Skip to main content

Marigold Flowers ထပ်တရာပန်း


ထပ်တရာပန်းခင်းကြီးပုံနဲ့ တင်ထာတာတခု တွေ့တယ်။ ပန်းအမည်ကို စသတ်ထားတယ်။ နိုင်ငံတော်ပန်း ဖြစ်လိမ့်မယ်။ နိုင်ငံတော်မူက တဝမ်းပူမှန်ရင် အလွတ်မပေးနဲ့။ စသတ်ကြေးတဲ့။

တခြားသူတွေရေးထားတာ

• တချို့ကတော့ ဒေါင်းဖန်ဝါ ပန်းလို့ ခေါ်ကြတယ်၊ ဟိန္ဒူ လူမျိုးတွေကတော့ သူတို့ဘုရားမှာ သီကုံးလှူကြတာ အမြဲတွေရပါတယ်။

• ခုမြင်နေရတာ ကုလားပန်း မဟုတ်လား

• အညာမှာထပ်တရာပန်းတွေ မိုးအကုန်ဆောင်းမှာပွင့်တဲ့ပန်း

• Marigold မာရီကိုး က အင်္ဂလိပ် အမည်လားလို့

• တခုလောက် မေးချင်တာလေးရှိလို့ပါ ဆရာ ထပ်တရာပန်းဆိုတာ တကယ်ရှိတာလားဗျ ကျွန်တော် ကြားဖူးတဲ့ ထပ်တရာပန်းဆိုတာ တနှစ်နေမှ ပွင့်ဖက်(ပွင့်ဖတ်)လေး တဖက်(တဖတ်)ပွင့်တယ်ဆိုလားပဲ အဲ့ပန်းက ဘယ်အရပ်ဒေသမှာ ရှိတာလဲဆိုတာလဲ သိချင်ပါတယ်ခင်ဗျ အဆိုတော်၊သရုပ်ဆောင် ဦးဝင်းဦးဆိုထားတဲ့ သီချင်းထဲမှာလဲ ရေးဖွဲ့ထားတာလဲ ကြားမိလို့ပါ

• ထပ်တရာပန်းပင် - ဝီကီပီးဒီးယား ထပ်တရာပန်းပင်၏ ရုက္ခဗေဒအမည်မှာ C. officinalis 'ကလင်ဒျူလာ အော့ဖီဆီနဲလစ်'ဖြစ်သည်။ 

• Amber - Marigold flowers ထပ်တရာပန်း

• Marigold flower (ထပ်တရာပန်း)

• ဒီပန်းလေးရဲ့ အရောင်လေးတွေကို အသုံးပြုပြီး အစားအသောက် အရောင်ဆိုးဆေးအဖြစ် အသုံးပြုကြပါတယ်။ ဟင်ဒူဘာသာဝင်များက မင်္ဂလာပန်းအနေနဲ့လည်း သုံးကြပါတယ်။ နောက်ထပ် တခြားအသုံးပြုလို့ရတာတွေလဲ ရှိမယ်ထင်တယ် သိရင် ပြန်ပြောသွားကြပါဦး (ပန်းခြံငယ်)

• ထပ်တရာပန်း လေးတွေရပါပြီးနော်။ (Snow ပန်း၊ ပျိုးပင် ရောင်းဝယ်ရေး)

၁။ အိန္ဒိယမှာ ဟင်ဒူဘာသာဝင်တွေက ဘုရားပန်း၊ မင်္ဂလာပန်းသဘော အသုံးပြုကြတယ်။ ပန်းအရွယ် နည်းနည်းသေးပြီး အထပ်လည်း နည်းတယ်။ မမွှေးပါ။

၂။ တချို့က ချစ်တီးပန်းတဲ့။

၃။ နုယဉ်ကဗျာက ထပ်တရာ။

၄။ ဝင်းဦးသီးချင်းတပုဒ်ကလည်း ထပ်တရာလန်း။

“ထပ်တရာ”

အိုးစည်ဗုံသံ၊ ခြိမ့်ခြိမ့်ညံ 

ညီညီလေးတို့ တီးမှုတ်သံ။

ကိုယ်ဟန်နွဲ့လျ၊ ဆံမြိတ်ချ

မမငယ်က ယဉ်အောင်က။

သီကြဆိုကြ၊ တေးကဗျာ

သူငယ်ချင်းတို့ ဝိုင်းဖွဲ့ကာ။

ထပ်တရာ ပြန်ကာကြော့ 

တေးသံနော့နော့၊ လည်မော့မော့။ ။ (နုယဥ်၏ ထပ်တရာကလေးကဗျာများစာအုပ်မှ)

"ထပ်တရာလန်း"

ရေး-မြို့မငြိမ်း 

ဆို-ဝင်းဦး

မြို့မမေတ္တာပို့အမှတ်(၃)

ထပ်တရာ https://dr-tint-swe.blogspot.com/2021/08/blog-post_42.html

ပုံအတွက် ကျေးဇူး။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ