Skip to main content

ပြီးပါပြီ (၂)

၁။ ကီမိုဆေး ၃ ကြိမ်သွင်းပီးပါပီး (ပြီးပါပြီ)
၂။ ဆရာ ကျတော့ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်ပါပီ(ပါပြီ) ပီး(ပြီး)တော့ ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ vitamin ဆေး သို့မဟုတ် အားဆေး တခုခုတိုက်ချင်ရင် ဘာဆေး တိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပာပီ(ပါပြီ)
ရရစ်မပါတာ ၆ လုံးတိတိ။ ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး။
၃။ Share ပါပီ ဆရာ
ပါပြီလို့ရေးရ။ ပါပီ = ခွေးကလေး
၄။ ဟုတ် ကျေးဇူးပါ ဆရာ ဖတ် ပီးပါပီ
ပြီးပါပြီ လို့ ရေးရပါတယ်။ ပါပီဆိုရင် တမျိုးဖြစ်သွားပြီ။
၅။ ဆရာအသက် ၂၄ပါ မိန်းကလေးပါ အဖြူတေ(တွေ)တအားဆင်းp(ပြီး) ယားpး(ပြီး) ယောင်(ရောင်)နေလို့ပါ အပျိုပါ ကျေးဇူးပြုပီး(ပြီး) ပြောပြပေးပါရှင်
၆။ မင်္ဂလာပါဆရာ ကျမအသက်က ၂၂ပါ ရာသီကျော်တာ ၂ပတ်ရှိပါပီပါပြီ။ ဆီးစစ်ကျိတာ(ကြည့်တာ) တစ်ကြောင်း (တကြောင်း )ပဲပေါ်ပါတယ် ရာသီမပေါ်ပဲ အဖြူတေ(တွေ)ပဲဆင်းနေပါတယ်ဆရာ  ကိုယ်ဝန်ရှိလို့လား ဘာလုပ်ရမလဲသိချင်လို့ပါ။
ရာသီတပတ်နောက်ကျချိန်ထက်မစောပဲ ဆီးစစ်တာ မပေါ်သူမှာ ကိုယ်ဝန်မရှိ။ လိင်ကတဆင့် ကူးစက်ရောဂါလည်း စဉ်းစားရ။
၇။ ကျေးဇူးပါဆရာ ကိုယ်ဝန်ရှိမရှိနဲ့ ဘာရောဂါဖစ် (ဖြစ်) လဲ နီးစပ်ရာဆေးခန်းတေ(တွေ)မှာပြလို့ရလား ဆရာ ဒီပြင့်ရောဂါတေ(တွေ)ကြောင့်ရော ရာသီနောက်ကျတက်(နောက်ကျတတ်)ပါလားဆရာ
၈။ ၂၅နစ်(နှစ်)ပါ အိမ်ထောင်ရှိပါတယ် ဆရာ ကျမ ကလေးပျက်ကျထားလို့ သားအိမ်ထဲပစ္စည်းထည့်ထား ပါတယ်ဆရာ 2နစ်(၂ နှစ်)ကျော် ပါပီ(ပါပြီ) ထည့်ထားတာ ရာသီကပုံမှန်လာပါတယ် ဒီလမှာ ၂ဝရက်ကျော်မှ ထပ်လာပီး(ပြီး) သွေးညစ်ညစ်တွေဆင်းလို့ပါ
ဘာကြောင့်လဲ မသိသေး။ ပါပီဆိုတာ ခွေးကလေး။
၉။ 2နစ်(၂ နှစ်)ကျော် ပါပီ(ပါပြီ)ထည့်ထားတာ ပစ္စည်းပါဆရာ သားအိမ်ထဲထည့် ထားတာပြောတာပါ
သိတော့ သိတယ်။ သတ်ပုံမှားတော့ ခွေးကလေးလား စဉ်းစားရသေးတယ်။ ခွေးကိုက်မေးခွန်းတွေလည်း များတယ်။ ပါပြီကို ပါပီလို့ရေး မေးသူ တနေ့ ၁၀ ယောက်လောက်ရှိတယ်။ တကယ့်ကို ကူးစက်ရောဂါ။ ကာကွယ်ဆေးမရှိပါ။
၁၀။ ကျတော့်ကလေးက ၉လ ရှိပါပီ(ပါပြီ) ဝမ်းသွားတာ ၅ရက်ရှိပါပီ(ပါပြီ) အန်လည်း အန်ပါတယ် အန်တာတော့ ပြောက်(ပျောက်)ပါပီ(ပါပြီ) ပီးတော့(ပြီးတော့) ကလေးက နို့လည်း သိပ်မသောက်ဘူး ပိန်လာပီး(ပြီး) ကလေးတွက် ဝမ်းသွားနေချိန်မှာ အားဆေး တခုခုတိုက်ချင်ရင် ဘာဆေးတိုက်ရမလဲဆရာ ကလေးက နို့သောက်တာလည်း အရမ်းနည်းသွားတယ် ပိန်လည်းပိန်နေပါပီ(ပါပြီ)
ပီ
ခွေးကလေးပါပီ
စကားပီပီ (စကားပြီပြီ)
ပီနံသီး
ပီပီပြင်ပြင်
ပီလာ = ဧကန်မုချ
ပီလားကောင်
ပီလာကြိုး
ပီလောပင်
ပီလောပီနံပင်
ပီသ
ပီအောင်ဆို
မိန်းမပီပီ
ယောက်ျားပီပီ
ရဟန်းပီပီ
ပြီ
ကောင်းပြီ
ချစ်မိနေပြီ
ချမ်းသာပြီ
စကားပြီ
စားပြီးပြီ
တန်ပြီ
တော်ပြီ
ပြန်လာပြီ
ပြီးပါပြီ
ပြီတီတီ
ပြီပြီသသ
များလေပြီ
မွဲပြီ
မှန်ပြီ
လာပါပြီ
သွားလေပြီ
သေပြီ
ဟုတ်လှပြီ
အချိန်သင့်ပြီ
အဆင်သင့်ဖြစ်ပြီ
ပြီး
ပြီးကပစ်လုပ်သည်၊
ပြီးခိုင် = ပြည့်စုံသည်
ပြီးငြိမ်း
ပြီးစလွယ်လုပ်သည်၊
ပြီးစီးသွားပြီ၊
ပြီးဆုံးသည်၊
ပြီးပြည့်စုံ၊
ပြီးပြတ်
ပြီးမြောက်
ပြီးမြောက်အောင်လုပ်သည်။
ပြီးအောင်လုပ်
သို့တပြီးကား
သီချင်းကို ပီပီသသသီဆိုလို့ ပြီးပါပြီ။
အပြီးတိုင်အောင်
ဒေါက်တာတင့်ဆွေ

Comments

Popular posts from this blog

ဒါပေမဲ့

  ဒါပေမဲ့ ဒါပေမယ့် ဘယ်ဟာကအမှန်လဲဆရာ - စာဖတ်ကြဖို့ လိုတယ်။ ဒါပေမဲ့ ဘယ်လိုစာအုပ်တွေကို ဘယ်လိုဖတ်ကြမလဲ။ (စာဖတ်တဲ့ အလေ့အထ - လူထုဦးလှ) - တမာရွက် နုချိန်မှာ ဆီးချဉ်သီးကလည်း ပေါ်တယ်။ တမာရွက်က ခါးတော့ အခါးကို အချဉ် ကလေးနဲ့ သတ်ပေးမှ အခါး သက်သာတယ် ဟုတ်လား။ အဲဒါ တခြား အချဉ်နဲ့သတ်ရင် ရတော့ ရတယ်။ ဒါပေမဲ့ ဇီးဆီးသီး ချဉ်ကလေးက ဆီးနံ့လေး မွှေးတယ်လေ။ (အညာနဲ့တမာ လူထုဒေါ်အမာ) - သူက မကစားတာ အနှစ် နှစ်ဆယ် ကျော်ပြီတဲ့၊ ပန်းချီဆရာတဲ့၊ မြနန္ဒာ နာမည်ကြီးလွန်းလို့၊ မြင်ဖူးကြည့်ဖူးချင်လို့ ဖဲဝိုင်းကို လိုက်လာတာဆိုပဲ။ အဖြစ်သည်းလိုက်တာ။ ယောက်ျားများ သည်လိုပဲ။ ဒါပေမဲ့ မြနန္ဒာမှာ သူတကာထက် ဘာများ သာတာရှိလို့လဲကွယ်။ (မောင် ကိုကို နှင့် မြနန္ဒာ၊ ကြည်အေး)) - ဆရာအောင်သင်းရေးတဲ့ မူရင်းစာမှာ ဒါပင်မဲ့ ဟုတ် မဟုတ် မသိပါ။ ဒါပေမဲ့လို့သာ ရေးလေ့ရှိပါတယ်။ ဒါပေမယ့်လို့လည်း ရေးတာရှိပါတယ်။ ခိုင်နှင့် ကျွန်တော် ဘဝမှာမူ နှစ်လွှာပေါင်းမှ တရွက်ဖြစ်ရသည့် စွယ်တော်ရွက်ပမာသာ ဖြစ်ခဲ့ရသည်။ တလွှာကြွေခဲ့လေပြီမင့် တရွက်မမည်လေတော့သော အထီးကျန် ဤဘဝဝယ် (တက္ကသိုလ်ဘုန်းနိုင်) ဒါပေမဲ့ မဲ့ မယ့် https://burmese-spelling.blogspot.com/2024/09/blog-post_6...

အနုပညာအမည် ကလောင်အမည် နှမြော

အနုပညာအမည် ကလောင်အမည် နှမြော မေးခွန်းတခု = အန်တီ မွေးစားစကားလုံးက ဒီလိုရေးလို့ရပါသလားဗျဆရာ ပြန်စာ ( ၁) အန်တီ အင်္ဂလိပ်စာလုံးကနေ ရယူထားတယ်။ အတော်အသားကျနေပြီ Auntie အန်တီ (ဗြိတိသျှ) Aunt အန့် (အမေရိကန်) Aunty မမှန်ပါ။ အဲလိုယူသုံးတဲ့စကားလုံးတွေ အများကြီးရှိတယ်။ ဥပမာ ကား၊ ဒေါက်တာ စသည်။ ' မတ်' လ ကို 'မတ်ချ်' လ လို့ မပြင်သင့်ပါ။ ( ၂) နှမြော = ကပ်စေးနှဲသည်။ တွန့်တိုသည်။ ငမိုက်လူကား၊ အလှူကောင်းမှု၊ မပြုခင်လှည့်၊ စိုးရိမ်ပြည့်လျက်၊ ကိုယ်၏သဘော၊ လွန်နှမြောသည်။ (၃ ) ဒေါ်ခင်သန်းနု အနုပညာအမည်၊ ကလောင်အမည်တွေမှာ မ၊ မောင်၊ ကို၊ ဦး၊ ဒေါက်တာ စတာတွေ အပိုမထည့်ရ၊ မူရင်းအမည်ပါ မ၊ မောင်၊ ကို၊ ဦး စတာတွေကို လိုသလို မပြင်ရပါ။ ဒေါက်တာတင့်ဆွေ

ဓါး

သူကြီးတဦး ကြိုးဆွဲချ တရွာတည်း အလောင်းတလောင်း တဝိုင်းတည်း ဘမ်းဆီး အခုခေတ်မှာ အဲဒီစာလုံးတွေကို မှန်အောင်ရေးတတ်သူ ရှားပါသည်။ ဓား သာမဟုတ်ပါ ဓါးလည်းမှန်ပါသည်။ ဒါးလည်းမှန်ပါသည်။ အရင်က ထားလို့လည်း ရေးခဲ့သည်။ သူကြီးတဦး ကွယ်လွန်ရရှာပြီ။ ကြိုးဆွဲချကို ဆွဲကြိုးလို့ မှားရေးနေကြသည်။ ဘမ်းဆီး ကို ဖမ်းဆီးလို့သာ ရေးလာကြတာ မှန်ပါတယ်။ ပုံအတွက် ကျေးဇူး။ ဒေါက်တာတင့်ဆွေ