Skip to main content

Ixora coccinea (Jungle flame) ပုဏ္ဏရိပ်ပန်းမဟုတ်ပါ ပုဏ္ဍရိတ်ပန်းဖြစ်ပါသည်



ဆရာရှင့် အခုဖော်ပြပါ ပုံထဲက ပန်းကို ပုဏ္ဏရိပ် လို့ရေးရတာလား။ စာရေးသူရေးထားတာက အမှန်လားရှင့် စိတ်ထဲဒွိဟဖြစ်နေလို့ မေးကြည့်တာပါရှင့်။

ပုဏ္ဏရိပ် လည်း မဟုတ်ပါ။ 

ပုဏ္ဏရိတ် လည်း မဟုတ်ပါ။

ပုဏ္ဍရိက်ပန်း ဖြစ်ပါသည်။

ပုဏ္ဍရိက်ပန်း အရောင်အမျိုးမျိုး ရှိပါသတဲ့။

ပုဏ်

ပုဏ္ဍရိက် – န /ပုန္နယိတ်/ သေးငယ်သော အပွင့်ကလေးများ စုပေါင်း၍ အဆုပ်လိုက် ပွင့်သော နွယ်ယောင် ပင်ယောင် တမျိုး။ [ပါ]

ပုဏ္ဍရိက်ကြာ – န /ပုန္နယိတ်ကျာ/ ကြာဖြူ။

ပုဏ္ဍကတိုက် – ကြိ /ပုန္နကာတိုက်/ နေအိမ်များတွင် နှောင့်ယှက်ခြောက်လှန့်စေနိုင်စွမ်းသည်ဟု ယုံကြည်သော ပယောဂ အစီအရင်ကို ပြုလုပ်သည်။

ပုဏ္ဏမာ – န /ပုန္နမာ/ ပြည့်ဝန်းသောလ။ လဝန်းပြည့်စွာထွက်သောနေ့။ လပြည့်နေ့။ [ပါ]

ပုဏ္ဏား – န /ပုန္နား/ အများအားဖြင့် ဗေဒင်ဟောခြင်း၊ အလှူခံခြင်း စသည်ဖြင့် အသက်မွေးလေ့ရှိသော ဗြာဟ္မဏဇာတ်ဝင် လူမျိုးတမျိုး။

ပုဏ္ဏားကွယ် – န /ပုန္နဂွယ်/ အိမ် အဆောက်အအုံများတွင် တံခါးပေါက် ဘေးတဖက်တချက်ရှိသော အကာ။

ပုဏ္ဏားကွယ်ကား – န /ပုန္နဂွယ်ကား/ ဇာတ်ခုံတွင် က ခွင်ဘေးတဖက်တချက်၌ အတွင်းဘေးတွယ်ခန်းကို မမြင်ရ စေရန် အသေချိတ်ဆွဲထားသော ပိတ်ကား။

ပုဏ္ဏားစားရိုန်းခို – န /ပုန္နားစားရိုန်းခို/ ပျော့ပျောင်း နူးညံ့သည့် ရိုန်းခိုတမျိုး။

ပုဏ္ဏားတိုင် – န /ပုန္နဒိုင်/ နှစ်ဦးနှစ်ဖက်က ခုံသဖုတ်ကဲ့သို့ အားကိုးတိုင်တည်ရာ ကြားလူ။ အခြေခံ အားကိုးမှီခိုရာ။

ပုဏ္ဏားတိုင်မေး – န /ပုန္နဒိုင်မေး/ ကစားမည့်သူများအနက် ခေါင်းဆောင်တဦးထား၍ ထိုသူအားမေးလှည့်ကျသူ တဦးက အကြောင်းအရာအလိုက် သစ်သီး၊ ပန်းစသည်တမျိုး၏အမည်ကို ပြောပြထားပြီး ကျန်ပါဝင်သူများက ထိုသူပြောထားခဲ့သော အမည်ကို မှန်း၍ခေါင်းဆောင်ထံ ပြောရသော ကစားနည်းတမျိုး။

ပုဏ္ဏေးမ – န /ပုန္နေးမ/ ပုဏ္ဏား အမျိုးသမီး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ