စာထဲမှာ ပညာရှင်နှစ်ဦးအမည်တွေပါလို့ တခြားသူတဦး တင်ထားတဲ့ စာတပုဒ်ကို ဖတ်ကြည့်တယ်။
ဦးဖေမောင်တင် နဲ့ မင်းယုဝေ။
ဒါပေမဲ့ စာရေးတဲ့သူကတော့ ဦးဖေမောင်တင် နဲ့ မင်းယုဝေ တို့ရေးသလိုသတ်ပုံတွေမဟုတ်ဘဲ ပေါ်လစီသတ်ပုံတွေနဲ့။
ဦးဖေမောင်တင် နဲ့ မင်းယုဝေ တို့က သတ်ပုံမှန်အောင်ရေးကြတဲ့ ပညာရှင်အစစ်တွေဖြစ်ပါတယ်။
လက်ထဲမှာ လင်သေခံတွေရှိတယ်။
မူရင်းစာအစစ်တွေထဲက သတ်ပုံတွေကို ထင်သလို
ပြင်ကိုးကား
ပြင်တင်
ပြင်သင်
ပြင်ထုတ်တာက
မူရင်းစာရေးသူကို စော်ကားရာကျတယ်။
IPR ခေါ် ပညာပိုင်းဆိုင်ရာမူပိုင်ခွင့်ကို ချိုးဖေါက်တာ။
ခေတ်ကြီးကတော့ IPR ကို သိသူ၊ လေးစားလိုက်နာသူ ရှားတယ်။
Intellectual property rights ပညာပိုင်းဆိုင်ရာမူပိုင်ခွင့် https://burmese-spelling.blogspot.com/2024/06/intellectual-property-rights.html
IPR ကို မလေးစားကြသူတွေ ဖြစ်နေပြီ https://burmese-spelling.blogspot.com/2026/06/ipr.html
ဒေါက်တာတင့်ဆွေ

Comments
Post a Comment