တခုလောက် မေးပါရစေ ဆရာ။ လူပါးဝသည် နဲ့ လူဝါးဝသည် အမှန်က ဘယ်တခုလည်း ဆရာ
လူပါးဝသည်က မူရင်းအသုံးဖြစ်ပါတယ်။
အကင်းပါး၊
လူပါး၊
မြွေပါးကင်းပါး။
ပါးနပ်။
• လူနိုင် – န / လူနိုင် /
1. တစုံတဦးအပေါ်တွင် အကြောင်းတခုခုကြောင့် ဩဇာလွှမ်းမိုးနိုင်စွမ်းရှိသူ။ "ဤသူမှာ လူနိုင်ဖြစ်နေသဖြင့် ကျွန်တော်ထုတ်၍ မငှားလိုသော စာအုပ်ကိုပင် ထုတ်ပေးလိုက်ရတော့သည်။"
2. အကြောင်းတခုခုကြောင့် တစုံတဦး၏ ဩဇာလွှမ်းမိုးမှုကို ခံရသူ။ "ဖျာမရှုပါမပူပါနဲ့။ ဇာတ်ထဲမှာ ကျွန်တော့်လူနိုင်တွေ ပါလာပါတယ်။"
• လူနည်းစု – န / လူနဲ့စု / တဘက်နှင့်နှိုင်းယှဉ်လျှင် အရေအတွက်အားဖြင့် နည်းလျော့သော အပိုင်းပါလူ။
• လူပါး – န / လူပါး /
1. သိမြင်လွယ်သူ။
2. မိမိအကျိုးအတွက် အရာအခွင့်သိသူ။
• လူပါးဝ – နဝိ / လူပါးဝါ / လူပါးဝ – နဝိ နှင့် အတူတူ။
• လူပလေလူတေ – န / လူဗေလူဒေ / ထင်ရာကို ပြုလုပ်၍ မိုက်မဲဆိုးသွမ်းသူ။ ဆိုးဆိုးမက်သူ။
• လူပေါ် – န / လူပေါ် / မြှောက်ပင့်မှှု၌ သာယာတတ်ပြီး သာမန်လူတို့ ဣန္ဒြေစောင့်စည်း၍ မဝံ့မရဲသည့်အမှုကို ပြုမူတတ်သူ။
• လူပေါ်လူဇော် – န / လူပေါ်လူဇော် / သူတပါး အပေါ်တွင် အသာရအောင် ပါးနပ်စွာ ကြိုးစား ဆောင်ရွက်လေ့ရှိသူ။ သူတပါးထက် ကျွမ်းကျင်စွာ ကိုယ်ကျိုး အခွင့်အရေး ယူတတ်သူ။
• လူပို – န / လူပို /
1. သတ်မှတ်ထားသော အရေအတွက်မှအပ ဖြစ်သောသူ။ သတ်မှတ်ထားသော အစုအဖွဲ့၌ မပါသော အလွတ်လူ။
2. မိသားစုအတွင်း၌ အလုပ်အကိုင် တာဝန် သတ်မှတ်ထမ်းဆောင်ခြင်းမရှိသောသူအား။ မိသားစုမှအပ ဖြစ်သော အတူနေအပြင်လူ။
တခြား မှတ်ရန်သတ်ပုံများ
တစုံတဦး
အကြောင်းတခုခုကြောင့်
တဘက်နှင့်နှိုင်းယှဉ်လျှင်
သူတပါးထက်
ဒေါက်တာတင့်ဆွေ
Comments
Post a Comment