မြန်မာ့ဆိုရှယ်လစ်ခေတ် ရန်ကုန်မြို့ ဂျာမန်သံရုံး၊ သတင်းနှင့်ပြန်ကြားရေးဌာနက ထုတ်ဝေတဲ့ ဂျာမန်ရှုဖွယ် စာစောင်
အဲဒီစာစောင်က ၁၉၇၈ ခုနှစ်၊ မတ်လဖြစ်လို့ ကျွန်တော်က ဆရာဝန်ဖြစ်ပြီ။ အထက်တန်းကျောင်းသားဘဝမှာ နိုင်ငံခြား သံရုံးတွေက အခမဲ့ပေးသမျှ စာအုပ်စာစောင်တွေကို မှာယူဖတ်ခဲ့တယ်။ အများကြီးပဲ။ စစ်အေးခေတ်ဖြစ်တယ်။ ကျွန်တော်က ဘက်မလိုက်အစစ် အရှေ့အုပ်စုကရော အနောက်အုပ်စုကပါ မှာတယ်။ ဖတ်တယ်။
စာစောင်မှာ ဝီလီဘရန်းသတင်းပါတယ်။ Willy Brandt က အနောက်ဂျာမဏီ နိုင်ငံခြားရေးဝန်ကြီး။ နာမည်ကြီးပါတယ်။ ဂျာမဏီက GDR အရှေ့နဲ့ FRG အနောက် ကွဲနေတာ။
အထက်တန်းကျောင်းသားဘဝမှာ ကျွန်တော့်နိုင်ငံရေးရေချိန်ကတော့ အရှေ့အုပ်စုကစာအုပ်တွေ စာရွက်သားညံ့ပြီး အနောက်အုပ်စုက စာရွက်တွေချောတယ်။
မြန်မာစာသတ်ပုံကိုတော့ မှန်တဲ့ဘက်လိုက်တယ်။ တစိတ်တပိုင်းဖြစ်၏။
ဒေါက်တာတင့်ဆွေ
၂-၉-၂၀၁၉
Than Win ကျေးဇူး။
Comments
Post a Comment