တချို့က စာမှန်မရေးတာ ကလေးတွေထင်တယ်တဲ့။ ရမ်းရမ်းပြောကြတယ်။ ဘယ်ကလာ အခုမှာရေးတဲ့သူက ဒီဇိုင်းပညာတောင်တတ်တယ်မဟုတ်လား။ ဘိုလိုလည်းတတ်ဦးမှာ။
ကွန်မင့်တခု = "ဦး"ကို "ဉီး"လို့ ရေးနေတာတွေ မြင်ရတာစိတ်ပျက်မိတယ်ဗျာ နာမည်ရ စာရေးဆရာတချို့တွေပါ အွန်လိုင်းပေါ် တက်ရေးနေကြတာတွေ့နေရလို့ပါ။ တကယ်မသိတာလား သိလျက်သားနဲ့ စတိုင်ထုတ်ကြတာလား မသိပါဘူး။
အခမဲ့ရှေ့နေလိုက်ပေးသူတို့၏ အလွဲများ
တင်ထားတဲ့စာ = အရမှာဆိုးလို့ပါ
မရမှာစိုးလို့ပါ လို့ ရေးရတယ်။
ကွန်မင့်တခု = မ နဲ့ အ က နီးနေတော့ မှားနှိပ်မိတာဖြစ်နိုင်တယ်
'မ' နဲ့ 'အ' ကတော့နီးပါရဲ့
'စ' နဲ့ 'ဆ' ကတော့ အဝေးကြီး။
အဲလိုဘဲ မှားရေးတာတွေကို ထောက်ပြတဲ့အခါ -
- ကီးဘုတ်မှာ လက်ကွက်နီးနေလို့၊
- အလွယ်ရေးတာနေမှာပါ၊
- စာသိပ်မဖတ်ကြဘူးထင်တယ်၊
- ကလေးတွေထင်တယ်၊
- တိုင်းရင်းသားထင်တယ်၊
- ပညာနည်းလို့ထင်တယ် စသဖြင့် အခမဲ့ရှေ့နေလိုက်ပေးသူတွေက များတယ်။
ကျွန်တော်က စာတွေရေးနေတာ ဆယ်စုနှစ်တခုကျော်ပြီ။ ဖြေရတဲ့မေးခွန်းတွေကလည်း သောင်းဂဏန်းရှိပြီ။ မှားရေးသူ တဝက်ကျော်လောက်ရဲ့ အသက်-ကျား-မ-ပညာအရည်အချင်း၊ လူမျိုးစုနဲ့ အလုပ်အကိုင်တွေကိုပါ သိတယ်။
မှားရေးနေသူတွေ အများစုဟာ -
- ကီးဘုတ်အကွက်နီးလို့ မဟုတ်ပါ။
- ၅ ပုံ ၄ ပုံလောက်က ကလေးတွေ မဟုတ်ပါ။
- တိုင်းရင်းသားတွေပါပေမဲ့ အရေအတွက်အရ ရွှေဗမာတွေက အများဆုံး မှားတယ်၊
- တချို့က သက်ဆိုင်ရာနယ်ပယ်တွေမှာ ဆရာကြီး ဆရာမကြီးလုပ်နေကြသူတွေ၊
- တ ကို စသတ်တာ ခက်အောင်ရေးတာ။ မန္တလေး ရေးရင် ၅ ချက်၊ မန်းလေးလို့ရေးတာက ၇ ချက်ရိုက်ရတယ်။
- မှန်အောင်ကို မရေးတတ်ကြလို့ မှားရေးနေကြတာဖြစ်ပါတယ်။
- တဝက်လောက်ကတော့ ပေါ်လစီသတ်ပုံခေတ်ကျမှ သူငယ်တန်းတက်ရသူတွေ။ သတ်ပုံမှန်ကို မသင်ဘူး၊ မဖတ်ဘူးကြသူတွေ။
- ဖတ်သမျှကလည်း မူရင်းကို လွဲအောင်ပြင်ထားတာတွေနဲ့ မှန်အောင်မရေးတဲ့ အွန်လိုင်းစာတွေ။
- မှားနေသူအများစုဟာ မှားအောင်ပြန်ထုတ်တဲ့စာအုပ်တွေကိုသာ ဖတ်ဘူးကြတယ်။
- တဝက်ကျော်ကျော်လောက်က မဟုတ်ကဟုတ်ကရေးမှ လူအထင်ကြီးခံရမယ်လို့ မှတ်ယူနေကြသူတွေ။
- ၁၀ ပုံ ၁ ပုံလောက်ကတော့ မှားလက်စဆက်မှားရေးပြီး သူတို့ရဲ့ ကြီးနေပြီဖြစ်တဲ့အမည်ကို ဆက်ထိန်းထားချင်ကြသူတွေ။ ပုဆိုးပေါက်ကို လှည့်မဝတ်ကြတော့ဘူး။ ရင်ဘတ်ကို ဆွဲမဖုံးကြတော့ဘူး။ ကန်တော့။
Survey လက်တန်း ဆန်းစစ်ချက်
နေမကောင်းလို့မေးကြတဲ့ မေးခွန်းတွေ ထောင်သောင်းဖတ်ရတယ်။ မြန်မာစာအကြောင်းအတွက် ပို့စ်ပေါင်း ထောင်သောင်းလည်း ဖတ်ပါတယ်။
၁။ သူများတွေအထင်ကြီးမလားလို့ အဆန်းလုပ်ရေးသူတွေလည်းရှိတယ်။
၂။ တကယ်ကိုမသိကြ၊ အဟုတ်ကိုမတတ်ကြလို့ မှားရေးကြတာလည်း ရှိတယ်။
၃။ တချို့အမှားတွေကတော့ ဖုန်းကီးဘုတ်နဲ့ ယူနီကုတ်ကြောင့် ဖြစ်ပါတယ်။
၄။ အမှားက ကူးစက်တယ်။
၅။ ပြင်လို့မရတော့သူတွေလည်းရှိတယ်။
၆။ မပြင်ရဲတော့တဲ့သူတွေလည်းရှိတယ်။
၇။ ဈေးဝယ်တဲ့သူတွေ အများစုကလည်း မှန်အောင်ရေးရင် မဝယ်ချင်။
၈။ မှန်အာင်ပြင်ရင် အလုပ်၊ ရာထူးထိခိုက်မှာစိုးရိမ်ရလို့ ဆက်မှားနေကြတယ်။
၉။ ပုံနှိပ်တိုက်တွေမှာ စာအုပ်ဟောင်းတွေ ပြန်ထုတ်ရင် "တ ရီပလေ့စ် အော်လ် တစ်" လုပ်ကြတယ်။ အဲဒါမှလည်း စာအုပ်ရောင်းရတယ်။
၁၀။ အဲလိုစာတွေလောက်သာဖတ်ဘူးသူတွေက အမှန်ထောက်ပြသူတွေကို ဆဲရေးကြတယ်။ အုပ်စုလိုက်။
မြန်မာစာကို အဘယ်ကြောင့် မှားရေး မှားရိုက်နေကြသနည်း
ယူနီကုတ် ပေါ်စက ယူနီကုတ်က မြန်မာစာရေးနည်း စနစ်နဲ့ညီညွတ်တယ် လော်ဘီ လုပ်ကြပါတယ်။
ဟုတ်ပါရဲ့လား။
သူငယ်တန်းမှာ မြန်မာစာလုံး ရွတ်ဆိုရေးသားနည်း သင်ပါတယ်။
မြန်မာစာလုံး ရွတ်ဆိုရေးသားနည်း
ကကြီးရေ က၊ ကကြီးရေးချ ကာ၊ ကကြီးရေးချ ဝစ္စနှစ်လုံးပေါက် ကား၊ က ကာ ကား။
က လုံးကြီးတင် ကိ၊ က လုံးကြီးတင် ဝစ္စနှစ်လုံးပေါက် ကီး။
သဝေထိုး ကရေ ကေ၊ ဝစ္စနှစ်လုံးပေါက် ကေး။
သေးသေးတင်
မ သေးသေးတင် တချာင်းငင် မုံ၊ ဝစ္စနှစ်လုံးပေါက် မုံး။
မ သေးသေးတင် တချာင်းငင် မုံ၊ အောက်ကမြစ် မုံ့။
လ သေးသေးတင် တချာင်းငင် လုံ၊ ဝစ္စနှစ်လုံးပေါက် လုံး။
ယူနီကုတ် နဲ့ စာရိုက်ကြည့်ပါ။ သင်ခန်းစာ အစီအစဉ်နဲ့ လွဲနေတယ်။
သေးသေးတင်ကို အရင်ရိုက်နေရတာ မမှန်ပါ။
ပြုံး လည်း အစီအစဉ် မှားတာဘဲ။
ပ ရရစ် သေးသေးတင် တချောင်းငင် ပြုံ၊ ဝစ္စနှစ်လုံးပေါက် ပြုံး။
သူငယ်တန်းကတည်းက ဆရာဆရာမတွေသင်ပေးထားတဲ့အတိုင်း တသက်လုံးစာရေးပါတယ်။
အဲဒီနည်းအတိုင်း ဖုန်းနဲ့ ကွန်ပြူတာမှာ စာရိုက်ပါတယ်။ ဇော်ဂျီဖေါင့်တုန်းက မှန်ပြီး၊ ယူနီကုတ်မှာ မှားရော။
မှန်တဲ့အစီအစဉ်အတိုင်း ရိုက်ရင် ယူနီကုတ်မှာ မမှန်တော့ပါ။
ကနေ့ခေတ် မြန်မာစာ မမှန်တာက သင်ပုန်းကြီး မကျေလို့။ သင်ပုန်ကြီးကို မှန်အောင် မသင်လို့။
သင်ပုန်းကြီး မကျေ၊ သင်ပုန်ကြီးကို မှန်အောင် မသင်ခဲ့ရသူတွေက ဆရာကြီး ဆရာမကြီးတွေ လုပ်နေကြလို့။
စာကို ဘာ့ကြောင့် မှန်အောင်မရေးကြသနည်းထဲမှာ ထပ်တိုးရတော့တဲ့ အချက်အလက်တခုဖြစ်ပါတယ်။
စာကို ဘာ့ကြောင့် မှန်အောင်မရေးကြသနည်း https://burmese-spelling.blogspot.com/.../blog-post_709.html
မြန်မာစာ အဘယ်ကြောင့် မှားနေကြသနည်း https://burmese-spelling.blogspot.com/.../blog-post_644.html
မြန်မာစာ အဘယ်ကြောင့် မှားနေကြသနည်း ထပ်ဖြည့်စရာတွေ ရှိသေးသည် https://burmese-spelling.blogspot.com/.../blog-post_114.html
One Dozen Fingers လက်ညှိုး တဒါဇင် https://burmese-spelling.blogspot.com/.../one-dozen...
ဒေါက်တာတင့်ဆွေ
.jpeg)
Comments
Post a Comment