ရှာဖွေတွေ့ရှိခြင်းများ
၁။ တလောတုန်းက (ကာတွန်း)
၂။ တစ်လောက (ဝစ်ရှင်နရီ)
၃။ "တစ်လောတုန်းက" ဆိုသည်မှာ (AI Overview)
၄။ မြန်မာအဘိဓာန် အကျဉ်းချုပ်၊ အတွဲ ၂ (၁၉၇၉)
တလော – န / တလော / ၁၊ တကြိမ်။ တခါ။ တခေါက်။ တဆင့်။ “တလောတခါ၊ ဆရာရွတ်ပြပုံမှာလည်း၊” ခွေး၊ ဒု။ ၅၅။ ၂၊ (မကြာသေးသော) အချိန်အခါ။ “ကျုပ်မှာ ခုတလော လက်ကိုင်တော်ရှုပ်နေလို့၊” လွမ်း၊ ပ။ ၆၄။
တလင်ကွာ – န / တလင်ဂွာ / ယောက်ျားတဆက် ကွာပြီးသော မိန်းမ။ တခုလပ်။
တလင်း – န / တလင်း / ကောက်စပါး စသည်နယ်ရာ မြေပြင်။ မြေညီမြေပြန့် အကွက်။
တလင်းခေါက် – ကြိ / တလင်းခေါက် / တလင်းကို ကျွဲ၊ နွား၊ လှည်းများဖြင့်နင်း၍ မာသည်ထက်မာအောင် လုပ်သည်။
တလင်းတက် – ကြိ / တလင်းတက် / စပါးလုပ်ငန်း ပြီးစီးသည်။
တလင်းတက်ကျီဝင် – န / တလင်းဒက်ကျီဝင် / စပါးလုပ်ငန်းပြီးစီး၍ ကျီကြထဲသို့ သွင်းပြီးချိန်။
"လောက"
မြန်မာစကားတွင် "လောက" ဆိုသည့် ပုဒ်ကို လူပုဂ္ဂိုလ်၊ အသက်မွေးဝမ်းကျောင်း၊ ဝါသနာ၊ သို့မဟုတ် အဝန်းအဝိုင်းတခုခုကို သီးခြားခွဲခြားညွှန်းဆိုရာ၌ အမည်နောက်မှ နောက်ဆက်တွဲပုဒ်အဖြစ် ကျယ်ပြန့်စွာ သုံးစွဲကြပါသည်။
ပါဠိဘာသာ လောက (Loka) မှ ဆင်းသက်လာပြီး အဓိပ္ပာယ်မှာ "နယ်ပယ်၊ အဝန်းအဝိုင်း၊ အသိုင်းအဝိုင်း" ဟု အဓိပ္ပာယ်ရပါသည်။
အသက်မွေးဝမ်းကျောင်းနှင့် မူပိုင်နယ်ပယ်ဆိုင်ရာ လောကများ
စာပေလောက – စာရေးဆရာ၊ ကဗျာဆရာ၊ စာပုံနှိပ်ထုတ်ဝေသူများ၏ နယ်ပယ်။
ဂီတလောက – အဆိုတော်၊ တေးရေး၊ တူရိယာပညာရှင်များ အဝန်းအဝိုင်း။
ရုပ်ရှင်လောက – သရုပ်ဆောင်၊ ဒါရိုက်တာ၊ ရုပ်ရှင်ထုတ်လုပ်သူများ၏ အသိုင်းအဝိုင်း။
သတင်းမီဒီယာလောက – သတင်းထောက်၊ အယ်ဒီတာများ၏ နယ်ပယ်။
ဆေးပညာလောက – ဆရာဝန်၊ သူနာပြုနှင့် ကျန်းမာရေးဝန်ထမ်းများ၏ နယ်ပယ်။
ပညာရေးလောက – ဆရာ၊ ဆရာမများနှင့် ပညာရေးဝန်ထမ်းများ အသိုင်းအဝိုင်း။
စီးပွားရေးလောက – ကုန်သည်၊ လုပ်ငန်းရှင်များနှင့် ကုန်သွယ်မှုနယ်ပယ်။
တရားဥပဒေလောက / ဥပဒေလောက – ရှေ့နေ၊ တရားသူကြီး၊ ဥပဒေပညာရှင်များ အဝန်းအဝိုင်း။
နိုင်ငံရေးလောက – နိုင်ငံရေးသမားများနှင့် နိုင်ငံရေးလှုပ်ရှားသူများ နယ်ပယ်။
အလေ့အကျင့်၊ အပြုအမူနှင့် ဝါသနာဆိုင်ရာ လောကများ
ဖဲသမားလောက / လောင်းကစားလောက – ဖဲရိုက်သူများ၊ လောင်းကစားသူများ၏ အဝန်းအဝိုင်း။
အရက်သမားလောက – သောက်စားမူးယစ်သူများ၏ သီးခြားအသိုင်းအဝိုင်း။
ကြက်တိုက်သမားလောက / ကြက်ဝိုင်းလောက – တိုက်ကြက်မွေးသူများနှင့် ကြက်ဝိုင်းလိုက်သူများ နယ်ပယ်။
အနုပညာလောက – ပန်းချီ၊ ပန်းပု စသည့် အနုပညာဖန်တီးသူများ၏ အဝန်းအဝိုင်း။
အားကစားလောက – အားကစားသမားများနှင့် နည်းပြများ နယ်ပယ် (ဥပမာ - ဘောလုံးလောက၊ လက်ဝှေ့လောက)။
ဘာသာရေးနှင့် သဘာဝလွန်ဆိုင်ရာ လောကများ
လူ့လောက – လူသားများ နေထိုင်ရာ ကမ္ဘာ။
ဒေဝလောက / နတ်လောက – နတ်ဗြဟ္မာများ စံမြန်းရာ ဘုံ။
ငရဲလောက / အပါယ်လောက – ဒုဂ္ဂတိဘုံ အဝန်းအဝိုင်း။
ပြိတ္တာလောက / သရဲတစ္ဆေလောက – အောက်လမ်း၊ သရဲတစ္ဆေများ နယ်ပယ်။
စိတ္တဇလောက / အိပ်မက်လောက – စိတ်ကူးယဉ် သို့မဟုတ် စိတ်၏ ဖန်တီးမှုနယ်ပယ်။
ခေတ်သစ် အသုံးများ
အွန်လိုင်းလောက / အင်တာနက်လောက – ဆိုရှယ်မီဒီယာနှင့် နည်းပညာအဝန်းအဝိုင်း။
နည်းပညာလောက – IT နှင့် စက်မှုနည်းပညာဆိုင်ရာ နယ်ပယ်။
ကောက်ချက်
ထို့ကြောင့် "တစ်လောက" ဟူသည် စာ၊ ကဗျာ၊ သီချင်း၊ သတင်း၊ တရားတွေကို အစကနေ အဆုံးထိ "တစ်" နဲ့ ရေးသာကြတဲ့လောကကို ဆိုလိုပါတယ်။ မြန်မာပြည်မှာ ၁၉၈၆ ခုနှစ်ကနေ စတင်ဖြစ်ပေါ်လာပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment