၁၃၂၄-ခု တန်ခူးလပြည့်ကျော် (၁၂) ရက်။ (အင်္ဂါ) နေ့ ၁၉၆၂-ခု မေလ (၁) ရက်
ဆိုရှယ်လစ်စနစ်သာ တိုင်းပြည် ကြီးပွားမည်။
တပ်မှူးများညီလာခံမှ တော်လှန်ရေးကောင်စီ သဘောထားကို အတည်ပြု၏။
တော်လှန်ရေးကောင်စီဥက္ကဋ္ဌ (ဗိုလ်ချုပ်ကြီးစန်းယု) (မှတ်ချက် - ဓာတ်ပုံအောက် စာတန်း)
တပ်မှူးများ ညီလာခံ
ရန်ကုန် (၃၁။ ၄။ ၆၂)
၁၆ ကြိမ်မြောက် တပ်မတော် တပ်မှူးများ ညီလာခံကို ယနေ့ နံနက် ၈-နာရီ အချိန်က ရန်ကုန် တပ်မတော်...
(သတင်းစာမျက်နှာလယ် ပင်မသတင်း စာပိုဒ်များ)
... မြေတပ် ရထားပုံစံစခန်း စိမ်းလန်းဆောင်တွင် ကျင်းပသည်။ ညီလာခံသို့ တော်လှန်ရေးကောင်စီဝင်များနှင့် စုစည်းလုံးရှိ တပ်ပေါင်းစုမှ တပ်ရင်းမှူးများ၊ တပ်မှူးများ စုံညီတက်ရောက်ကြသည်။
ဒါကြောင့်
ညီလာခံ သဘာပတိအဖြစ် တော်လှန်ရေးကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်းက ဆောင်ရွက်၍ ညီလာခံပွဲ မိန့်ခွန်းကို ပြောကြားသည်။ မိန့်ခွန်းပြောကြားရာတွင် တပ်မတော်အနေဖြင့် အားကိုး သိမ်းခြင်းမှာ လျှော့ဘို့ သာ၍ သိမ်းရှင်းခြင်း ဖြစ်ကြောင်းကို အခြေခံ အကြောင်းများဖြင့် တပ်မှူးများအား အသေးစိတ်ရှင်းပြသွားခဲ့သည်။
ခိုင်မြဲအောင်
တပ်မတော်အားကိုး သိမ်းပိုက်ပြီး တပ်မတော်အနေဖြင့် ယခင်ကထက် တာဝန်များကို ဆောက်ရွက်သွားမည်ဖြစ်ကြောင်း၊ သို့မှသာလျှင် ထိုတပ်ကောင်းမွန်မည်ဖြစ်၏။ တပ်မတော်သည် ယုံကြည်ချက်ကို ခိုင်မြဲစွာ ရှိရန် လိုအပ်လှပြီ ဖြစ်ကြောင်းဖြင့် မိန့်ကြားသွား၏။
ခုမှမဟုတ်
ဆိုရှယ်လစ် စီးပွားရေး စနစ်တခု ကျင့်သုံးမည် ကျေညာချက်မှာ ယခုမှ မဟုတ်ကြောင်း၊ လွတ်လပ်ရေး တိုင်းပြည် ကြီးပွားမည် ဟုလည်း ပွဲ ဦးထုတ်ချုပ်ပု မှ အခြေခံ ဥပဒေတွင် အထိအလင်း ဖော်ပြထားပြီးဖြစ်၏။ ဤစနစ်ကို ထူထောင်ရန် လုပ်ငန်းစဉ်နှင့် အကောင်အထည်ဖေါ်ရန်ကို တော်လှန်ရေးကောင်စီတွင် လွတ်လွတ်လပ်လပ် ဆွေးနွေးသည်။
အရေးယူမည်
ဤသို့ အပြန်အလှန် ဆွေးနွေးသည်ကို တော်လှန်ရေးကောင်စီအတွင်း အုပ်ကွဲနေပြီဟု မဟုတ်သတင်း ဖြန့်နေကြောင်း၊ နိုင်ငံတော် တော်လှန်ရေးကောင်စီ၏ စည်းလုံးညီညွတ်မှုကို မလိုလား သူအား ဖော်ထုတ် အရေးယူရမည် ဖြစ်ကြောင်းဖြင့် မိန့်ကြားသွား၏။
ဝါဒသဘော
၎င်းနောက် ညီလာခံတွင် တော်လှန်ရေးကောင်စီ ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးနေဝင်း ကိုယ်တိုင် တော်လှန်ရေး ကောင်စီ ဝါဒသဘောထား စာစောင်ကို တင်ပြသည်။
အတည်ပြု
၎င်းစာစောင်ကို တနေ့လုံး စိတ်ပါဝင်စားစွာဖြင့် အပိုဒ်အလိုက် ဆက်လက် ကျင်းပ ကြရာ ညနေပိုင်းတွင် တပ်မှူးအားလုံးက ကျေကျေ လုလု လည် ဆွေးနွေးကြပြီး ပြင်ဆင်ချက် တချို့အချက်နှင့်...
လုပ်သားဘဝ (ကဗျာ/ကဗျာတို)
★ မမျှမတ
လုပ်ခနှင့်လုပ်သား
မျှုပွင့်ငယ် ခြေခွင်ကျအောင်
ဠင်းတဝင်နား။
★ ပင်လယ်ကကျယ်
လှေငယ်ကို လှိုင်းပုတ်
ဓနရှင် လုပ်ခရှင်းတယ်
ထမင်းတလုပ်
★ နှိမ်ချွေရာ
ရင်နာတိုင်း ငိုမိ
ဒို့အားနဲ့ မမျှခိုင်းတယ်
ဗိုင်းကောင်း ကျောက်ဖိ။
★ လမ်းရေအိုင်
အနိုင်ကျင့်ခြောက်စားကျတယ်
ဓနရှင် မိုက်သွေး။
(မောင်ခင်တွယ်)
မှတ်ချက်
သတင်းစာဟောင်းလွန်နေလို့ ကူးယူတာအနည်းငယ် လွဲမှားနိုင်ပါတယ်။
စနစ်တခု
တနေ့လုံး
ထမင်းတလုပ်
သတ်ပုံတွေကို ဆိုရှယ်လစ်မလုပ်သေးပါ။
ဒေါက်တာတင့်ဆွေ

Comments
Post a Comment