Skip to main content

ဒီအရွယ် သမီးသမီးတို့အရွယ်

ဒီအရွယ် တင့်တင့်တို့ အရွယ် ကျမကျမတို့အရွယ် တဆယ်ကျော် ငါးနှစ်ပတ်လည် မစူးမစမ်းတဲ့ အရွယ် ရူးနှံ့နှံ့ အရွယ်ပါတဲ့ အပျို မဒန်းဆိုလား အပျိုဖြန်းဆိုလား ဆန်းဆန်းပြားပြား ခေါ်ကြပြန်တယ်။

တချို့ကလေ ကြီးကောင်ပေါက်စ အရွယ် မြီးကောင်ပေါက်မ အရွယ်တဲ့ အဓိပ္ပာယ် ဘယ်လိုရှိရှိ တိတိကျကျ မသိရိုး မှန်ပါတကယ် တင့်တင့်သဘော ပွင့်ပွင့်ပြောမယ် ဟောဒီအရွယ်တွင်းမှာတော့ အိပ်ချင်ရင်အိပ် ထချင်မှထ စိတ်တိုင်းကျ နေရရင် ပျော်တယ် ပျော် ပျော် ပျော် ပျော်တယ်။

လုပ်ချင်တာလုပ် စားချင်တာစား သွားချင်ရာသွား အားအားရှိတော့ အလှပြင်မယ် လှသထက် လှအောင်ခြယ် တဆိတ် ပြောမယ် စိတ်သဘောရယ် နုနယ် ငယ်ရွယ် သေးသမို့ ပြေးလိုက် လွှားလိုက် ခုန်ပေါက် နေချင်တယ် လှောင်လိုက် ပြောင်လိုက် သရော်လိုက် အပျော်ကြိုက်ကာ အသွယ်သွယ် ဆော့ကစားမယ်။   ။

အခုတော့ ကျမ ပျောက်သွားပြီ။ ဒီအရွယ် သမီးသမီးတို့အရွယ်။ မေးတာတွေထဲမှာ သမီး သမီး သမီး။ ရေးတဲ့သူလား သူ့သမီးလး မသိ။ ဒီအရွယ် သမီးသမီးတို့အရွယ် သီချင်း ရေးကြစေချင်တယ်။

သီချင်းစာသားပါတဲ့လင့်တွေမှာ တပုဒ်တလေမှ သတ်ပုံမှန်တာ မတွေ့သေးပါ။ အသက် ၄၀-၅၀ အရွယ် အထီးအမတွေက မူရင်းစာသားထဲက တ တွေကို စသတ်ထားကြတယ်။ သားအသုံး၊ သမီးအသုံးနဲ့ တစ်အသုံးက အမြွှာတွေ။

တင့်တင့်တို့အရွယ် https://www.youtube.com/watch?v=g-IwKXJ6GGI

ဒေါက်တာတင့်ဆွေ

၃၁-၈-၂၀၂၀

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ