နှင့် တောင်တွင်းမင်းကျောင်း အဖြေ
(ဟံသာဝတီ)
ပထမအကြိမ် ၁၉၅၉
ဒုတိယအကြိမ် ၁၉၇၁
တတိယအကြိမ် ၁၉၇၃
တအုပ် ၃ ကျပ် ၅၀ ပြား
စာမျက်နှာ ၁၄
ကျောင်းဆိုသည်မှာ ဥပစာ
“ကန်တော်မင်းကျောင်း၊ မေတ္တာလောင်းသော” ဆိုရာ၌ ကျောင်းတွင် သီတင်းသုံးသော သီဝိညာဏက အသက်ရှိသော ဘုန်းတော်ကြီးသာ မေတ္တာလောင်းသည်ကို အဝိညာဏက အသက်မရှိသော ကန်တော်မင်းကျောင်းပင် မေတ္တာ လောင်းလေသကဲ့သို့ “ကန်တော်မင်းကျောင်း မေတ္တာလောင်းသော” ဟူ၍ အဘယ့်ကြောင်း မိန့်တော်မူလေသနည်းဟူမူကား-
ဥပစာ ဆယ်ပါး၌ လိဗ်မာတော်မူကြောင်းကို သိစိမ့်သောငှါ “ညောင်စောင်း ထက်တွင်နေသောလူ အသံပြုသည်ကို ညောင်စောင်းအသံပြုသည် ဟူ၍ ဥပစာရအားဖြင့် ဌာနီဖြစ်သောလူကို ဌာနဖြစ်သော ညောင်စောင်း၌ တင်စား၍ ဆိုသကဲ့သို့ ဌာနဥပစာရသို့ လိုက်၍ ဌာနီဖြစ်သော ဘုန်းတော်ကြီးသာ မေတ္တာလောင်းသည်ကို ဌာနဖြစ်သော အသက်ဝိညာဉ် မရှိသောကျောင်း၌ တင်စား၍” ကန်တော်မင်းကျောင်း မေတ္တာလောင်းသော ဟူ၍ မိန့်တော်မူသတည်း။
တချက်လည်း အိုးနှင့် မကင်းမကွာ ဖြစ်သောကြောင့် အိုး ယူခဲ့ဆိုလျှင် ထောပတ်၊ ထောပတ်ယူခဲ့ဆိုလျှင် အိုး ပါသကဲ့သို့ မကင်းမကွာဖြစ်သော အဓိပ္ပာယ်နည်း။
အောက်ခြေမှတ်စု
( ၁ ) ကျောင်းသည် ထည်ရာဌာနဖြစ်၏၊ ကျောင်းနေပုဂ္ဂိုလ်သည် တည်းမှီနေသူ ဌာနီဖြစ်၏၊ ဌာန၏အမည်ကို ဌာနီ၌ တင်စား၍ ဆိုသောကြောင့် (ဌာန-ဥပစာ) ဌာနူပစာဖြစ်သည်။
စာမျက်နှာ ၁၄
အားဖြင့် ကျောင်းနှင့် ကျောင်းနေပုဂ္ဂိုလ်သည် မကင်းသောကြောင့် ကျောင်းဆိုလျှင် ကျောင်းနေပါသင့်သော အကြောင်းကို ရည်၍ “ကန်တော်မင်းကျောင်း မေတ္တာလောင်းသော” ဟူ၍ မိန့်တော်မူသတည်း။
ထောပတ်ကိုသာ အိုးနှင့်မထည့်၊ ရေကို၎င်း၊ ဆီကို၎င်း၊ အိုးနှင့်ထည့်လျှက် ထောပတ်ကိုသာ ဆိုလေသည်ကား ရေကို အလိုရှိခိုက်သာ အိုးတွင်ထည့်သည်၊ မြစ်၊ ချောင်း၊ ကန် အစရှိသည်တို့၌ အိုးနှင့်ကင်း၍ တည်သည်၊ ထောပတ်မူကား အခါခပ်သိမ်း အိုးနှင့် မကင်းသောကြောင့် ထောပတ်ကိုပုံပြု၍ ဆိုလေသည်။
တချက်လည်း “ကန်တော်မင်းကျောင်း၌ သီတင်းသုံးသော ပုဂ္ဂိုလ် မေတ္တာ လောင်းအပ်သော” ဟူ၍ ဆိုသင့်လျှက် လင်္ကာစကားစပ် ဖြစ်သောကြောင့် ကျောင်း၌သီတင်းသုံးသော ပုဂ္ဂိုလ် ဟူသော ဗောဓိမဏ္ဍိုင်၏ အခန်းအဝကို ပိုင်က-ဟူ၍ ဆိုအပ်လျှက် ၏-တလုံး၊ အ-နှစ်လုံးကိုချ၍ “ဗောဓိမဏ္ဍိုင်ခန်းဝပိုင်က” ဟူ၍သာ မိန့်တော် မူလေသည်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment