ဒီနေ့ညစာ ဆီချက်ခေါက်ဆွဲစားပါတယ်။ ဒေါ်မြမြအေးက သူ့မြေးတွေအတွက် စားစရာမျိုးစုံကို တနေကုန် ချက်ပြုတ်ကြော်လှော်ပေးနေရလို့ လွယ်တာ လုပ်ပါသတဲ့။စားလို့ အဆင်ပြေပါတယ်။
အချဉ်နဲ့ ဟင်းချို လုပ်ချိန်မရ။ နေပါစေလို့ ပြောလိုက်တယ်။
ခေါက်ဆွဲကို နန်းပြားနဲ့လုပ်တယ်။ ဘယ်ကလာတာလဲ။ ဒီနိုင်ငံလုပ် စပါဂတီ။
ဟိုနေ့က ဆန်ခေါက်ဆွဲကတော့ အခုခေါက်ဆွဲလောက် မကောင်းလှပါ။
စပါဂတီ (Spaghetti) ဆိုတာ အီတလီနိုင်ငံကနေ စတင်ဆင်းသက်လာတဲ့ ခေါက်ဆွဲခြောက်တမျိုး။ ဂျုံမာ (Durum wheat semolina) နဲ့ ပြုလုပ်ထားပြီး သူတို့ကတော့ ပြုတ်ပြီး ခရမ်းချဉ်သီးဆော့စ်၊ အသားဆော့စ် သို့မဟုတ် သံလွင်ဆီတို့နဲ့ တွဲဖက်သုံးဆောင်ကြပါတယ်။
ဂျုံမာဖြစ်လို့ မာတယ်။ ကျွန်တော့က သိပ်မာတာ မကြိုက်လှပါ။ ဒီနေ့ အဆင်ပြေတယ်ဆိုတာ မမာလို့။
အစပ်အဟပ်ဆိုတာ အငန်၊ အစပ်၊ ဆီ (ကြက်သွန်ဖြူဆီချက်)၊ အသားနည်းနည်း။
ငန်ပြာရည်လည်း အရေးကြီးတယ်။ ဟင်းချိုမှုန့် သုံးလေ့နည်းတယ်။ အစပ်ကတော့ မပါမဖြစ်။
ဘယ်အစားအစာမဆို အဆင်ပြေမှသာ စားကောင်းတယ်။ ဟင်းအမျိုးမျိုးဆိုလည်း အစပ်တည့်မှသာ စားကောင်းတယ်။
ကောင်းပေ့ဆိုတာတွေထည့်တိုင်း စားမကောင်းတတ်ပါ။
ဆိုရှယ်မီဒီယာမှာတော့ အများစုက အမည်ဆန်းတာကိုသာ အဟုတ်ထင်နေကြတယ်။
သူတို့က ကောင်းတာယ်ဆိုလည်း သူတို့အတွက် ကောင်းပါတယ်။
အစားအသောက်တွေက အကြိုက်မတူကြပါ။ အတော်ကို မတူပါ။
မတူတာ လူပီသတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment