တင်ထားတဲ့စာ = တတ် နဲ့ တက် မှားနေသည်
ကွန်မင့်တခု = ပေါ့ဆလို့မရတော့ပါ။ ဂျာနယ် မဂ္ဂဇင်းများမှာပါ သည်အမှားကိုတွေ့နေရပါတယ်။ အယ်ဒီတာများ၊ စာတည်းများ ဘာကိုကြည့်သည်မသိ။
မှတ်ချက်
ကျွန်တော်ကတော့ ပြည်တွင်းနဲ့ လက်လှမ်းဝေးလွန်းပါတယ်။
ပြည်တွင်းမှာ ထုတ်ဝေနေတဲ့စာအုပ်သစ်တွေကို မဖတ်ဖူးပါ။
ပြန်ထုတ်စာအုပ်တွေကို ကူးယူတင်ပြနေကြတာကိုတော့ တွေ့နေရတယ်။ တအုပ်တလေမှ မူရင်းအတိုင်း မဟုတ်ကြပါ။
လက်ထဲမှာ စာအုပ်ကောင်း မူရင်းအတန်အသင့် ရှိတယ်။ ယှဉ်ကြည့်တော့ အောက်ပါအတိုင်း လုပ်ပြီး ပြန်ထုတ်နေကြကြောင်း သိရပါတယ်။မူရင်း - ပြန်ထုတ်
တ - တစ်
ပဌမ - ပထမ
သမတ - သမ္မတ
ဒါး - ဓား
ဘဲ - ပဲ
အဒီစာလုံးတွေကို replace all လုပ်ပြီး ပြောင်းကြတယ်။
သက်သေခံတွေ တင်ပြထားတာ များလှပြီ။
ထပ်တိုးလာနေတယ်လို့ တဆင့်စကားသိလာရတာက
တတ် နဲ့ တက်
စင် နဲ့ ဆင်
ဖတ် နဲ့ ဖက်
ပတ်သက်ကို မှန်အောင်မရေးနည်း ၃-၄ မျိုး
နမူနာတခုအဖြစ် မြန်မာ့စွယ်စုံကျမ်း အတွဲ (၁) ပုံနှစ်ခုကို တင်ပြလိုက်ပါတယ်။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment