အပင်ပေါက်လာပြီ။
ပြီးခဲ့တဲ့တပတ်လောက်က စမ်းကြည့်ပါလား ပြောတာနဲ့ ပန်းအိုးထဲ ပျိုးထားတာ။
အနားမှာလည်း ထပ်တရာပန်း ခေါ် ကုလားဘုရားပန်း ခေါ် ချစ်တီးပန်း။
အညာမှာတော့ ဆောင်းအဝင်လောက်ဆို ကုလားပဲခင်းတွေ စိမ်းစို ပြာလဲ့လဲ့။
ကုလားပဲရွက် ခူးချက်စားကြတယ်။ ငပိ၊ ငရုတ်သီး၊ ဆီ ပါလေကာ၊ အရည်သောက်။ သောက်ဆမ်း။
အသီးသီးတော့ ဆွတ်ပြီး မီးဖုတ်စားကြတယ်။
ကုလားပဲခင်းပုံမြင်လို့ ကုလားပဲဈေး မတက်ကောင်းပါရဲ့။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment