Skip to main content

Swallow and Barn swallow မိုးစွေငှက်နဲ့ မိုးစာငှက်

(၁၀ နှစ်တိတိကစာ)

မိုးစာငှက်သည် ပျံလွှား၊ ဇီဝဇိုးငှက်တို့နှင့်အတူ အိပိုဒီးဒီးမျိုးရင်းတွင် ပါဝင်၍ ပါဏဗေဒအမည်မှာ ဆစ်ပဆီအာရတ် ပါးဗတ် အင်ဖူးမေးတပ် ဖြစ်သည်။ အလျား ၅ လက်မရှိ၍ တကိုယ်လုံးတွင် ကျပ်ခိုးရောင်ထနေသည့် အညိုရောင်လွှမ်းနေသည်။

မိုးစွေငှက်သည် မိုးစာငှက်နှင့် အသွင်အပြင်ချင်း တူသော်လည်း ကိုယ်အနေအထားတည်ဆောက်ထားပုံချင်းမှာ အလွန် ကွဲပြားသည့်ပြင် မျိုးစဉ်နှင့် မျိုးရင်းချင်းလည်း မတူကြချေ။ မိုးစွေငှက်သည် ပက်ဆာရီဖောမီး မျိုးစဉ်နှင့် ဟီရန်ဒီဒီဒီး မျိုးရင်းတွင်ပါဝင်၍ ပါဏဗေဒအမည်မှာ ဟီရန်ဒို ရတ်စတစ်ကား ဂရက်တူရာလစ်ဖြစ်သည်။ မိုးစွေငှက်သည် ပျံသန်းနေစဉ် တောင်ပံကို တခါတခါ အနည်းငယ် ပိတ်၍ပိတ်၍ ပျံတတ်သော်လည်း မိုးစာငှက်ကား မည်သည့်အခါမျှ တောင်ပံကို မပိတ်ချေ။

အလွန်ထူးခြားသည့်အကြောင်းတရပ်မှာ မိုးစွေငှက်တွင် အလွန်သန်မာသော အတောင်ပံများရှိသောကြောင့် လေထဲတွင်မရပ်မနား တနေ့လုံးလိုလို ပျံသန်းနေနိုင်သည်။ မင်ဟာဒင် ငါးသည် ရေတွင် အလွန်လျင်မြန်ဖြတ်လတ်စွာ ကူးလူး သွားလာနိုင်သကဲ့သို့ မိုးစွေငှက်သည်လည်း လေထဲတွင် အလွန်ကျင်လျင်စွာ ပျံသန်း နိုင်လေသည်။ သို့ကျင်လျင်စွာ ပျံသန်းနိုင်မှုသည် သဘာဝ ဖန်တီးထားမှုကြောင့်ပင် ဖြစ်ပေသည်။ အချို့ ငှက်များ၌ အတောင်များရှိကြသော်လည်း မိုးစွေငှက်လောက် အပျံမှာ မကျွမ်းကျင်ကြချေ။ အတောင်ပံ၌ရှိသော အမွေးများသည်လည်း များစွာ အထောက်အပံ့ ရစေ၏။ ပေါ့၍ တောင့်တောင့် တင်းတင်း ရှိပြီးလျှင် အလွန်လည်း သန်မာ၏။

မှတ်ချက်

ပါဏဗေဒကို နောင်မှာ ဇီဝဗေဒလို့ခေါ်လာတယ်။ 

လက်မကို လက္မလို့ရေးတာလည်း မမှားပါ။ 

မှတ်သားဖွယ် သတ်ပုံနှင့် ဝေါဟာရများ

တရပ် / တနေ့လုံး 

တခါတခါ

အကြောင်းတရပ်မှာ

ဒေါက်တာတင့်ဆွေ

၂၈-၈-၂၀၁၆

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ