Skip to main content

Nursery Rhymes သင်ပုန်းကြီးလင်္ကာ

သင်ပုန်းကြီးအလက်ာဆိုတာက ဘာကိုပြောလဲ ဆရာ

အလင်္ကာ မဟုတ်ပါ။

လင်္ကာ ဆိုသည်မှာ ကလေးငယ်များ နှုတ်ရလွယ်ကူ စည်းချက်ကျကျ ရွတ်ဆိုနိုင်ရန် စပ်ဆိုထားသည့် ကဗျာ/စုတ်/စကားပြေ စည်းချက် (Nursery Rhymes / Verse) ဖြစ်ပါသည်။

အလင်္ကာ ဆိုသည်မှာ စာပေအလှအပ၊ တန်ဆာဆင်မှု (Rhetoric / Ornamentation) ကို ရည်ညွှန်းခြင်း ဖြစ်သဖြင့် သင်ပုန်းကြီးကဗျာ

သင်ပုန်းကြီးလင်္ကာဆိုတာ 

အသတ်များ မပါရပါ။

ဗျည်းတွဲများ (ယပင့်၊ ရရစ်၊ ဝဆွဲ စသည်) မပါရပါ။

သေးသေးတင်၊ ရေးချ သို့မဟုတ် အခြား အဆင့်မြင့် သင်ပုန်းကြီး အက္ခရာ အဆင်တန်ဆာများကို အခြေခံအဆင့်၌ ထည့်သွင်းခြင်း မပြုရပါ။

က — ကစွန်းပင် ရေမှာရွှင်။ နသတ်မပါ။

စ — စပယ်ဖြူ၊ မွှေးကြူကြူ။ သေးသေးတင် မပါရပါ။

င — ငပုဏ္ဏား၊ ဟင်းချက်စား။  ရေးချ မပါရပါ။

သင်ပုန်းကြီးလင်္ကာ (ဆရာက နှုတ်တိုက် သင်ကြားပေးရန်)

က — ကစွန်းပင်၊ ရေမှာရွှင်။

ခ — ခရမ်းသီး၊ စားနှင့်လှီး။

ဂ — ဂဏန်းကောင်၊ လက်မထောင်။

င — ငပုဏ္ဏား၊ ဟင်းချက်စား။

စ — စပယ်ဖြူ၊ မွှေးကြူကြူ။

ဆ — ဆရာကြီး၊ ခေါင်းလောင်းတီး။

ဇ — ဇလားမှာ၊ ဆန်ထည့်ပါ။

သင်ပုန်းကြီးလင်္ကာဆိုသည်မှာ မြန်မာစာပေသင်ကြားရေးတွင် အက္ခရာ၊ သရ၊ ဗျည်း၊ သတ်ပုံသတ်ညွှန်းနှင့် အသံထွက်မှန်ကန်စေရန် လွယ်ကူစေရန် ကဗျာလင်္ကာသဘောမျိုးဖြင့် စပ်ဆိုထားပြီး ကျက်မှတ်ရွတ်ဆိုရသော ပညာပေးအခြေခံလက်စွဲစာအုပ် ဖြစ်သည်။

သင်ပုန်းကြီးလင်္ကာ၏ အဓိက အစိတ်အပိုင်းများ

• ဗျည်းတွဲစပ်ခြင်း: ကကြီး၊ ခခွေး စသည်ဖြင့် ဗျည်းအက္ခရာများကို အသံထွက်နှင့် အဓိပ္ပာယ် သို့မဟုတ် မှတ်မိလွယ်သော စကားလုံးများဖြင့် တွဲစပ်ထားသည်။

• သရနှင့်သတ်ပုံ: သရ၊ ယပင်း၊ ရရစ်၊ ဝဆွဲ စသည်တို့နှင့် ပေါင်းစပ်၍ အရေး၊ အဖတ်၊ အသံထွက် စည်းကမ်းများကို ပြသသည်။

• ကျက်မှတ်ရွတ်ဆိုခြင်း: ကျောင်းသားငယ်များ အလွတ်ကျက်မှတ်နိုင်ရန် စည်းချက်ညီညီ ရွတ်ဆိုရသည့် နည်းစနစ်ပါရှိသည်။ 

ပါဝင်သည့် သင်ခန်းစာများ:

ကခဂဃင စသည့် ဗျည်း ၃၃ လုံး။

အအာ အိအီ အုအူ အေအဲ အိုအော အံအး စသည့် သရများ။

ဗျည်းနှော၊ ဗျည်းတွဲများ (ယပင့်၊ ရရစ်၊ ဝဆွဲ၊ ဟထိုး စသည်)။

အသတ်ပုံများ (ကသတ်၊ ငသတ်၊ စသတ်၊ ဉသတ်၊ တသတ်၊ နသတ်၊ ပသတ်၊ မသတ် စသည်)။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ