ပန်းပွင့်ရှိမှ
ရနံ့ရတာမဟုတ်ဘူး
ဖူးသည့်တငုံ ထုံသည့်တပွင့်
နမ်းခွင့်တရှိုက်ရခိုက်မှာ
ထာဝရအမြဲတည်
နှလုံးသားမှာ စွဲမြဲစွာထုံယစ်
ဆွတ်ပျံ့နေ ချစ်သူသိလေ
တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တခါ မြင်ခွင့်တလှည့်
မင်းမရှိလည်း စွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့လို့နေချစ်သူသိလေ
ဘယ်လောက်ဝေးဝေး
ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်
အိပ်မက်မှာအစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ
ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ်
အိပ်မက်မှာရှိ
ဖွင့်ဟပြောမှ
ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့ စိမ့်စမ်းရေ
ကျေးငှက်တို့တီးတိုးသံ
ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူ သိလေ
တွေ့ခွင့်ရမှ မင်းမျက်နှာလဝန်း
ကြည့်ခွင့်တခါ မြင်ခွင့်တလှည့်
မင်းမရှိလည်းစွဲမြဲစွာ
ဘယ်လောက်ဝေးနေ
မော့ကြည့်ရင် မိုးကောင်းကင်လိုရှိ
တွေ့လို့နေချစ်သူသိလေ
ဘယ်လောက်ဝေးဝေး
ဘယ်မှာဖြစ်ဖြစ်
တွယ်နှောင်ရစ်ငင်
အိပ်မက်မှာအစဉ်အမြဲရှိ
နေရာချင်းလွဲလွဲ
ဒေသချင်းကွဲကွဲ
မြင်ယောင်စိတ်အစဉ်
အိပ်မက်မှာရှိ
ဖွင့်ဟပြောမှ
ကြားတတ်တာမဟုတ်ဘူး
စီးဆင်းတဲ့ စိမ့်စမ်းရေ
ကျေးငှက်တို့တီးတိုးသံ
ချိုစွာကြားရင်
မင်းစကားသံ စွဲမြဲစွာကျန်ရစ်
ကြားလို့နေ ချစ်သူ သိလေ။ ။
https://www.facebook.com/watch?v=478465203831992
သီချင်းနောက်ခံစာသား မပါလို့ သတ်ပုံအမှားမပါ။ ကောင်းတယ်။
ဒေါက်တာတင့်ဆွေ
Comments
Post a Comment