ကွန်မင့်တခု = အစိုးရထံမှာ ခွင့်ပြုချက် တောင်းပြီး "မြန်မာစာ စာလုံးပေါင်းသတ်ပုံ အဘိဓာန်"ထုတ်ပါလား ဆရာ
မေးခွန်း = ဘယ်အစိုးရပါလဲ။
ကမ္ဘာမှာ ဘာသာစာ၊ စကားတွေ အများကြီးရှိတယ်။
တိုင်းပြည်တိုင်းမှာ အဘိဓာန်တွေ ရှိတယ်။
ဘာသာစကား မတူတာတွေရှိရင် တိုင်းပြည်တခုတည်းမှာ အဘိဓာန်တွေ တမျိုးမက ရှိတယ်။
တက်နေတဲ့အစိုးရပြောင်းလို့ အဘိဓာန်ပြောင်းတဲ့ နိုင်ငံကတော့ တခုတည်းသာရှိတယ်။
အဲဒီနိုင်ငံမှာ
ဖွဲ့စည်းပုံတွေကို သတ်ပုံတမျိုးစီနဲ့ ရေးထားတယ်။
ဖွဲ့စည်းပုံတွေများသလောက် အဘိဓာန်တွေများတယ်။
အစိုးရတွေကလည်း များတယ်။
ကျွန်ုပ်တို့တိုင်းပြည်သည်
ညီညွတ်၊ စည်းလုံး၊ သာယာ၊ ဖွံ့ဖြိုး တိုးတက်နေပါသည်။
ဒေါက်တာတင့်ဆွေ
၁၀-၈-၂၀၂၄
Comments
Post a Comment