ညတည လသာသာ
လမင်းနဲ့ ငါပြိုင်ကာ
အနိုင်လုမယ် မနာလိုမှုနဲ့
ခက်ထန်ခဲ့။
အတ္တ၏အကျဉ်း စိတ်နှောင်သွင်း
နှလုံးသားခါးသီး
အတွင်းကျိတ်လောင်မီး
ပြောင်ပြောင်ညီးခဲ့ပေါ့။
တိမ်ညိုတွေ အတင်းကွယ်ဖုံး
မြူမှုန်တွေ လွှမ်းခြုံဦး
ထမင်းလုံး တစ္ဆေခြောက်
ဖောက်ပြန်လေတဲ့ည တည။
ပန်းကလေး ပွင့်ချိန်တန်
လန်းဆန်းလို့ ဝေဆာရင်း
အလိုမကျချင်။
ငါသာ သင်းထုံမွှေးကြိုင်ခြင်း
အမုန်းဖက်တော့ အရှုံးထွက်မှာပဲ
အရှုံးတွက်တော့ အမုန်းဆက်မှာပဲ
သံသရာမဆုံးတော့တယ်။
ဖြိုင်ဖြိုင်ကျ ဇောငယ်ချွေး
မသတီစရာ အရိုင်းစိတ်မွေး
အလင်းမရ အမှောင်ကျ
ဖုန်းကွယ်လေတဲ့ ငါ့ဘဝ။
မစ္ဆရိယ
အပြစ်ရှိသမျှ အရှက်ရဲ့သင်္ကေတ
မစ္ဆရိယ
ဖွေးဖွေးသာတဲ့လကို
ပက်လက်လှန်တံတွေးထွေး
မစ္ဆရိယ
အချို့ကတော့ နှလုံးသားကြေမွ
မစ္ဆရိယ
ဟယ် မစ္ဆရိယ ။ ။ (တင်မိုး)
စိုင်းထီးဆိုင် https://soundcloud.com/user1181296/jdt3j51nljbu
ဒေါက်တာတင့်ဆွေ
Comments
Post a Comment