Skip to main content

Posts

သဝေထိုးဒုက္ခ

ကလေးတွေမှာဖြစ်တဲ့ ဗက်တီးရီးယား ဦးနှောက်မြှေးရောင်ရောဂါစာတင်တော့ ရောဂါလို့ရေးတာ သဝေထိုးကျနေတာသိလို့ ပြန်ပြင်ပါတယ်။ ကီးဘုတ်မှာ သဝေထိုးက ဒုက္ခပေးတယ်။ စာရိုက်တားတာမှာ တကွက်ခြားလိုအပ်တာကို ပြန်ပြင်တော့ သဝေထိုးကျပျောက်သွားတယ်။ မနေ့ကလည်း သဝေထိုးတလုံး ကျနေရစ်တာကို ကွန်မင့်ကနေ ထောက်ပြရုံသာမက နောက်မမှားစေနဲ့လို့ ဆုံးမတယ်။ ဇော်ဂျီဖော့င့်သုံးစဉ်က အဲလိုမဟုတ်ပါ။ ကိုယ့်နာမည်ရိုက်တိုင်း သတိထားရတယ်။ အဲဒါနဲ့ တခါတခါ ဒေါက်တာအစား Dr. လို့ရိုက်ရတယ်။ ဘိုရူးလို့ ထင်ကြဦးမှာ။ ဒေါက်တာတင့်ဆွေ

‘မြန်မာ’ ကို ဘယ်လိုအသံထွက်သလဲ

ဆရာရေ မေးစရာလေးရှိလို့ပါ မြန်မာစာကို အသံထွက်တဲ့အခါမှာ မြန်မာစာ လို့ထွက်ရမှာလား မြန်မာဇာ လို့ထွက်ရမှာလား ဘာ့ကြာင့်လဲဆိုတာလေးပြောပြပါဆရာ ‘မြန်မာ’ အသံထွက် ‘မျန်မာ’ ‘မြန်မာနိုင်ငံ’ အသံထွက် ‘မျန်မာနိုင်ဂန်’ ‘မြန်မာပြန်’ အသံထွက် ‘မျန်မာဗျန်’ စာ = စာ စာကလေး = စာဂလေး စာကျက် = စာကျက် စာကျ = စာကျာ့ စာကိုယ် = စာဂို စာလုံးပေါင်း = စာလုံးဘောင်း စာလုံးတွေ ပေါင်ပြီးရေးတော့ အသံနည်းနည်းပြောင်တာလည်း ရှိပါတယ်။ အကိုးအကားတွေ ရှိတယ်။ မရှာအားသေးပါ။ မြန်မာ + စာ = မျန်မာဇာ။ စကားသံဖြစ်ပါတယ်။ မြန်မာစကား = မျန်မာဇဂါး စာစီစာကုံး = စာဇီစာကုံး (ဂုံး) တလုံးနှစ်လုံး စာစီကုံး - တလုံးနှလုံး စာစီကုံး (သီချင်း) တစ်လုံးနှစ်လုံးလို့ရေးထားရင်တော့ တစ်လုံးနှစ်လုံးလို့သာ အသံထွက်ဖတ်ရပါမယ်။ ဒေါက်တာတင့်ဆွေ

Raw Material ကုန်ကြမ်း

ကျွန်တော်က စာရေးဆရာတော့ မဟုတ်။ စာတွေရေးနေတာလည်း ၁၅-၂၀ နှစ်ကြာပြီ။ ရေးထာပြီးသား ပုဒ်ရေကလည်း တသောင်းခွဲလောက်ရှိပြီ။ စာရေးဆရာများနဲ့ ကျွန်တော် အတော်ကွာခြားပါသည်။  စာရေးဆရာတွေက ကုန်ကြမ်းရှာကြတယ်လို့ ပြောပါသည်။  ကျွန်တော့မှာတော့ ကုန်ချောပေါပါသည်။ တကယ်ကို ကုန်ချော။ ရေးပြီးချွတ်ပြီ၊ ပုံနှိပ်စက် တင်ပြီးသားတွေကနေလည်း ရတတ်သည်။ စာအုပ်ဖုံးက စာလုံးပေါင်းတခုကနေ ပို့စ်တခုဖြစ်ပါသည်။  စာရေးဆရာတွေက ကိုယ်တိုင် တွေးတော စဉ်းစား ခံစားပြီး ရေးကြသတဲ့။  ကျွန်တော့မှာတော့ နေမကောင်းသူတွေက မေးသမျှအကုန် ရေးစရာဖြစ်ပါသည်။ လူနာများသည် ကျွန်တော့ ဇာတ်ဆောင်တွေ ဖြစ်ကြပါသည်။ ချစ်-ကြိုက်-ကွဲ-ညား မပါ။ ရသ အစား ဗျာဒိ နဲ့ ဝေဒနာ။ ကျွန်တော်က အဆုတ်ကင်ဆာကဗျာကိုလည်း ကိုးကားပါသည်။ ဖိနပ်မပါဆရာဝန်ကိုလည်း ပမာထားပါသည်။ ဇီဝကကိုလည်း တိုင်တည်ပါသည်။ ဆေးပညာစာများ ၃ အုပ် ထုတ်ထားပြီးပြီ။ ရေးထားပြီးသားက ၅ အုပ်စာလောက်ရှိမည်။ အခုအချိန်မှာတော့ ပြည်တွင်းမှာ ဘယ်သူကမှ စာအုပ်ထုတ်ပေးရဲမှာ မဟုတ်ပါ။ မရဲသူတွေ မှန်ပါသည်။ ဘေးကင်းကြပါစေ။ စာရေးဆရာတွေက ဈာန်ရမှရေးကြသတဲ့။ ကျွန်တော့မှာတော့ မြင်သမျှရေးရသလိုဖြစ်နေသည်။ လူမှုကွန်ရက်မှာ မြင်မိသမျှထဲက...

ကမ္ဘာ့ကဗျာနေ့မှာ မြန်မာ့မြန်မာစာ အရေးအသားများ

‘တစ်’ ဖက်လူ ‘အမဂ္ဂလာ’ ငါသေရင် မြန်မာနိုင်ငံသားပါလို့ ‘ရင်ဘက်’ မှာ ရေးပေးလိုက်ပါ ဘုရား ‘ရှစ်ခိုး’ ပြန်ရောက် ‘ပိ’ မြစ်တ ‘စဉ်း’ မြန်မာ ‘သကြန်’ သီချင်းလေးအက လန့် ‘ပီး’ အဖေနေ့ သားသမီးတို့ရဲ့ ‘အနန္ထ’ ဂိုဏ်းဝင်ကျေးဇူးရှင် အေးချမ်းတဲ ‘တစ်’ နေ့ ‘နိုး’ ဘယ်ဆု ရမည်။ ဒေါက်တာတင့်ဆွေ

စာလုံးပေါင်း နှင့် အသံထွက်

ဆရာရှင့် ဧရာဝတီလင်းပိုင်ကို ဘယ်လို အသံထွက်ရပါမလဲ လပိုင် ခေါ်လိုက် လင်းပိုင်ခေါ်လိုက် အမျိုးမျိုး ကြားနေရလို့ပါ လင်းပါး - လင်းဗျား လင်းပက် - လင်းဗက် လင်းပိုင် - လဗိုင် လင်းပြာ - လင်းဗျာ (နှုတ်သီးဝိုင်း၍ ရေယက်နှင့် အမြီးနှစ်ခွရှိပြီး ရေပေါ်တွင် အသက်ရှူတတ်သော၊ အပူပိုင်းဒေသ ပင်လယ်ကမ်းစပ်တွင် ကျက်စားသည့် ရေသတ္တဝါတမျိုး။ လင်းဖွင့် - လင်းဖွင့် ဒေါက်တာတင့်ဆွေ

နောင်တ စာလုံး ကံကောင်းသေးသည်

'အော်တိုကော်ရက်' ခက်သည်။ ကိုယ်ရေးတာကို မှားအောင်ပြင်ပေးသည်။ ရေးချနဲ့ မောက်ချ ပြောင်းသွားသည်။ 'သဝေထိုး' ဂွကျသည်။ ရေးထားတာကို ကိုယ်တိုင်ပြင်တော့ တကွက်ခြာချင်ရင် သူက ပျောက်သွားသည်။ မူရင်းစာတွေကို ပီဒီအက်ဖ် ဖိုင်နဲ့ တင်ပေးနေသူတွေက ‘ပဌမ’ ကို ‘ပထမ’၊ ‘သမတ’ ကို ‘သမ္မတ’ လို့ ပြောင်းကြသည်။  ‘၎င်း’ ကိုပါ ‘လည်းကောင်း’ လို့ ပြောင်းကြသည်။ ‘၎င်း’ နဲ့ ‘လည်းကောင်း’ မတူတာ သိပုံမရ။ ‘မြန်မာအစ တကောင်းက’ ပြောင်းသွားပြီ။ ‘တပင်ရွှထီး’ နဲ့ ‘တစီးရှင်သီဟသူ’ တို့ဟာ ဘုရင်တွေဖြစ်ပေမဲ့ ကံကုန်တော့ စသတ်ခံရပြီ။ ‘တမာရွက်’ လည်း မျိုချမရဖြစ်သွားပြီ။ ‘မြတ်ဗုဒ္ဓ၏တစ်ရားတော်များ’ အောက်မှာ သာဝကတွေ များလှသည်။ မိုးကုတ်ဆရာတော်ကြီးရဲ့ ပဋိစ္စသမုပ္ပါဒ် ဒေသနာစက်ဝိုင်းထဲက ‘အကျိုးတလွှာ’၊ ‘အကြောင်းတလွှာ’ တွေလည်း စသတ်ပြီး သံသရာမှာ တစ်နေအောင်ပြင်ထားပြီ။ ဖုန်းကီးဘုတ်တွေကနေ တဝမ်းပူတိုင်းကို အလိုလိုစသတ်မပေးသေးလို့ အခုထိတော့ ကံကောင်းသေးသည်။ မကြာမီ လာမည်ထင်သည်။ ‘တနင်္ဂနွေ’၊ ‘တနင်္လာ’ ကံကောင်းသေးသည်။ ‘နောင်တ’ လည်း အခုထိတော့ ကံကောင်းသေးသည်။ မြန်မာစာကို မှားအောင်ပြင်သူတွေ နောက်တရကြပါစေသတည်း။ ဒေါက်တာတင့်ဆွေ

Dysphagia မျိုချရခက်သည့်ရောဂါ

'မိန်းမတစ်ယောက်' နဲ့ 'မိန်းမတယောက်' ဘာကွာသနည်း။ 'ထက်မြက်တဲ့မိန်းမ' ဆိုတာလည်း နေ့တိုင်းတွေ့နေရတာ ကြာပေါ့။ သွားတွေထက်ပေမဲ့ မျိုချရခက်သူတွေကို ခေါ်သလားမပြောတတ်။ ရောဂါဗေဒမှာတော့ Dysphagia လို့ခေါ်တယ်။ လည်ချောင်းရောဂါအထူးကုကို ပြပါလေ။ ဒေါက်တာတင့်ဆွေ