တစုံတခုသော ပစ္စည်းများ ပြည့်စုံကုံလုံရုံ မျှမက ပိုလျှံ၍ပင်နေသော နေရာမျိုးတွင် နောက်ထပ် ထိုပစ္စည်းများ ထပ်မံ တိုးပွားလာ လေ့ရှိတတ်၏။ ထိုအခါမျိုးတွင် “ရေများရာ မိုးရွာ” ဟူသော စကားပုံဖြင့် ခိုင်းနှိုင်းပြောဆို ကြလေသည်။ ရေမရှိ၍ ရေလိုအပ်နေသော အရပ်များတွင် မိုးမရွာဘဲ၊ မြစ်ချောင်း၊ အင်း အိုင်၊ ပင်လယ်၊ သမုဒ္ဒရာစသည့်ရေများရာ အရပ်များတွင် မိုးရွာ၍ မည်သို့အကျိုးရှိအံ့နည်း ဟူသော အဓိပ္ပာယ်ကိုဆောင်ပေးသည်။
ဥပမာ သားသမီးလိုချင်သောမိဘများတွင် သားသမီး မွေးဖွားခြင်းမရှိဘဲ၊ သားသမီးပေါ များလှ၍ သားသမီးမလိုချင်တော့သော မိဘ များ၌ နောက်ထပ် သားသမီး တိုးပွား ရရှိလာ သည့်အခါများတွင် “ရေများရာမိုးရွာ” ဟူ၍ ပြောဆိုကြလေသည်။ (မောင်ဝင်းမြတ်)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment