ပခုက္ကူခရိုင်၊ မြိုင်မြို့နယ်၊ ကျည်းကန်ရွာဇာတိဖြစ်တဲ့ ကျည်းကန်ရှင်ကြီးဟာ အလွန်နာမည်ကြီးတဲ့ စာတတ်ပုဂ္ဂိုလ်တဦး ဖြစ်တယ်။ ၁၁၁၉ မှာမွေးဖွားပြီး၊ ကိုရင်ကြီးဘဝမှာစာတွေရေးသားပြုစုလို့ အဲလိုနာမည်တွင်ရစ်တယ်။ မုံရွေးအမေး ကျည်းကန်အဖြေဆိုပြီး ထင်ရှားကျန်ရစ်တယ်။
ရွှေနန်းသိမ်းအံ့ စားတော်ခွံ့ နူးညံ့ဆုပ်ပေါင်း မည်မျှနည်း။ ရတနာသုံးပါးကိုရည်၍ သုံးဆုပ်၊ မိခင်ဘခင် အဘိုးအဘေးတို့ကို ရည်၍ လေးဆုပ်၊ ကိုယ်စောင့်နတ်တကျိပ်ကိုရည်၍ ဆယ်ဆုပ်အားဖြင့် တဆဲ့ခုနစ်ဆုပ် စားရာသည်။ (အဘိသေကကျမ်း)
နောက်ပေါ်မြန်မာစာဆရာတွေ၊ စာရေးဆရာတွေ၊ ကဗျာဆရာတွေက တ ကို တစ်လုပ်တဲ့နေရာမှာ ကျည်းကန်ရှင်ထက် သာလွန်ကြတယ်။
ဒေါက်တာတင့်ဆွေ
၃၁-၈-၂၀၁၉

Comments
Post a Comment