"စိတ္တဇညများ"
"အိပ်မပျော်သောညများ"
တေးရေး/ဆို-စန္ဒရားလှထွဋ်
အိပ်၍မပျော်သော ညတညသံသရာလည်
လေသာပြတင်းနံဘေး၀ယ် ဖွေရှာငေးမော ကြည့်နေစဉ်မယ်
တိမ် တိမ်လွှာတွေလည်း မည်းမည်းမှောင်ရီခြယ်
အစွဲများကခြောက်လှန့်နေသည်နှယ်
အိပ်မပျော်သော ညတညရဲ့ညဥ့်လည်သံသရာ၀ယ် …
အိပ်၍မပျော်သော ညတညသံသရာလည်
လေသာပြတင်းနံဘေး၀ယ်
ဖွေရှာငေးမောကြည့်နေစဉ်မယ်
တိမ် တိမ်လွှာတွေလည်း မည်းမည်းမှောင်ရီခြယ်
အစွဲများကခြောက်လှန့်နေသည်နှယ်းး
အသည်းများကထိတ်ထိတ်ပါတယ်ကွယ် …
အိပ်မပျော်သော ညတညရဲ့ညဥ့်လည်သံသရာ၀ယ် …
အိပ်မပျော်လေတိုင်း …
ရှေးဖြစ်နောက်ကြောင်းများရယ် တွေးတော မိတယ် …
သူ့အတွက်ဝေဒနာ အဖြေလည်းရှာရန်မလွယ်
ပြန်လည်ကာ ဆန်းစစ်ကြစမြဲကွယ်
စိတ်မသက်သာဖွယ် …
ဪ နှိပ်စက်ကြပြီမို့လည်းကွယ်
ဒီလိုညများမတွေ့ပါရစေနဲ့တကယ်
စေတနာတွေကြွယ်
ချစ်တယ်သို့သော်ငြားလည်း
အတိတ်ရယ်အကျဉ်းသား …
ယွင်းမှားလို့
ကိုယ့်အားနှိပ်စက်နေသည်မို့ကွယ် …
ရွှေအားငယ်ငယ်
မှောင်နဲ့မည်းမည်း …
ဘာမှ မသဲ ကွဲသော
ညတညရဲ့ ဝိုးတဝါး
ညဥ့်လည်အိမ်မက်ဆိုး များသာ …
ဖြစ်ပါစေကွယ် …
စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်
စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်
ဪ စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် …
စိတ္တဇညများ
ကုန်ဆုံးလွန်မြောက်ပါစေကွယ်
အိပ်မပျော်လေတိုင်း …
ရှေးဖြစ်နောက်ကြောင်းများရယ်
တွေးတောမိတယ် …
သူ့အတွက်ဝေဒနာ
အဖြေလည်းရှာရန်မလွယ်
ပြန်လည်ကာ ဆန်းစစ်ကြစမြဲကွယ်
စိတ်မသက်သာဖွယ် …
သြော်နှိပ်စက်ကြပြီမို့လည်းကွယ်
ဒီလိုညများမတွေ့ပါရစေနဲ့တကယ်
စေတနာတွေကြွယ်
ချစ်တယ်သို့သော်ငြားလည်းကွယ်
အတိတ်ရယ်အကျဉ်းသား …
ယွင်းမှားလို့
ကိုယ့်အားနှိပ်စက်နေသည်မို့ကွယ် …
ရွှေအားငယ်ငယ် …
စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် …
စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ်
စိတ္တဇညများ ကုန်ဆုံးလွန်မြောက်ပါစေကွယ် …
စိတ္တဇညများ ကုန်ဆုံး လွန်မြောက်ပါစေကွယ်။ ။
ဒေါက်တာတင့်ဆွေ


Comments
Post a Comment