Skip to main content

မဟာပညာကျော်လျှောက်ထုံး

ရခိုင်ပြည် မင်းဖလောင်းကြီးလက်ထက် ဓညဝတီမင်းတိုင်ပင်အမတ်ကြီး မဟာပညာကျော်ထင် လျှောက်ချက် စကားရပ်များကို ရာဇဂုရုဘွဲ့တံဆိပ်တော်ရ ကဝိသာရမထေရ် ရာဇဝင်တို့မှာ ထုတ်နုတ်စီရင်အပ်သော မဟာပညာကျော်လျှောက်ထုံး

ဟံသာဝတီတိုက်၊ ၁၃၂၆ ခု (၁၉၆၄ ခု၊ ဒီဇင်ဘာလ)

သူမိုက်တို့စကားကို မယုံအပ်ကြောင်း လျှောက်ထုံး

တရံရောအခါ၌ ပြည့်ရှင်မင်း ရိုးကျွန်းသို့ ဆင်ဖမ်းထွက်တော်မူလေသော် ဆင်တော်နတ်နောင်ကို မင်း - ကိုယ်စီး၍ ဆင်ရိုင်းကို လိုက်ဖမ်းလေမူ -

- ကိုယ်တိုင်၊ ရှေးက ကိုယ်တလုံးတည်း သုံးလေ့ရှိသည်။

မှတ်ချက် - ဓညဝတီအရေးတော်ပုံသည် ရခိုင်ပြည် ဓညဝတီအမည်ရှိသော မြောက်ဦးမြို့တော်တွင် ဒုတိယမြို့တည် ကံရာဇာကြီးမင်း၏ သားမြေးအဆက်အနွယ်ဖြစ်သော၂၈ ဆက်မြောက် သီရိရာဇာမင်း လက်ထက်မှစ၍ ၁၁၄၆ ခုနှစ် သမ္မမင်းလက်ထက် ကုန်းဘောင် ဘိုးတော်ဘုရား၏ သားတော်အိမ်ရှေ့မင်းက သိမ်းပိုက်စည်းရုံသည်အထိ မင်းဆက်အသီးသီး၊ မင်းအသီးသီးလက်ထက်များတွင် ဖြစ်ပျက်သော အရေးပါသည့် ဖြစ်ပျက်ခြင်းရာများကို ရွေးနုတ်စီစဉ်၍ ရေးသားထားခြင်း ဖြစ်လေသည်။

တရံရောအခါ၌၊ ကိုယ်တလုံးတည်း၊ သူတပါး၊ သူတထူး သတ်ပုံတွေကို တင်ပြပါတယ်။ ယခင်က ရခိုင်တို့သည်လည်းကောင်း ဗမာတို့သည်လည်းကောင်း သတ်ပုံမှန်ခဲ့ပါသည်။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ