ပြန်စာ
မိဘအရင်းတွေကနေ ငါ့သား၊ ငါ့သမီးလိုပြောတာ သင်မှန်ပါတယ်။
အဘိဓာန်နဲ့ သတ်ပုံကျမ်းတွေမှာ ငါ့ လို့ မပါ။ ငါ လို့သာပါတယ်။
မြန်မာအဘိဓာန်နှင့် သတ်ပုံကျမ်းများတွင် အဓိက မူရင်းပကတိနာမ်စားအဖြစ် "ငါ" (တတိယဝိဘတ် သို့မဟုတ် မူလနာမ်စား) ကိုသာ အခြေခံဝေါဟာရ (Headword) အဖြစ် ဖော်ပြလေ့ရှိကြပြီး "ငါ့" ကိုတော့ ဝိဘတ် သို့မဟုတ် အက္ခရာသံပြောင်းအဖြစ်သာ ကဏ္ဍခွဲ၍ သုံးကြပါသည်။
"ငါ့" (ဂရုသံ / အောက်မြစ်ပါ) သုံးစွဲမှုနှင့် ပတ်သက်၍ မြန်မာစာပေဆိုင်ရာ ရှင်းလင်းချက်များ -
၁။ ပိုင်ဆိုင်ခြင်း အနက် (Possessive Case)
မြန်မာစာ၌ "ငါ" ၏ နောက်တွင် ပိုင်ဆိုင်ခြင်းပြ "၏" ဝိဘတ် ယှဉ်တွဲသောအခါ "ငါ့" ဟု သံတို (အောက်မြစ်) ဖြစ်သွားရပါသည်။
ငါ + ၏ = ငါ့ (ဥပမာ - ငါ့စာအုပ်၊ ငါ့အိမ်၊ ငါ့တိုင်းပြည်)
စာပေအရေးအသားတွင် "ငါ၏ အိမ်" ဟု ရေးသကဲ့သို့ စကားပြောနှင့် ကဗျာ/လင်္ကာ အသုံးတို့တွင် "ငါ့အိမ်" ဟု ပိုင်ဆိုင်ကြောင်းပြရန် "ငါ့" ကို သုံးပါသည်။
၂။ ကံဝိဘတ် သဘော (Objective Case)
တခုခု၏ ပြုလုပ်ခြင်း/သက်ရောက်ခြင်းကို ခံရသည့်အခါ (သို့မဟုတ်) ဦးတည်ရာပြ "သို့ / အား / ကို" ဝိဘတ်များ ယှဉ်တွဲသည့်အခါတွင်လည်း သံတိုအဖြစ် ပြောင်းလဲသုံးစွဲပါသည်။
ငါ + ကို = ငါ့ကို (ဥပမာ - ငါ့ကို ပေးပါ၊ ငါ့ကို ပြောပါ)
ငါ + အား = ငါ့အား (ဥပမာ - ငါ့အား သနားပါ)
သတ်ပုံနှင့် အဘိဓာန်များတွင် မပါဝင်ရသည့် အကြောင်းအရင်း
အဘိဓာန်နှင့် သတ်ပုံကျမ်းများသည် "မူရင်း ပကတိနာမ်" (Root words) များကိုသာ အဓိက ခေါင်းစဉ်တပ်၍ ပြဆိုသောကြောင့် ဖြစ်ပါသည်။
"ငါ" သည် မူလ နာမ်စား (Personal Pronoun) ဖြစ်သည်။
"ငါ့" သည် "ငါ" ၏ နောက်တွင် "၏၊ အား၊ ကို" စသည့် ဝိဘတ်များ ပေါင်းစပ်လိုက်ခြင်းကြောင့် ဖြစ်
အောက်မြစ်ထည့်ရင် ၏ သဘော၊ ပိုင်ဆိုင်မှုသဘော ဖြစ်စေတယ်။
ငါ့သား
ငါ့သမီး
ငါ့သူငယ်ချင်း
ငါ့လူ
ငါ့ဘက်သား
ငါရန်သူ
ငါ့နိုင်ငံ
ငါ့သွေးသား
ငါ့ဥစ္စာ
ငါ့စာအုပ်
ငါ့ဆွေ
ငါ့အမျိုး
ငါ့ဘိုးဘွား
တရားစာတွေမှာ ငါ့ရှင် လို့သုံးတယ်။
မိမိ၏ သဘောလည်း ဖြစ်ပါတယ်။
"မင်းသုဝဏ်၏ ကာရန်မဲ့ကဗျာတပုဒ်"
ဓနိယ နွားကျောင်းသား ဆို၏။
ငါသည်
ထမင်းချက်ပြီးပြီ။
ဤမဟီ မြစ်ကမ်းပါး၌
အပေါင်းအသင်းတို့နှင့်
ငါနေ၏။
တင်းကုပ်ကို မိုးပြီးပြီ။
မီးကို ညှိပြီးပြီ။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဘုရားသခင် ဆိုတော်မူ၏။
ငါ့တွင်
အမျက်မရှိ။
ငြောင့်တံတင်းလည်း ကင်း၏။
ဤ မဟီမြစ်ကမ်းပါး၌
တညတာမျှ ငါနေသည်။
ငါ့တင်းကုပ်သည်
အမိုးဟင်းလင်း ဖြစ်၏။
ငါ့မီးသည်
ငြိမ်းသတ်ပြီး ဖြစ်၏။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဓနိယ နွားကျောင်းသား ဆို၏။
ဤအရပ်၌
မှက် ခြင် ယင်ရဲတို့ မရှိ။
ရေကြည်ရာ မြက်နုရာ၌
ငါ့နွားများ ကျက်စားကြသည်။
မိုးကြီး ရွာလည်း
သူတို့ ခံနိုင်ရည် ရှိကြပါ၏။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဘုရားသခင် ဆိုတော်မူ၏။
ငါသည်
ဖောင်ကို ကောင်းစွာဖွဲ့၍
ဝဲသြဃကို ဖြတ်ကူးကာ
တဖက်ကမ်းသို့ ရောက်ခဲ့ပြီ။
ငါ့အဖို့ ဖောင်ကုတို့သည်
မလိုတော့။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဓနိယ နွားကျောင်းသား ဆို၏။
ငါ့မယားသည်
ငါ့အလိုသို့ လိုက်၏။
တည်ကြည်၏။
ငယ်ပေါင်း ကြင်ဆွေ ဖြစ်၏။
သူ၏ အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဘုရားသခင် ဆိုတော်မူ၏။
ငါ့စိတ်သည်
ငါ့အလိုသို့ လိုက်၏။
ကိလေသာမှ လွတ်မြောက်ခဲ့၍
ကြာရှည်စွာ ပွားများအပ်သည်
ကောင်းမွန်စွာ ဆုံးမအပ်သည်
ဖြစ်သောကြောင့်
မကောင်းမှု မရှိတော့။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဓနိယ နွားကျောင်းသား ဆို၏။
ငါသည်
ကိုယ်ပိုင်အလုပ်ဖြင့်
အသက်မွေး၏။
ငါ့သားသမီးတို့သည်
ငါနှင့်အတူ နေကြ၏။
ကျန်းမာသန်စွမ်းကြ၏။
သူတို့အကြောင်း
မကောင်းသတင်း ငါမကြားရ။
ရွာလိုရွာလော့ မိုးနတ်သား။ ။
ဘုရားသခင် ဆိုတော်မူ၏။
ငါသည်
သူခစား မဟုတ်။
ရအပ်သော အစွမ်းဖြင့်
ခပ်သိမ်းသော လောကတွင်
ငါ လှည့်လည်၏။
ငါ့ အဖို့
အခကြေးငွေ မလိုတော့။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဓနိယ နွားကျောင်းသား ဆို၏။
ငါ့မှာ
နွားသိုးပေါက်များ ရှိ၏။
နို့စို့နွားငယ်များ ရှိ၏။
ဇီးနှင့် နွားမများလည်း ရှိ၏။
ရှေ့ဆောင် လမ်းပြ
နွားလား ဥဿဘလည်း ရှိ၏။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဘုရားသခင် ဆိုတော်မူ၏။
ငါ့မှာ
နွားသိုးပေါက်များ မရှိ။
နို့စို့နွားငယ်များ မရှိ။
နွားမျိုး မပြတ်အောင်
ဇီးရှိသော နွားမများလည်း မရှိ။
ရှေ့ဆောင် လမ်းပြ
နွားလား ဥဿဘလည်း မရှိ။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဓနိယ နွားကျောင်းသား ဆို၏။
ချည်တိုင် ငုတ်တို့ကို
ခိုင်မြဲစွာ စိုက်ပြီးပြီ။
ဖြူဆံမြက် ကြိုးသစ်ကိုလည်း
ကောင်းစွာ ကျစ်ပြီးပြီ။
ကြိုးသစ်တို့ကို နွားငယ်တို့လည်း
မဖြတ်နိုင်ကုန်။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ဘုရားသခင် ဆိုတော်မူ၏။
နှောင်ကြိုးကို ဖြတ်၍
လွတ်မြောက်သော နွားကဲ့သို့
နွယ်ကြိုးကို ဖြတ်၍
လွတ်မြောက်သော ဆင်ကဲ့သို့
ပဋိသန္ဓေ နေရခြင်းမှ
ငါ လွတ်မြောက်ပြီ။
ရွာလို ရွာလော့ မိုးနတ်သား။ ။
ထိုခဏ၌
ကုန်းကို၎င်း ကျင်းကို၎င်း
ပြည့်လျှမ်း စေလျက်
မိုးကြီး သည်းစွာ ရွာ၏။
မိုးသံကို ကြားရသောအခါ
ဓနိယသည် ဤစကားကို ဆို၏။
ဘုရားသခင်ကို ဖူးမြင်ရ၍
ငါတို့အဖို့ ကျေးဇူး များစွ။
မျက်စိသခင် ကျေးဇူးရှင်။
အရှင်ဘုရားကို ကိုးကွယ်ရာဟူ၍
ကျွန်ုပ်တို့ ဆည်းကပ်ကြပါ၏။
မုနိသနင်း ရဟန်း မင်း
အသျှင်ဘုရားသည် ကျွန်ုပ်တို့၏
ဆရာ ဖြစ်တော် မူပါလော့။
ကျွန်ုပ်တို့ လင်မယားသည်
အသျှင်ဘုရား ထံတော်ပါး၌
မြတ်သော အကျင့်ကို ကျင့်လိုပါ၏။
တဖက်ကမ်းသို့ ကူးမြောက်ကာ
ဆင်းရဲ၏ အဆုံးကို
ပြုလိုကြပါကုန်၏ ဘုရား။ ။ (မင်းသုဝဏ်)
ဒေါက်တာတင့်ဆွေ

Comments
Post a Comment