Skip to main content

ယာဉ် ယျာဉ် ယဉ် ရင် ယင်

၁။ ကျောက်ဖြူမှ လေယျဉ်စီးလာသော ငါးခြောက်တွေရောက်ပါပြီ

လေယာဉ်လို့ ရေးရတယ်။

၂။ ယဉ် ယာဉ် ယျာဉ် ကိုလည်းခွဲ ခြားပေးပါဦးရှင့်။

၃။ ဥယျာဉ် မဟုတ်ပဲ ဦးရင်ဆိုမှ အမှန်လို့ ဖတ်ဖူးပါတယ်။ ဗောဓိရွှေကျောင်းကဗျာရဲ့ မူရင်း အရေးအသားကိုပြောတာပါ။

ဦးရင်ဆိုတာ လူအမည်။ ဒေါ်ရင်၊ မောင်ရင်မောင် မမယ်မ။

၄။ သပိတ်ကျင်းမြို့နယ် ရင်ထိန်းတပ်ဖွဲ့ ကောင်းမှုဆိုင်းဘုတ်တွေ့တယ်။ ပြင်ပြီး မပြီး မသိပါ။ ရင်ထိန်းတပ်ဖွဲ့ မဟုတ်။ ယာဉ်ထိန်းတပ်ဖွဲ့လို့ ရေးရမယ်။

၅။ အမျက်တော်ရှယင်ကို အမျက်တော်ရှရင်လို့ပဲ သင်ခဲ့ရဖူးပါတယ်။

၆။ ယင်ကို သမီးတို့က ရကောက်လို့ အမှန်ထင်နေတာပါဆရာ။ ဘယ်ဟာအမှန်လဲဆရာ။

၇။ ဆရာအားယင် ရှင်းပြပေးပါ။ လေးစားလျှက်။

အမျက်တော်ရှလျှင်၊ အားလျှင်လို့ ရေးရတယ်။ လေးစားလျက်လို့ ရေးရတယ်။ အားရင်ဆိုတာ စကားပြောအသုံးသာဖြစ်တယ်။ အရင်ကလည်း ယင်လို့ရေးခဲ့တာတွေ ရှိတယ်။

ယာဉ်

ဆင်ယာဉ်

နွားယာဉ်

မြင်းယာဉ်

မော်တော်ယာဉ်

ယာဉ်ထိန်းရဲ

ရထားယာဉ်

လှည်းယာဉ်

လှေယာဉ်

လေယာဉ်ပျံ

ဝေါယာဉ်

ယျာဉ်

ခြံဥယျာဉ်

ပန်းဥယျာဉ်

ဥယျာဉ်

ယင်

ကယုကယင်

တန်းဆာဆင်ယင်

တုန်တုန်ယင်ယင်

တုယင်မှန်ကင်း

ယင်ကောင်

ယင်ချေးဥ

ယင်ပျားကောင်

ယင်ပေါင်ငှက်

ယင်ပေါင်စာငါး

ယင်မမဲရိုင်း

ယင်ရဲ

ယောင်ယင်ငှက်

ရက်ကန်းယင်သွား

ရေယင်မျှော်ရွာ

ယဉ်

ဒက္ခိဏယဉ်

ယဉ်ကျေးသည်၊ ယဉ်ကျေးမှု

ယဉ်စွန်းတန်း

ယဉ်ထွေးဧရာ

ယဉ်ပါး

ယဉ်ပိုက်

ယဉ်မင်းရုပ်

ယဉ်လွန်ဆင်

ယဉ်သွား (ရက်ကန်း)

ယဉ်အောင်ပြုသည်

ယဥ်တကိုယ်မယ်

လက်မယဉ် = လက်ဆော့သူ

လင်းယဉ်တိုင်

အေးယဉ်ကျူး

ဥတ္တရယဉ်

လှည်းယာဉ်/လှည်းယဉ်

ရင်

ကျောင်းရင်ပြင်

ကရင်လူမျိုး

စေတီရင်ပြင်

ထဘီရင်ရှားဝတ်ထားသည်၊

ဘုရားရင်ပြင်တော်၊

ရင်ကမ်းပန်း၊

ရင်ကျပ်ရောဂါ

ရင်ကြားစေ့

ရင်ကွဲစရပ်

ရင်ကွဲမြှုံး

ရင်ခတ်ပင်

ရင်ချင်းဆိုင်

ရင်ချောင်

ရင်ခွင်ပိုက်

ရင်ခုန်သံ၊ ရင်ခုန်သည်

ရင်စည်းပဝါ

ရင်စို့ (နေရာ)

ရင်စေ့အကျႌ

ရင်တွန်း (ငါးဖမ်း)

ရင်တုန်

ရင်ထုမနာ

ရင်ပတ်စည်တီး

ရင်ပြင်တော်

ရင်ပေါင်တန်း

ရင်ဖုံးအကျႌ

ရင်ဘတ်၊ ရင်ဘတ်စည်တီး၊

ရင်သပ်ရှုမော

ရင်သပ်အံ့သြ

ရင်သား

ရင်အုံ

ရင်အုပ်၊ ရင်အုပ်မကွာ

ရှင်ဘုရင်

မမလေးတို့ ပျို့ဦးရင် အဝင်မှာ သာပေတောင်း ဗောဓိရွှေကျောင်း။ (ဗျောညွှန့်၊ ကျေးလက်တေး အမည်မသိ ရှေးစာဆို)

ရင် လျင် လျဉ် လျည် လျင်း လျဉ်း လျှင် လျက် လျှက် ယင် https://dr-tint-swe.blogspot.com/2021/05/blog-post_983.html

ရင် ယင် https://dr-tint-swe.blogspot.com/2021/12/blog-post_772.html

သီလရှင် https://dr-tint-swe.blogspot.com/2021/12/blog-post_171.html

မမလေးတို့ ပျို့ဦးရင် မမလေးတို့ ပျိုဦးရင် https://dr-tint-swe.blogspot.com/2021/09/blog-post_533.html

ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ