Skip to main content

ဘေးဝပ်ချ် နှင့် မြန်မာစာသတ်ပုံ

အနှစ်၂၀ကျော် ရေမြုပ်ခံရပြီးမှ တရွာလုံးနီးပါး အထင်းသား ပြန်ပေါ်လာတဲ့ အင်ဒိုင်းရွာဟောင်းလေး မြန်မာနိုင်ငံမှာ ရှိခဲ့တာပါ (သတင်းမှန်သတင်းစုံ)

ဆောင်းပါးခေါင်းစည်း သတ်ပုံမှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ ဆက်ဖတ်တော့ - အနှစ် (၂၀) ကျော်မှ ရေကျလို့ (တစ်)ရွာလုံးနီးပါ ပြန်ပေါ်လာတဲ့ တစ်ထားတယ်။ ၁၉၉၆ ခုနှစ်က သဖန်းဆိပ်ဆည် တည်ဆောက်

ခြင်းကြောင့် ကျွန်းလှမြို့ နှင့်အတူ ပြောင်းရွှေ့ခံ (၇၃) ရွာထဲမှာ အင်ဒိုင်းရွာလည်း (တစ်)ရွာ အပါအ၀င်ဖြစ်ခဲ့ရပါတယ်။ တစ်ထားတယ်။ ဘုန်ကြီးကျောင်း တကျောင်း မှန်တယ်။ ကွန်ဂရက်ကျူလေးရှင်း။ တချို့မှန်၊ တချို့လွဲက အကုန်မမှန်တာထက်တော့ ကောင်းတယ်။ ကိုထက် နေခြည်သစ် (ကျွန်းလှ) ကျေးဇူး။

အဲလိုဘဲ သတ်ပုံမှန်မြန်မာစာ ရေထဲကနေ ပြန်ပေါ်လာရင် သိပ်အံ့သြဘို့ကောင်းမှာ။ ရေနစ်နေတာတော့ နှစ် ၃၀ ကျော်ပြီ။ 

ရေနစ်တဲ့သူတွေ ၃ မိနစ်ကျော်ရင်တော့ စီပီအာနဲ့ မရနိုင်တော့ပါ။ 

ဘေးဝပ်ချ် တီဗွီဆီးရီးမှာ ရေကူးဝတ်စုံနဲ့ မင်းသမီးတွေ ကြည့်ကောင်းသလို နိုင်ငံတော်မူသတ်ပုံကိုလည်း ကြည့်ကောင်းနေကြတာ ကြာပြီ။

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ