Skip to main content

Posts

စာကိုမှန်အောင်မရေးသူများဘက်ကနေ အခမဲ့ရှေ့နေလိုက်ပေးသူတို့၏ အလွဲများ

ကွန်မင့်တခု = ကြက်ဌခွံတဲ့၊ အိမ်ဌားတဲ့ ထဝမ်းဘဲကို င ဟထိုး အစားထိုးလည်း သုံးလား သုံးရဲ့ အက္ခရာ ဥနဲ့ မကွဲပြားဘဲ သုံးလား သုံးရဲ့။ စိတ်ပျက်စရာပါ ဆရာရယ်။ တချို့က စာမှန်မရေးတာ ကလေးတွေထင်တယ်တဲ့။ ရမ်းရမ်းပြောကြတယ်။ ဘယ်ကလာ အခုမှာရေးတဲ့သူက ဒီဇိုင်းပညာတောင်တတ်တယ်မဟုတ်လား။ ဘိုလိုလည်းတတ်ဦးမှာ။ ကွန်မင့်တခု = "ဦး"ကို "ဉီး"လို့ ရေးနေတာတွေ မြင်ရတာစိတ်ပျက်မိတယ်ဗျာ နာမည်ရ စာရေးဆရာတချို့တွေပါ အွန်လိုင်း‌ပေါ် တက်ရေးနေကြတာတွေ့နေရလို့ပါ။ တကယ်မသိတာလား သိလျက်သားနဲ့ စတိုင်ထုတ်ကြတာလား မသိပါဘူး။ အခမဲ့ရှေ့နေလိုက်ပေးသူတို့၏ အလွဲများ တင်ထားတဲ့စာ = အရမှာဆိုးလို့ပါ မရမှာစိုးလို့ပါ လို့ ရေးရတယ်။ ကွန်မင့်တခု = မ နဲ့ အ က နီးနေတော့ မှားနှိပ်မိတာဖြစ်နိုင်တယ် 'မ' နဲ့ 'အ' ကတော့နီးပါရဲ့ 'စ' နဲ့ 'ဆ' ကတော့ အဝေးကြီး။ အဲလိုဘဲ မှားရေးတာတွေကို ထောက်ပြတဲ့အခါ - - ကီးဘုတ်မှာ လက်ကွက်နီးနေလို့၊ - အလွယ်ရေးတာနေမှာပါ၊ - စာသိပ်မဖတ်ကြဘူးထင်တယ်၊ - ကလေးတွေထင်တယ်၊ - တိုင်းရင်းသားထင်တယ်၊ - ပညာနည်းလို့ထင်တယ် စသဖြင့် အခမဲ့ရှေ့နေလိုက်ပေးသူတွေက များတယ်။ ကျွန်တော်က စာတွေရေးနေတာ ဆယ်စုနှစ်တခုကျော်ပြီ။ ...

တော်လည်းသံ တော်လည်းငလျင်

ငလျင် လှုပ်ရင် မြည်တဲ့အသံ (တော်လဲသံ) ရဲ့ စာလုံးပေါင်းသိချင်တာပါ။ (၁) ၇-၇-၂၀၁၇ နေ့့မေးလို့ တင်ပြထားသေးတယ်။ တော်လဲသံအကြောင်းကိုလည်း သိချင်ပါတယ်ဆရာ။ တော်လည်းသံ = မြေကြီးမြည်ဟည်းသံ။ မြေကြီးတုန်ဟီးသံ။ မြေကြီးအကြောင်းခံ အသံကြီးတခုကို ခေါ်လေ့ရှိတယ်။ ငလျင်တော်လည်းတွဲသုံးတာလည်းရှိတယ်။ ဇာတ်တော်တွေ ပုံပြင်တွေထဲမှာလည်းပါတယ်။ ဘာကြောင့်မည်သံထွက်ပေါ်သလဲ မစူးစမ်းမိရင်၊ မစူးစမ်းတတ်ရင် အံ့သြ ကြောက်လန့်တတ်ကြတယ်။ (၂) တော်လည်း (တော်လဲ) သည် ဟူသည်ကို ပါဠိလို ဒေဝဒုဒြဘိ-ဟု ဆိုသည်။ ဒေဝဒုဒြဘိ-ကို မိုးခြိမ်းသံ၊ မိုးစည်တော်လည်းခြင်း-ဟု အနက်ပေးသည်။ ဒေဝဒုဒြဘိဿရ-တော်လည်းသံ၊ ဒေဝဒုဒြဘီတိ သုက္ခဝလာဟကဂဇ္ဇနံ-မိုးစည်တီးသည် ဟူသည်မှာ မိုးမရွာဘဲ လေအဟုန်ဖြင့် ခြောက်သောတိမ်တိုက်ချင်း ခတ်မိခြင်းကြောင့် မိုးကြိုးသံကဲ့သို့ မြည်ဟည်းခြင်းကို ဆိုသည်ဟု အဋ္ဌကထာတို့၌ ဖွင့်သည်။ ယင်းကို မြန်မာတို့က တော်လည်းသံဟု ဆို၏။ မိုးကြိုးထစ်ခြင်းသာဖြစ်၍ မိုးကြိုးပစ်ခြင်းမဟုတ်ဘဲ ကြောက်မက်ဖွယ် မြည်ဟည်းသံကို ဆိုလိုသည်။ ငလျင်ပြင်းစွာလှုပ်ချိန်တွင် တော်လည်းသံများလည်း ပူးတွဲ၍ ကြားရတတ်သည်ဟု ဆိုသည်။ ထို့ကြောင့် ငလျင်လှုပ်ခြင်း၊ တော်လည်းခြင်းကိုတွဲ၍ ပြောဆိုလေ့...

ဤမြေသူ ဤမြေသား

အကလေးတွေက ဟိုပြေး သည်ခုန်နဲ့ မကြုံသည် လူ့အရေးကိုလ မတွေး မ‌မျှော်နိုင်ဘု ပျော်ပိုင်သည် အရွယ်နုပေမို့ ပျော်မှုသာ သူတို့မြင်။ သူတို့နှယ် ပျော်ချင်စမ်းပါဘိ မျက်ကန်း ပမာသွင်သို့ မမြင်ချင် မျက်လွှာချပါလို့ အကျည်းတန် ဘုံဘဝကို ခဏတာ ဖျောက်ကာမေ့ယင်လ ပျော်မွေ့မည်ထင်။ သို့ကတဲ….. လူထဲမှာ အနေကြာ၍ ဤလူ့ရွာ မြေဆီဖွားပါကလာ့ စိတ်အားကို ကြိုပြင်ဆင်... ဝင်ပါလိမ့် စိတ်ရဲ။ ဘဝလမ်း... အနွမ်းကို တခါဖြေပါ့ တကိုယ်ရေ မဟုတ်ဘဲဟာမို့ ဓမ္မတာ ကြုံရနဲကို လွှဲမျက်နှာ မနေသာဘု မရေရာ ဟိုသည်ငေးရုံနဲ့ လွမ်းစရာ ဘယ်မှာဝေးပါလိမ့် အတွေး ကြည်ကြည်ရွှင်လျက် ဤလူ့ခွင် အနေမြတ်အောင်ပ နေတတ်အောင် နေပါလေတော့ ကလေးတွေ ပျော်ပုံလှသော်လဲ ကိုယ့်အရွယ် ဣန္ဒြေရပါမှ လောက တာဝန်ကျေလိမ့် ဤမြေသူ ဤမြေသားတွေနဲ့ စိတ်အတူ ကိုယ်မခြားယင်လ အားတက်မှာဘဲ။ (တင်မိုး) မြဝတီမဂ္ဂဇင်း ၁၉၆၂ဒီဇင်ဘာလ Listener's Heaven Audiobooks - အသံစာအုပ် ဒေါက်တာတင့်ဆွေ

ပေါက္ကံပြည်၌

ကြားလိုသေးသည်၊ ပေါက္ကံပြည်၌ နေခြည်ရောင်ဖြိုး၊ ယာခရိုးတွင် ရွှေချိုးသံသာ ကူသည်ကို။ နမ်းလိုသေးသည်၊ ပေါက္ကံပြည်၌ စိတ်ကြည်ရာဇ၊ ကုမာရ၏ မွေးဖဂုဏာ၊ တုံ့ပြန်ပါသည် မေတ္တာရနံ့ ကြူသည်ကို။ ဖူးလိုသေးသည်၊ ပေါက္ကံပြည်၌ ရောင်ခြည်ဝင်းပ၊ ကျောင်းကူလှဟု မြန်မာ့ဦးစွန်း လူသည်ကို။ ။ (မင်းသုဝဏ်) သတ်ပုံတွေထောက်ပြရင် ပုဂံခေတ်ကဟာတွေ လာမပြောနဲ့လို့ ဆုံးမတော်မူကြတယ်။ ဒေါက်တာတင့်ဆွေ

ChatGPT နှင့် အမေး-အဖြေ (၁၈) 4/28/2025

“ကျောက်တလုံး” ကွန်မင့်တခု = နောက်ဆိုရင် စာလုံးပေါင်းသတ်ပုံကို AI ကို မေးပြီးသင်ယူရမယ့်အနေအထားထိ ဖြစ်လာလိမ့်မယ်ထင်တယ် ဆရာရေ။ (မှတ်ချက် အဆုံးထိဖတ်ရှုစေလိုပါသည်။ ChatGPT သည် အစတွင် အမှားတွေကိုဖြေပြီး၊ အထောက်အထားအခိုင်အမာတွေနဲ့ ပြန်မေးတော့ စာလုံးပေါင်းသတ်ပုံအမှန်တွေကို လက်ခံသွားပါသည်။) ChatGPT အား မေးမြန်းခြင်း ပန်းတပွင့်' က မှန်သလား။ 'ပန်းတစ်ပွင့်' က မှန်ပါသလား။ 'ကျောက်တလုံးဘုရား' က မှန်သလား။ 'ကျောက်တစ်လုံးဘုရား' က မှန်ပါသလား။ ChatGPT said: မင်္ဂလာပါ။ မေးထားတဲ့ စကားများနှစ်ခုစလုံးမှာ “တ” နဲ့ “တစ်” ဆိုတဲ့ သုံးပုံသုံးနည်းအကြောင်းကို ဆွေးနွေးရမှာဖြစ်ပါတယ်။ ၁။ ပန်းတပွင့် vs. ပန်းတစ်ပွင့် ✅ မှန်သည် – ပန်းတစ်ပွင့် ❌ မမှန်ပါ – ပန်းတပွင့် အကြောင်းပြချက် – “တ” ဟာ “တစ်” ရဲ့ အတိုကောက်ပုံပေမယ့်၊ စံပြသုံးစွဲမှုအရ “တ” ကို တိုတောင်းတဲ့ အသုံးအနှုန်းတွေအတွက်သာ အသုံးပြုကြပါတယ်။ ဥပမာ – တခါ၊ တနေ့၊ တနင်္လာ စသည်ဖြင့်။ ဒါပေမယ့် အရေအတွက် ပြောတဲ့အခါ၊ အထူးသဖြင့် နာမ် နောက်မှာသုံးတဲ့အခါ တစ် ဆိုတာကိုသာသုံးသင့်ပါတယ်။ ✅ ပန်းတစ်ပွင့်၊ စကားတစ်ခုပဲပြောမယ်၊ လူတစ်ယောက် စသည်ဖြင့်။ ၂။ ကျောက်တလုံးဘ...

ချက်ချင်း ချက်ခြင်း ရုတ်တရက်ချက်ချင်း

ချက်ခြင်း မှာ ခြင်း က အမှန်လားဆရာ ချက်ချင်း (မြန်မာအဘိဓာန် အကျဉ်းချုပ် ၁၉၇၈) ချက်ခြင်း (ကဝိဓဇ သတ်ပုံကျမ်း) ရုတ်တရက်ချက်ချင်း (ဦးသာမြတ်) မြန်မာစာမှာ မူကွဲတွေ မူလွဲတွေက များတယ် ဒေါက်တာတင့်ဆွေ

AI နဲ့ အမေး-အဖြေ ၁၇ ကြိမ် ၂၈-၄-၂၀၂၅

1. ChatGPT နှင့် အမေးအဖြေပြုလုပ်ခြင်း ၁၃-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt.html 2. ChatGPT နှင့် ဆက်လက်၍ အမေး အဖြေပြုလုပ်ခြင်း ၁၄-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt_14.html 3. ChatGPT နှင့် ဆက်လက်၍ အမေး အဖြေပြုလုပ်ခြင်း ၁၅-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt_15.html 4. ChatGPT နှင့် ဆက်လက်၍ အမေး အဖြေပြုလုပ်ခြင်း ၁၆-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt_16.html 5. ChatGPT နှင့် ဆက်လက်၍ အမေး အဖြေပြုလုပ်ခြင်း ၁၉-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt_19.html 6. ChatGPT နှင့် ဆက်လက်၍ အမေး အဖြေပြုလုပ်ခြင်း ၂၀-၁-၂၀၂၅ https://burmese-spelling.blogspot.com/2025/01/chatgpt_20.html 7. DeepSeek နှင့် အမေးအဖြေ 1/28/2025 https://burmese-spelling.blogspot.com/2025/01/deepseek-1282025.html 8. ChatGPT DeepSeek တို့နှင့် အမေးအဖြေပြုလုပ်ခြင်း 1/30/2025 https://burmese-spelling.blogspot.com/2025/01/chatgpt-deepseek-1302025.html 9. ChatGPT နှင့် အမေးအဖြေပြုလုပ်ခြင်း ...