်း/ ဆန့်ကျင်ဘက်။ ဖိလာ။ “တိုင်းသူပြည်သားတို့နှင့် တဘက်တလမ်း မဆန့်ကျင်ဘဲ။” ထီး။ ဒု။ ၅၅။
— ကြိဝိ /တမက်တလန်း/ တနည်းတလမ်းအားဖြင့်။ “နင် တဘက်တလမ်း မကောင်းကြံနေတာ ငါမသိဘူး မှတ်သလား။” တဇွေ့။ ၁၀၆။
တဘက်နား – န /တမက်နား/ တဘက်သောသူ၏ စကားများကို သာ ကြားနာသိရှိခြင်း။
တဘက်ယတ်တဲ – န /တမက်ယတ်တဲ/ အမိုးတဘက်စောင်းမျှသာ ရှိသော တဲ။
တဘက်လပ် – န /တမက်လတ်/ မျက်စိတဘက် ချို့တဲ့သူ။
တဘက်လှည့် – န /တမက်လှဲ့/ သွယ်ဝိုက် ကောက်ကွေ့သော နည်းပရိယာယ်။ “ဘမောင်ထံမှ တဘက်လှည့်ဖြင့် ငွေရအောင် ကြံမည်။” လေရူး။ ၁၄၃။
တဘက်သား – န /တမက်သား/ အခြား တဘက်က လူ။ တပါးသူ။ တခြားလူ။
တဘက်သတ် – ကြိဝိ /တမက်သတ်/ တဘက်တည်း။ “နန်းလုံး ...”
တမင် – ကြိဝိ /တမင်/ ၁။ တကူးတက။ အထူးတလည်။ “ကြက်ကောင်းဟုထင်သောကြောင့် တမင်မွေးထားရာ။” ဥပမာ၊ ဒု၊ ၃၄၃။ ၂။ အကြောင်းမဲ့။ တမင်သက်သက်။
တမင်လာ – ကြိဝိ/တမင်လာ/၁။ တမင် – ကြိဝိ၊ ၁၊ နှင့်အတူတူ။ “ဒကာမလေးတယောက်သည် အောက်နိုင်ငံမှ တမင်လာလာ၍။” ကွပ်သစ်၊ ၃။ ၂။ တမင် – ကြိဝိ၊ ၂၊ နှင့်အတူတူ။ “ဤသို့ တမင်လာ ရှုပ်ပယ်၍ နေခြင်းမှာ။” ခွေ၊ ၁၊ ၂၆။
တမင်တကာ – ကြိဝိ /တမင်ဒကာ/ ၁။ တမင် – ကြိဝိ၊ ၁၊ နှင့်အတူတူ။ “မောင်ရှိမှ မမ တမင်တကာလာသည်။” စိုးသစ်၊ ၈၁။ ၂။ တမင် – ကြိဝိ၊ ၂၊ နှင့်အတူတူ။ “တမင်တကာ မိခင်ကို နှိပ်စက်ချင်တဲ့စိတ်နဲ့ ပြောတာလား။” မြင့်၊ ၁၊ ၁၂၉။
တမင်သက်သက် – ကြိဝိ /တမင်သက်သက်/ ၁။ တမင် – ကြိဝိ၊ ၁၊ နှင့်အတူတူ။ “ကျွန်တော်တမင်သက်သက် လာတာပါ ခင်ဗျာ။” လည်း၊ ၁၇၂။ ၂။ တမင် – ကြိဝိ၊ ၂၊ နှင့်အတူတူ။ “တမင်သက်သက် အကြံနဲ့ ရှိခဲ့တုံး။” လှုကျေး၊ ၁၂။
တမည်ကောင်း – န /တမယ်ကောင်း/ နှစ်သက်စရာတခု၊ တမျိုးမျိုး။ “မြန်မာကစားမျိုးများစွာရှိသော်လည်း သုံးပုံပုံကိဿာ တမည်ကောင်းရွေး၍ ကစားပါသည်။” “သားသမီးတို့က ...”
ဒေါက်တာတင့်ဆွေ

Comments
Post a Comment