Skip to main content

တိုးတက်ပြောင်းလဲခြင်းဟူသည်

(တောလည်းကျ ခေတ်ကလည်းနောက်ကျသူ)

ငယ်ငယ်က မှတ်သားသင်ယူခဲ့ရသည် -

အတိုင်းအတာကို တထွာ၊ တထောင် စသည်။

အလေးချိန်မှာ အစိတ်သား၊ ငါးဆယ်သား၊ တပိဿာ စသည်။

အကွာအဝေးဆို တတိုင်၊ ခရီးတသောင်း စသည်။

မြို့သွား ကျောင်းနေ သင်္ချာသင်ရသည်။

၁၂ လက္မ ၁ ပေ၊ ၃ ပေ ၁ ကိုက်၊

၈ ဖါလုံ ၁ မိုင်

၁၆ အောင်စ ၁ ပေါင်၊ ၂၈ ပေါင် ၁ ကွာတ။

ဆေးကျောင်းရောက်တော့ -

မီလီဂရမ်၊ ဂရမ်၊

မီလီလီတာ၊ လီတာ စသည်။

အိန္ဒိယရောက်တော့ -

ကီလို

လီတာ

ယူအက်အေရောက်တော့ -

မိုင်

ပေါင်

ဆေးပညာမှာ

အလေးချိန်နှင့် ထုထည် တိုင်းတာမှုများအတွက် မက်ထရစ်စနစ် (Metric system) ကို အသုံးပြုကြပါသည်။ ဒသမကိန်းအခြေခံ တွက်ချက်မှုများကို တိကျစွာ ပြုလုပ်နိုင်သောကြောင့် ဖြစ်ပါသည်။ အခဲပုံစံ ဆေးဝါးပမာဏများကို အလေးချိန် (ဒြပ်ထု) ဖြင့် တိုင်းတာပြီး အရည်ပုံစံ ဆေးဝါးများနှင့် သွေးပြန်ကြောသွင်း ဆေးရည်များကို ထုထည်ဖြင့် တိုင်းတာကြပါသည်။

ကီလိုဂရမ် (Kilogram - kg) - ခန္ဓာကိုယ်အလေးချိန်နှင့် အလေးချိန်ပေါ် မူတည်၍ ဆေးပမာဏ တွက်ချက်ရာတွင် အသုံးပြုပါသည်။ (၁ ကီလိုဂရမ် = ၂.၂ ပေါင်)

ဂရမ် (Gram - g) - ပမာဏများသော ဆေးဝါးများ သို့မဟုတ် လိမ်းဆေးဆီများအတွက် အသုံးပြုပါသည်။ (၁ ဂရမ် = ၁,၀၀၀ မီလီဂရမ်)

မီလီဂရမ် (Milligram - mg) - ဆေးပြားနှင့် ဆေးတောင့်များ၏ သတ္တိပမာဏ ပုံသေတိုင်းတာရာတွင် အသုံးအများဆုံး ယူနစ်ဖြစ်ပါသည်။ (၁ မီလီဂရမ် = ၁,၀၀၀ မိုက်ခရိုဂရမ်)

မိုက်ခရိုဂရမ် (Microgram - mcg သို့မဟုတ် µg) - ဟော်မုန်းများ သို့မဟုတ် သွေးကျဲဆေး အချို့ကဲ့သို့ အာနိသင် အလွန်ထက်သော ဆေးဝါးများအတွက် အသုံးပြုပါသည်။ (၁ မီလီဂရမ် = ၁,၀၀၀ မိုက်ခရိုဂရမ်)

လီတာ (Liter - L) - သွေးပြန်ကြောသွင်း ပုလင်း/အိတ်များ (IV drip bags) နှင့် ခန္ဓာကိုယ်မှ ထွက်ရှိသော အရည်ပမာဏကဲ့သို့ အရည်ပမာဏ အမြောက်အမြားအတွက် အသုံးပြုပါသည်။ (၁ လီတာ = ၁,၀၀၀ မီလီလီတာ)

မီလီလီတာ (Milliliter - mL) - ဆေးထိုးပြွန်များ၊ သောက်ဆေးခွက်များနှင့် သွေးပြန်ကြောသွင်း ဆေးစီးနှုန်းများအတွက် အရည်ပုံစံ ဆေးဝါးများတွင် အသုံးပြုပါသည်။ (၁ မီလီလီတာသည် ၁ စီစီ / cc နှင့် ညီမျှပါသည်။)

ဆေးပညာတိုးတက်လာပါသည်။ 

အတိုင်းအတာ ယူနစ် ခေါ် တန်ဖိုးတွေ အသေးစိတ်လာသည်။

မိုက်ခရိုနှင့် နာနို တိုင်းတာမှုများ

မိုက်ခရို တိုင်းတာမှုများ (10^(-6))

မိုက်ခရိုယူနစ်တခုသည် မူလယူနစ်တခု၏ သန်းပေါင်းတသန်းပုံ တပုံကို ကိုယ်စားပြုပါသည်။ ၎င်းကို ဂရိအက္ခရာ မူ (μ) ဖြင့် အမှတ်အသားပြုလေ့ရှိသော်လည်း၊ လက်ရေးဆိုးရွားမှုကြောင့် ဖြစ်ပေါ်လာနိုင်သည့် အန္တရာယ်ရှိသော ဆေးဝါးအမှားအယွင်းများကို ရှောင်ရှားရန် ဆေးရုံ/ဆေးခန်းများတွင် "mc" ဟု အသုံးပြုကြပါသည်။

မိုက်ခရိုဂရမ် (μ"g"  သို့မဟုတ် "mcg" ) - ဖင်တနီးလ် (Fentanyl)၊ လီဗိုသိုင်းရောက်ဆင်း (Levothyroxine) သို့မဟုတ် အက်ပီနက်ဖရင် (Epinephrine) ကဲ့သို့ အာနိသင် အလွန်ထက်သော ဆေးဝါးများအတွက် စံယူနစ်ဖြစ်ပါသည်။

မိုက်ခရိုလီတာ (μ"L"  သို့မဟုတ် "mcL" ) - ဓာတ်ခွဲခန်း သွေးစစ်ဆေးမှုများတွင် သွေးရည်ကြည် ပမာဏအနည်းငယ်ကို တိုင်းတာရန် အသုံးပြုပါသည်။

မိုက်ခရိုမီတာ / မိုက်ခရွန် (μ"m" ) - ဆဲလ်အရွယ်အစားများ (ဥပမာ - သွေးနီဥတဥ၏ အကျယ်သည် ၇ မိုက်ခရိုမီတာ ခန့်ရှိသည်) နှင့် ဗက်တီးရီးယားများ၏ အရွယ်အစားကို တိုင်းတာပါသည်။

မိုက်ခရိုအီကွိဗာလန့် (μ"Eq"  သို့မဟုတ် "mcEq" ) - သွေးနမူနာငယ်များအတွင်းရှိ သီးခြား အီလက်ထရိုလိုုက် (Electrolytes) များ၏ ဓာတုလုပ်ဆောင်မှုစွမ်းအားကို တိုင်းတာပါသည်။

နာနို တိုင်းတာမှုများ (10^(-9))

နာနိုယူနစ်တခုသည် မူလယူနစ်တခု၏ သန်းပေါင်းတထောင်ပုံ တပုံကို ကိုယ်စားပြုပြီး အက္ခရာ "n" ဖြင့် အမှတ်အသားပြုပါသည်။ ဤယူနစ်များသည် မော်လီကျူးများ၊ ဒီအန်အေ (DNA) နှင့် ဟော်မုန်းပမာဏများကို တိုင်းတာပါသည်။

နာနိုဂရမ် ("ng" ) - ဟော်မုန်းပမာဏများ (တက်စတိုစတီရုန်း၊ သိုင်းရွိုက်ဟော်မုန်း) နှင့် ကင်ဆာရောဂါ အမှတ်အသားများ (PSA) ကဲ့သို့ သွေးတွင်း ပါဝင်မှုပမာဏများကို တိကျစွာ တိုင်းတာပါသည်။

နာနိုမီတာ ("nm" ) - ဒီအန်အေ၏ အကျယ် (၂ နာနိုမီတာ)၊ ဗိုင်းရပ်စ်များ (၂၀–၄၀၀ နာနိုမီတာ) နှင့် ဆေးဘက်ဆိုင်ရာ လေဆာများတွင် သုံးသော အလင်းလှိုင်းအလျားများ အပါအဝင် မော်လီကျူးအဆင့် တည်ဆောက်ပုံများကို တိုင်းတာပါသည်။

နာနိုမိုးလ် ("nmol" ) - သွေးနမူနာအတွင်းရှိ မော်လီကျူး အရေအတွက် အမှန်ကို တိုင်းတာပြီး ဟော်မုန်း သို့မဟုတ် ဇီဝရုပ်ဖြစ်ပျက်မှုဆိုင်ရာ စစ်ဆေးမှုများတွင် မကြာခဏ အသုံးပြုပါသည်။

နာနိုလီတာ ("nl" ) - အဆင့်မြင့် ဓာတ်ခွဲခန်း စက်အလိုအလျောက်စနစ်များနှင့် အသေးစား အရည်စီးဆင်းမှုစနစ်သုံး ရောဂါရှာဖွေရေး ကိရိယာများတွင် အသုံးပြုပါသည်။

"ကောက်ချက်"

(၁)

ယူနစ် ခေါ် တန်ဖိုးတွေဟာ မူကွဲသဘောဖြစ်ပါတယ်။

တပိဿာ = 1.6329 kg = 3.6 lb = 100 ticals (local Burmese unit)

၁ မိုင် = 1.6 kilometers (1,609.3 meters)

၁ ဂါလံ (US liquid gallon) = 3.785 litres

(၂)

တိုးတက်ပြောင်းလဲခြင်းဟူသည်

ပိုပြီး တိကျလာရတယ်။

ပိုမို ကောင်းမွန်လာရတယ်။

ပိုပြီး မြန်ဆက်စေရမယ်။

အဓိက ပိုမှန်ရမယ်။

(၃)

အလားတူ မြန်မာစာမှာ

- စံကိုက်စာလုံးပေါင်းသတ်ပုံတွေရှိတယ်။

- မူကွဲစာလုံးပေါင်းသတ်ပုံတွေရှိတယ်။

- မူပြင်စာလုံးတွေရှိတယ်။

- မူပျက်စာလုံးတွေရှိတယ်။

- မူမှားတွေရှိတယ်။

အဲလိုဟာတွေကတော့ -

အလေးခိုးထားလို့ အလေးချိန်မပြည့်တာနဲ့ တူတယ်။ (ကန်တော့)

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ